ကြောင်အကြောင်းလေ့လာမိသလောက်

in #myanmar6 years ago

ကြောင်အကြောင်းလေ့လာမိသလောက်ကတော့ ကြောင်တွေဟာ
image
photo credit
ညှောင်လို့အော်တာဟာ လူတွေကိုစကားပြောတာသာဖြစ်ပါတယ်။ကြောင်အချင်းချင်းကြစကားပြောတဲ့အခါမှာ ညောင်လို့ပြောမှာမဟုတ်ပါဘူး။မွေးကင်းစကြောင်လေးတွေအော်တာကြတော့ အစာတောင်းတာပါတဲ့။လူတွေကအစားကျွေးလို့မရတဲ့အခါကြောင်မကြီးကသူ့မပြောတာသိပေမယ့် ခလေးတွေဗိုက်ဆာနေတာကိုသိလို့မိခင်စိတ်နဲ့တိုက်တာဖြစ်ပါတယ်ဗျာ။ကြောင်ပေါက်စကြီးလာတဲ့အခါမှာတော့ သူညောင်နေလဲမိခင်ကမသွားတော့ပါဘူး။သခင်ကိုများများချစ်တဲ့ကြောင်တွေဟာ ပိုပြီးတော့ညောင် ညောင်နဲ့ အော်လေ့ရှိပါတယ်။မယုံလျှင် စောင့်ကြည့်နိုင်ပါတယ်ဗျာ။
image
photo credit
ကြောင်တွေမစင်စွန့်ရင် ပြန်ဖုံးတာက ကြောင်တွေဟာ သူတို့ကို နောက်ကနေအနံ့ခံမလိုက်နိုင်အောင် ပြန်ဖုံးပေးကြတာပါ။ဘာလို့လဲဆိုရင် အနံ့ရပြီးတော့ဒီနားမှာသူရှိနေတယ်ဆိုလျှင် သူအမဲလိုက်မယ့် ဘယ်သားကောင်မှ ဒီအနားကိုမလာတော့တာကြောင့်ဖြစ်ပါတယ်ဗျာ။အကျင့်ကောင်းတဲ့လိမ်မာတဲ့ကြောင်တွေဟာ အိမ်ရှင်ကမိမိအတွက်အလုပ်မရှုပ်အောင်ရယ် မိမိအနံ့ကြောင့် မိမိအား တခြားဆီကိုပေးလိုက်မှာရယ်ကိုမလိုလားတာကြောင့်လည်းပါဝင်ပါတယ်ဗျာ။
image
photo credit
ကြောင်ရဲ့အမွှေး တအားကျွတ်တာ ကတော့ ကြောင်တွေအမွှေးဟာ နုနုလေးတွေဖြစ်ပြီးတော့ အမြစ်သိပ်မသန်တာကြောင့်ဖြစ်ပါတယ်။ကြောင်ရဲ့အမွှေးလူကိုယ်ခန္ဓာထဲရောက်ခဲ့မယ်ဆိုရင် ပန်းနာရင်ကြပ်ရောဂါဖြစ်ဖို့က်ု 80% အားပေးပါတယ်။ထူးခြားတာက ကြောင်တွေဟာ အမွှေးကျွတ်လေ များများပြန်ထွက်လေဖြစ်ပါတယ်။သူတို့ရဲ့အမွှေးတွေကို သတ္တဝါချင်းရန်မူတဲ့အခါ တစ်ခုခုကိုကြောက်တဲ့အခါတွေမှာ အမွှေးတွေအကုန်ထောင်ပြီးတော့တစ်ဖက်သတ္တဝါကို မိမိရဲ့ခန္ဓာကိုယ်ဟာအရမ်းကြီးထွားနေတဲ့အကောင်ကြီးလို ဟန်ဆောင်ပြီးတော့ပြသလေ့ရှိပါတယ်။
image
photo credit
ကြောင်နှုတ်ခမ်းမွှေး တွေဟာ ကြောင်အတွက်အသက်လောက်အရေးကြီးတဲအြစိတ်အပိုင်းဖြစ်နေလို့ ကြောင်ချစ်သူတွေမညှပ်ကြဖို့ တိုက်တွန်းပါတယ်ဗျာ။ဘာလို့လဲဆိုရင်တော့ ကြောင်ရဲ့မျက်စိဟာ တစ်ပေအတွင်းမှာရှိတဲ့အရာကို သေသေချာချာမမြင်ရပါဘူး။နှုတ်ခမ်းမွှေးကိုအားကိုးပြီးတော့အာရုံခံရတာဖြစ်ပါတယ်။ဒါကြောင့်သင်တို့ကမုန့်၊စားစရာတစ်ခုခုကျွေးတဲ့အခါမှာ မြင်တာပဲစားပြီးတော့မမြင်တာတွေကျန်ခဲ့တာကိုကြုံဖူးပါလိမ့်မယ်။ပိုသေးလေပိုမမြင်ရလေပိုကျန်ခဲ့လေဖြစ်နေပါလိမ့်မယ်။နှုတ်ခမ်းမွှေးအညှပ်ခံထားရတဲ့ကြောင်ကပိုကျန်ပါတယ်။မယုံလျှင်မုန့်သေးသေးလေးတွေချကျွေးကြည့်ပါ။ကျန်ခဲ့လို့ရှိရင်လည်း ကြောင်ရဲ့သဘာဝကိုနားလည်ပေးပြီးတော့ပိုချစ်နိုင်ကြပါစေဗျာ။
image
photo credit
ကြောင်ရဲ့အမြီး ဟာဆိုရင် ကြောင်အချင်းချင်းအချက်ပြတဲ့အခါမှာ ကိုယ်အမူအယာရောအမြီးကိုပါသုံးကြပြီးဆက်သွယ်ကြပါတယ်။အမြီးထောင်နေတာကခင်မင်တာဖြစ်ပါတယ်။သင်တို့ထမင်းစားနေတဲ့အခါမှာ ကြောင်တွေအမြီးထောင်ပြီးတော့ပွတ်သပ်နေတာက သင့်ကိုအရမ်းခင်တယ် အရမ်းချစ်တယ်ငါ့ကိုအစာလေးကျွေးပါလို့ပြောနေတာဖြစ်ပါတယ်။အမြီးကိုခုံးထားရင် ကွေးထားရင် ရန်လုပ်တော့မှာဖြစ်ပြီးတော့။ခပ်ကြမ်းကြမ်းအမြီးကိုရိုက်နေတာက ဒေါသထွက်နေတာဖြစ်ပါတယ်။ဒီလောက်ပါပဲဗျာ။စာဖတ်သူ အားလုံးကိုကျေးဇူးတင်ပါတယ်။
image
photo credit
ချစ်လှစွာဖြင့်
@zarmanizawlinn
msc 210
naypyitaw
12/5/2018
11:00 pm

