ကုသိုလ်တစ်ပဲ ၊ ငရဲတစ်ပိဿာ (၂)

in #myanmar6 years ago (edited)

ကုသိုလ်တစ်ပဲ၊ငရဲတစ်ပိဿာ(၁)ကိုဒီလင့်လေးကနေအားပေးနိုင်ပါတယ်ခင်ဗျာ။

ကုသိုလ်တစ်ပဲ၊ငရဲတစ်ပိဿာ-၁လင့်

အလှူပွဲကြီးကစပြီ။ကိုစောလဲပြန်ပြီ။အောင်ကြီးကတော့လူထိန်းလိုက် စားစရာရှိတာစားလိုက်နဲ့ အလုပ်ရှုပ်နေတ
ယ်။ဝက်သားတွဲတွေလဲခိုးပေးသူနဲ့သိတဲ့သူတွေကို။သူကအိုးသကြီးကိုးဗျာ။သူကြောက်ရတဲ့ ကိုစောကလဲမရှိတော့
ဘူးဆိုတော့ ထင်တိုင်းကြဲနေလေရဲ့။မယ်စုနဲ့မယ်မြန်မာလဲ
လိုက်ဧည့်ခံနေတယ် အိမ်ပေါ်မှာ။သူတို့ကအလှပဂေးတွေ
ဆိုတော့အောက်မဆင်းဘူး။အောက်မှာရွာခံအမူးသမားတွေကလဲပေါတာကိုး။ဒါကြောင့်မဆင်းတာ။အထွန်းကတော့သူ့လူတွေ(အလုပ်သမားတွေ)နဲ့အောက်မှာလိုလေသေးမရှိအောင်ဧည့်ခံနေလေရဲ့။ဘုန်းကြီးတွေဆွမ်းကပ်တာကတော့ ဒွေးလေးမယ်ခင်လုပ်နေတယ်။ရွာဦးကျောင်းထိုင်ဘု
န်းကြီးကပြောင်းသွားတာမကြာသေးဘူး။အရင်ကျောင်းထိုင်ဘုန်းကြီးကတခြားမြို့ကိုသွားပြီးကျောင်းထိုင်ရတယ်။ဒွေးလေးမယ်ခင်နားကိုအောင်ကြီးရောက်လာတယ်။

image
Photo credit

တိုးတိုးလေးပြောတော့ ဒွေးခင်ထလိုက်သွားတယ်။အော
င်ကြီးပြောတာကဝက်ထပ်လုပ်ဖို့ပြောတာ။တစ်ကောင်လောက်ထပ်လုပ်ပြီးတော့ဝိုင်းလုပ်ကူတဲ့သူတွေရယ် သူ့သ
ငယ်ချင်းတွေကိုလဲတိုက်ချင်လို့ပူဆာတာဒွေးခင်ကို။ဒါနဲ့ဒွေးခင်လဲအနှောက်ယှက်မဖြစ်ချင်တာနဲ့ခွင့်ပြုလိုက်တယ်။အောင်ကြီးကတော်တော်ခေးမူးနေတာကိုး။ပြီးတော့သူက ကိုစောလိုပဲဖိုက်တာလုပ်ချင်တာ။ဝက်ကိုကိုင်ချင်တာကိုယ်တိုင်။သူများသတ်ပြီးသားကိုမလှီးချင်ဘူး။ပြောဆိုပြီးတော့ဒွေးခင်က ဘုန်းကြီးတွေနားပြန်နေပြီးတော့ယပ်ခပ်ေ
ပးနေတယ်။ဘုန်းကြီးကတရားဟောတော့မယ်ဆိုပြီးတော့ပြောတဲ့အခါမှာအားလုံးကိုတတ်လာခိုင်းဖို့ပြောလိုက်တယ်။အောင်ကြီးကတော့တခြားခြံကိုဝက်ပေါ်ဖို့ထွက်သွားတယ်။ဘုန်းကြီးကတရားအလည်ရောက်တော့ ကုသိုလ်
တစ်ပဲ၊ငရဲတစ်ပိဿာ ဆိုတဲ့တရားခေါင်းစဉ်ကိုဟောမည်ြ

