မယ်ဆိုင်ဂူနဲ့ထိုင်းမင်းသားများ

in #myanmar6 years ago

သတင်းတွေကဖတ်လို့တော့ကောင်းတယ်။စဉ်းစားစရာတွေလည်းများတယ်။စကားတွေကလည်းရှေ့နောက်မညီဘူး။အစကနေစဉ်းစားကြည့်ရင် ကလေးတွေဂူထဲဝင်သွားတာ တစ်ယောက်မှမတွေ့ခဲ့ဘူးပေါ့။ဂူစောင့်ကစက်ဘီးတွေနဲ့ ဖုန်းတွေ အိတ်တွေမြင်တော့မှ အကြောင်းကြားတယ်ပေါ့ ကျောင်းကို ။ကျောင်းကနေမှ မိဘတွေကိုအကြောင်းကြားတယ်။မိဘတွေကနေ အစိုးရကိုအကြောင်းကြားတယ်ပေါ့။ အလုံးအရင်းနဲ့လာကယ်ကြတယ် ဒီ(၁၃)ယောက်ကို။

36626629_194817527894598_5275985440413843456_n.jpg
Image Source

သူတို့ကပြောတာ ဒီဂူထဲကိုသူတို့ဝင်ဖူးနေကြဖြစ်လို့ ကျွမ်းတယ် ၊ ဘာကိုမှမကြောက်ဘူး ၊ မွေးနေ့လုပ်ဖို့သွားတယ် ၊ အစားအစာတွေဝယ်သွားတယ်ပေါ့။ထိုင်းစစ်တပ်နဲ့မလောက်လို့ နိုင်ငံခြားကနေကျွမ်းကျင်သူတွေကိုခေါ်အကူညီနဲ့ရှာကြတယ်။တော်တော်လေးကိုခက်ခက်ခဲခဲနဲ့ ဂူထဲကိုလိုက်ရှာနေရတဲ့ video အခွေတွေထွက်လာတယ်။ဒါနဲ့တစ်ပတ်ရှာတာ မတွေ့ဘူး။နတ်တွေပင့်တယ် ပူဇော်ပသကြတယ်။ ဆရာတော်ကြီးကိုပင့်တယ်။ဗေဒင်တွေမေးတယ်။ဒီမှာ ဗေဒင်ကမမှန်ပေမယ့် ဆရာတော်ကြီးကပြောတာမှန်တယ်။နှစ်ရက်နေရင်ပြန်တွေ့မယ် ကလေးတွေအကုန်အသက်ရှင်နေတယ်လို့မိန့်တယ်။လူပေါင်းထောင်ကျော်ရှာတာ ဒီကလေးတွေကိုမတွေ့လို့ နတ်ဖွက်တယ်လို့လဲပြောကြတယ်။ဆရာတော်ကြီးပြောသလို နောက်နှစ်ရက်နေတော့ကလေးတွေကို တစ်စုတစ်စည်းထဲတွေ့ခဲ့ကြတယ်။စက်တွေမနည်းဘူး။လူတွေမနည်းဘူး။လေယာဉ်တွေမနည်းဘူး။