Sort:  

ကြောင်​ အ​ကြောင်း​လေးဖတ်​မိ​တော့ တ​လောက ​အိမ်​က ​ကြောင်​​လေးတစ်​​ကောင်​ ​သေ သွားတာ​လေး သတိရမိသွားတယ်​ အစ်​ကို​ရေ .. ​ကြောင်​နဲ့ ​ခွေးနဲ့ ဘာလို့ မတည့်​လဲဟင်​ ..

ကြားဖူးတာတော့ရေစက်ရှိတဲ့ကြောင်နဲ့ခွေးပဲတည့်တယ်လို့ပြောတယ်ဗျ။တစ်ခုရှိတာက ခွေးကတအားလှုပ်ရှားနေတဲ့အရာကို မျက်စေ့နောက်လို့ ကိုက်ကြတာပါ။ဥပမာ လမ်းသွားရင် အ၀တ်အစားကပိုကရိုတိုဝတ်တာတို့ဘာတို့။ဒါပေမယ့်သူမြင်ရတာရိုးသွားရင်လဲမကိုက်တော့ပြန်ဘူး။သေချာတာတစ်ခုကတော့ကြောင်ထက်ခွေးကမှတ်ဥာဉ်ပိုကောင်းတယ်ကိုမြန်မာရေ။