ဖစ်ကြောင်းပြောပြတယ်။

image
Photo credit

ဘုန်းကြီးဟောပြတာက ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာ
ကုသိုလ်ကနည်းသွားအောင်မလုပ်ဖို့ဟောကြားတာဖြစ်တယ်။သားသတ်တာကို အားမပေးဘူးပေါ့။ကုသိုလ်လုပ်နေ
တဲ့အခါမျိုးမှာ အခုဒကာမကြီးလုပ်နေတာဟာ ကုသိုလ်နည်းနည်းလေးပဲရပြီးတော့ ငရဲသွားမယ့်လမ်းကများနေတယ်ဆိုတာကိုသတိထားဖို့ဟောကြားတော်မူတယ်။ဒီတော့ဒကာမကြီးကလဲလျှောက်တယ်။ဒီလောက်အလှူကြီးကို ဘယ်လိုသားမသတ်ပဲနဲ့ ကျွေးမွေးရမလဲပေါ့။ဒီတော့ဘုန်းကြီးကပြောပြတယ်။ကုသိုလ်လုပ်နေတဲ့သူဟာ ကိုယ်တိုင်ဝင်င်္ပြီးသားသတ်ခိုင်းတဲ့အခါ။ဝစီကံကိုကျူးလွန်တာဖြစ်တယ်။မနောကံလဲကျူးလွန်တယ်။ကိုယ်တိုင်မသတ်ပေမယ့်ဒီနှစ်ခုကျူးလွန်နေတဲ့အခါကုသိုလ်ကနေ အကုသိုလ်ဖြစ်သွားတာပဲဒကာမကြီးလို့ဟောတော်မူတယ်။ဒကာမကြီးအလှူကငရဲနံ့သင်းနေတာဖြစ်တယ်။ဆင်ခြင်နိုင်အောင်ဘုန်းကြီးပြောပြမယ်လို့မိန့်တယ်။

image
Photo credit

သားသတ်သမားက ဝဋ်ကြွေးရှိလို့သားသတ်တဲ့ အလုပ်
ကိုလုပ်နေတာဖြစ်တယ်။သတ်ပြီးသားအသားကို (မြင်သားကြားသားမဟုတ်) ရင် ဒကာမကြီးအတွက်ကောင်းတဲ့အလှူဖြစ်မှာသေချာပါတယ်။ဈေးမှာရောင်းချတဲ့အသားဝယ်တာနဲ့ မိမိစေခိုင်းလို့ သားကောင်တွေသေရတာနဲ့မတူကြောင်းရှင်းပြတယ်။မုဆိုးတွေတောင် ဝဋ်ကြွေးရှိလို့လုပ်ကြပေမယ့် စည်းကမ်းတွေထားကြတယ်။ဥပမာ ကိုယ်ဝန်ဆောင်ထားတဲ့ မအေကြီးကိုမပစ်တာမျိုး။သားကောင်ပေါက်စလေးတွေကိုမပစ်တာမျိုးတွေသူတို့မုဆိုးတွေရဲ့စည်းကမ်းတွေရှိတယ်။စားတဲ့အခါမှာ တဏှာနဲ့စားတဲ့သူနဲ့ ဒီတိုင်းစားလိုက်တဲ့သူ(တဏှာမပါပဲစားသူ) ဥပမာ ဒီအသားစားရမှလို့မရှိပဲနဲ့ မိမိဝမ်းကိုအဆင်ပြေအောင်ပဲစားတဲ့သူကပိုပြီးတော့ငရဲလွတ်တယ်ပေါ့။သတ်တဲ့သူကတော့ သူတို့ရဲ့ဘဝပေါင်းကအကြောင်းကြောင်းတွေကြောင့် သတ်နေမှာဖြစ်ပြီးတော့ လှူတဲ့သူအနေနဲ့က ကာယကံ၊ဝစီကံ၊မနောကံမပါ ပဲနဲ့ အလှူအတန်းလုပ်နိုင်တာဟာအကောင်းဆုံးဖြစ်တယ်လို့ရှင်းပြတော့မှပဲ ဒွေးမယ်ခင်ကြီးလဲသဘောပေါက်သွားတော့တယ်။နောက်နှစ်အလှူမှာသားမသတ်တော့ပဲနဲ့ ဝယ်ပြီးပဲလှူဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။