36617950_194854677890883_2946014318543503360_n.jpg
Image Source

ဒီတော့စဉ်းစားစရာက သိပ်တော့မရှိသေးဘူး။ကလေးတွေအတွက် နိုင်ငံတော်တော်များများက သနားကြတယ်။ထိုင်းနိုင်ငံအစိုးရကို ချီးကျူးကြတယ်။ဒီအထိသိပ်ပြီးတော့တအားကြီးစိတ်မ၀င်စားသေးဘူး။ဒီနေ့မနက်သတင်းတွေ့တော့မှစိတ်ဝင်စားသွားတယ်။ကလေးတွေကို အပြင်ဆွဲထုတ်ဖို့ရာ လေးလကြာမယ်။လေးလစာအစားအသောက်တွေကို ကလေးတွေဆီပို့မယ်ဆိုတော့ကာ နည်းနည်းတော့များသွားပြီလို့ထင်တယ်။တကယ်ကအားလုံးတွေ့ပြီ။နည်းပညာလည်းပဲ တအားမြင့်နေတယ်။နိုင်ငံခြားအကူအညီလည်းပဲယူထားတယ်။တစ်ပတ်အတွင်းထုတ်ပေးမယ်ဆိုရင်တော့ ယုံကြည်ရမယ့်ကိစ္စပါပဲ။လေးလဆိုတာကျတော့ ကလေးတွေကိုရင်းပြီး အကြံအကြီးကြီးလုပ်နေတာသေချာသလောက်ဖြစ်ပြီ။သူတို့ပြောတဲ့ဆင်ခြေက ကလေးတွေကို ရေကူးသင်ပေးမယ်၊ကျန်းမာအောင်လုပ်ပြီးမှ အပြင်ထုတ်မယ်။ရေတွေဂူထဲမှာများနေလို့ ကလေးတွေကိုစိုးရိမ်ရတယ်ပေါ့။ဒါဆိုရင် ရေငုတ်သမားတွေနဲ့ ရေကူးဝတ်စုံ အသက်ကယ်အင်္ကျီတွေက ကယ်လို့မရဘူးလား။လက်ရှိအနေအထားအရ ဆေးကုနေရတယ် အားပြတ်နေတယ်ဆိုပေမယ့် သေချာကြည့်တော့ သူလိုကိုယ်လိုပဲအကောင်းချည်းပါ။အလွန်ဆုံးတစ်ပါတ်ဆို အပြင်ပြန်ထုတ်လို့ရမယ့်ကိစ္စကို ဘာလို့လေးလကြာမှာလည်း။တစ်လဆိုမယုတ်မလွန် လက်ခံကြမယ်။လေးလဆိုတာ ဘာအတွက်များလည်း။

36334519_1016023038548003_8562846705710530560_n.jpg
Image Source

အဓိက ကတော့ လေးလအတွင်းမှာ သူတို့ဂူထဲမှာဘာတွေလုပ်မလည်း။ရေစုပ်ထုတ်မယ်တစ်ခုထဲလား။လေးလဆို မိုးလည်းကုန်ပြီ။အထင်အမြင်များစွာကွဲလွဲနိုင်ပေမယ့် သိသိကြီးနဲ့ငြိမ်နေကြတာ နိုင်ငံတကာက ဘာလို့များလည်း။ဒီဂူကိုသူတို့ဘာအတွက်အသုံးချမလည်း။တချို့ကလည်းမြန်မာနိုင်ငံနဲ့ဆက်စပ်နေလို့ မြန်မာပြည်အတွက်စိုးရိမ်ကြလေရဲ့။တချို့ကလည်း မသိသလိုနေနေကြတယ်။တချို့ကလည်း မြန်မာအချင်းချင်း အပြစ်တွေတင်နေကြတယ်။တချို့ကလည်း ကျွန်တော့်လိုစဉ်းစားနေတဲ့သူတွေကို တော်တော်ဥာဏ်နည်းပြီးတော့ သနားကြင်နာမှုမရှိတဲ့ကောင်လို့ ထင်နေကြမယ်။

36598057_2107256702819853_458472146641879040_n.png
Image Source

ဒီတော့ 88 အရေးအခင်းတုန်းက တိုက်ပိတ်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်တွေက ရယ်နေကြတယ်။အလင်းမရှိတဲ့နေရာ အောက်ဆီဂျင်နည်းတဲ့နေရာမှာ အလင်းကိုသူတို့မကြောက်ခဲ့ဘူး။သူတို့တုန်းက သုံးရက်ထဲပိတ်တာ။ထမင်းတစ်နပ်ကျွေးတယ်တနေကုန် ၊ အပေါ့အလေး ဒီနေရာမှာပဲသွားရတယ်။ဒီကလေးတွေ 10 ရက်တောင် ဘယ်လိုနေလည်း။ကျွန်တော်လည်းစဥ်းစားကြည့်တယ် ကျွန်တော်တို့အိမ်မှာရေတွင်းတူးတုန်းက လူတွေအောက်ရောက်လေ အသက်ရှူ ကြပ်လွန်းလို့ တွေ့ရတာမသက်သာဘူး။အပေါ်ပြန်တတ်လာရင် 10 မိနစ်လောက်ခနအသက်ကို၀၀ ရှူပြီးတော့မှ ပုံမှန်ပြန်ဖြစ်သွားတယ်။သူတို့ကိုမေးကြည့်တယ် ဒီလိုဂူထဲမှာ နေရရင် ဘယ်လိုနေမလည်းပေါ့။ သူတို့ပြောတယ် တအားအေးပြီးတော့ ခြေထောက်ေတွလုံးဝလမ်းလျှောက်လို့ရတော့မယ်မထင်ဘူး။ အစာသိပ်မစားရလို့ မသေသည့်တိုင် 10 ရက်ဆို မေ့မျောနေလိမ့်မယ်တဲ့ဗျ။ဘယ်ဟာတွေဟာဘယ်လိုတွေလည်းဆိုတာ လုပ်ဖူးတဲ့သူတွေသိတယ်။ကျောက်တွင်းတူးတဲ့ သူတွေမေးကြည့်တယ်။အများဆုံး သုံးရက်နေဖူးတယ်။စားစရာနဲ့ရေအလုံအလောက်ထည့်သွားတယ်။အနွေးထည်နှစ်ထပ်ဝတ်တယ်။ဒါတောင်မှ ပြန်တတ်လာရင် လူရုပ်မပေါက်တော့ဘူးလို့ပြောကြတယ်။