ကြားဖူးတာတော့ရေစက်ရှိတဲ့ကြောင်နဲ့ခွေးပဲတည့်တယ်လို့ပြောတယ်ဗျ။တစ်ခုရှိတာက ခွေးကတအားလှုပ်ရှားနေတဲ့အရာကို မျက်စေ့နောက်လို့ ကိုက်ကြတာပါ။ဥပမာ လမ်းသွားရင် အ၀တ်အစားကပိုကရိုတိုဝတ်တာတို့ဘာတို့။ဒါပေမယ့်သူမြင်ရတာရိုးသွားရင်လဲမကိုက်တော့ပြန်ဘူး။သေချာတာတစ်ခုကတော့ကြောင်ထက်ခွေးကမှတ်ဥာဉ်ပိုကောင်းတယ်ကိုမြန်မာရေ။

ဟင့်​ တစ်​ခါ​ပြောရင်​ ရပါပြီလို့ .. ဘယ့်​နှယ်​​ကြောင့်​ နှစ်​ခါရီးထပ်​​ပြောတာတုန်းလို့ .. ​အော်​ သိပြီ သိပြီ နှစ်​ခါ​ပြော​တော့ ပိုမှတ်​မိ​အောင်​လားလို့ ..😂😂

မှုတ်ဘူးလိုင်းမကောင်းတာကိုမြန်မာရေ။လည်နေတော့မရောက်ဘူးဆိုပြီးနှစ်ခါနှိပ်လိုက်တာတိုင်ပတ်သွားတယ် ဘုတ်နဲ့ဆိုတော့ဖျက်လဲမဖျက်ရဲဘူးလေ။အာ့ကြောင့်ဒီတိုင်းထားလိုက်တာ။ဟေဟေး တောရီးအစ်ကိုရေ။

ဟုတ်​ကဲ့စုံစုံလင်​လင်​သိရလို့ဝမ်းသာပါတယ်​ရှင်​။

ဟုတ်ကဲ့ပါမမ။အားပေးတာကျေးဇူးတင်ပါတယ်ဗျာ။

ကြားဖူးတာလေးက...ကျားဆရာကြောင်တဲ့။ဒါပေမဲ့..ကြောင်က.ကျားကိုပညာသင်ပေးတဲ့အခါ..အမြီးကိုသိမ်းတဲ့ပညာ
မပေးဘူးတဲ့။ဒါကြောင့်..တောထဲမှာ၊ကျားလာပီဆိုရင်..သူ့
အမြီးက..မြေကြီးကိုရိုက်တဲ့အသံမျိုး...ဘုတ်..ဘုတ်..နဲ့.ကြားရတယ်တဲ့။ဒါကြောင့်..ကျားက..ကြောင်ကိုတွေ့ရင်သတ်မယ်လို့ကြိမ်းဝါးတယ်ပေါ့..ဒါကြောင့်.ကြောင်က၊သူ့ကို
ရှာမတွေ့အောင်..သူပါတဲ့ချီးကို..ဖုံးတာလို့..ပြောကြတာဘဲ။

ဟုတ်ပါတယ်ဆရာမ အဲ့ဒါကလူတိုင်းကြားဖူးပါတယ်။ပုံပြင်လေးပေါ့။အဟုတ်လဲဖြစ်မယ်ထင်ပါတယ်။သားရေးတာကျတော့ ကြောင်တွေကိုစမ်းသပ်နေတဲ့သူကရေးထားတာကို ကိုးကားပြန်ရေးတာပါ။လာရောက်အားပေးလို့ကျေးဇူးတင်ပါတယ်ဆရာမရေ။ကျန်းမာချမ်းသာပါစေဗျာ။

ကြောင်အကြောင်းလေး တင်ပြထားတာ စုံလို့ပါလား ခိုဇာရေ ကြောင်ချစ်သူထင်ပါ့

ဟုတ်အကောင်ပလောင်တွေချစ်တယ်မက်မက်စုရေ။နှလုံးသားနုတယ်အလဲ့

Release the Kraken! You got a 16.29% upvote from @seakraken courtesy of @zarmanizawlinn!

ြေ ကာင်လေးချစ်စရာဟ…

ဟုတ်ပနော်ကိုရှိန်းရေ။

အာ့​ကြောင်​​လေး အ​နော့​ပေးပါ😝😝

ပေးမယ်။များကြီးပဲအိမ်မှာ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by zarmanizawlinn from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66407.27
ETH 3219.07
USDT 1.00
SBD 4.34