image
Photo credit

@zarmanizawlinn
in myanmar
5/8/2018
12:13 Am
အားလုံးကျန်းမာချမ်းသာကြပါစေ။ကောင်းသောအလှူများလုပ်နိုင်ကြပါစေဗျာ။

Sort:  

သူများအသတ်​သတ်​ပြီးမှအလှူ လုပ်​တာ​တော့အားကို​မ​ပေးပါ။

ဟုတ်အားမပေးတာကောင်းတယ်။တကယ်လို့အားပေးခဲ့ရင်ကိုယ်ပါမကောင်းဖြစ်မယ်။အက်တော့အားမပေးကြစို့။ဒါပေမယ့်မောင်လေးရေးတာကိုတော့အားပေးနော်။

ကောင်းတယ်ဗျာ
အလှူနဲ့ ငရဲ တွဲနေကြတာ

ဟုတ်ပါ့ကွီးထွေးရေ။အလှူခံလာရင်လဲ အလှူခံတဲ့သူက မူးနေသေးတယ်ဗျာ။အားပေးတာကျေးဇူးတင်ပါတယ်ကွီးရေ။

အရမ်းကောင်းတဲ့postလေးပါဗျာ။ မျက်မှောက်ခေတ်မှာတစ်ချို့အလှုတေက ငရဲနံ့သင်းနေတယ်။ တစ်စုံတစ်ယောက်ဖတ်မိပြီး ဆင်ခြင်နိုင်ရင် အကိုရေးရကျိုးနပ်မှာပါ။

ဟုတ်ပါ့ညီရေ။အခုပဲလေးယောက်တော့သိသွားပြီ။ကုသိုလ်တွေအများကြီးရကြပါစေဗျာ။အလှူလုပ်တဲ့အခါမှာလည်းကုသိုလ်အပြည့်ရကြပါစေလို့ဆုတောင်းပေးပါတယ်။အားပေးတာကျေးဇူးပါညီရေ။

သတ်​ပြီးလှူတာ​တော့ အားမ​ပေးချင်​ဘူး😢

အားမပေးနဲ့ညီ။ပေးရင်ညီအောင်ကြီးတစ်ရာပါ ငရဲကျမှာတူတူ။ဘာကြောင့်ဆို မနောကံနဲ့ ၀စီကံကပါလာမှာကိုး။

Congratulations! This post has been upvoted from the communal account, @minnowsupport, by zarmanizawlinn from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဖတ်​လို့လည်း​ကောင်း ... စဉ်းစားစရာ ဆင်​ခြင်​စရာ​တွေလည်းရလိုက်​ပါတယ်​ အစ်​ကို​ရေ ..
စင်​ကြယ်​​သော အလှူဖြစ်​​အောင်​ကြိုးစားမယ်​ဗျို့ ...

စင်ကြယ်သောအလှူဖြစ်အောင်လှူတာကတော့အကောင်းဆုံးပဲပေါ့ကိုမြန်မာရေ။အားပေးတာကျေးဇူးတင်ပါတယ်ဗျာ။

This post has received a 3.87 % upvote from @boomerang.

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64961.60
ETH 3103.64
USDT 1.00
SBD 3.86