36564865_2107256526153204_4657627191943626752_n.png
Image Source

နတ်ထွက်တယ်ဆိုတာကြားဖူးတယ် ငယ်ငယ်က။တစ်ဖွဲလုံးကစားတဲ့အခါမှာ မမြင်ရအောင်တစ်ယောက်ကိုဖွက်ထားတယ်ပေါ့။အခုကတော့တစ်ဖွဲ့လုံးဖွက်ထားတာ ဆန်းကြယ်လွန်းတယ်။ ဘာပဲဖြစ်ဖြစ် လေးရက်နဲ့ထုတ်လို့ရတဲ့ကိစ္စမျိုးကို လေးလထားမယ်ဆိုတာတော့ စဉ်းစားစရာပါပဲ။စာဖတ်သူတို့အမြင်လည်းပြောပြသွားပါဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။

Untitled-1 copy.jpg

စာဖတ်သူအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ချမ်းသာကြပါစေဗျာ။ဘေးအန္တရာယ်တွေကင်းကြပါစေ။

ချစ်လှစွာဖြင့်

AUTHOR : @zarmanizawlinn

MSC 210

NAYPYITAW.

MYANMAR

7/4/2018

1:36PM

IMG_20160726_223306.jpg

Sort:  

လေးလကြာတယ်​ဆိုတာ ​ကောလဟာဟသတင်း​တွေပါ မဟူတ်​ပါဘူး၊ ဒီသတင်းကို အဆက်​မပြတ်​ ​လေ့လာ​စောင့်​ကြည့်​​​နေပါတယ်​၊ ထိုင်းသတင်း မီဒီယာ​တွေက​နေ ​ပြောတာဆိုတာလည်း မရှိပ်ါဘူး၊ ဆိုးတာက မြန်​မာဘက်​က​နေ ဘူမသိကိုးမသိပဲ အာ​ချောင်​​နေကြ​တော့ သတင်း​တွေက ကား​နေတာပါ

https://www.facebook.com/search/top/?q=%E1%80%B1%E1%80%9C%E1%80%B8%E1%80%9C%E1%80%85%E1%80%AC

ဒီမီဒီယာကတင်ထားတာပါ။မဟုတ်ပဲမတင်လောက်ဘူးထင်ပါတယ်။မဟုတ်ပဲတင်ရင်သူတို့သိက္ခာကျမှာပါ။ပြန်ဖြေရှင်းရဖို့များပါတယ်ဗျာ။

ကျ​နော်​​ပြောပါတယ်​ မြန်​မာဘက်​က​နေ သတင်းကို ချဲ့ကား​ရေးပြီး အထအန ​ကောက်​​နေကြတာပါ၊ ရှာ​ဖွေ​ရေးပြီး​တော့ ကယ်​ဆယ်​​ရေးလုပ်​တဲ့အချိန်​မှာ အချိန်​မည်​၍မည်​မျှကြာမည်​မသိ​သေး​တော့ လိုလိုမယ်​မယ်​ ​စားစရာ ​လေးလစာပို့​ပေးမယ်​လို့ပဲ​ပြောတာပါ၊ ​လေးလကြာမယ်​ဆိုတာ တစ်​လုံးတပါဒမျှ မပါပါဘူး၊ မ​နေညကဆိုရင်​ တစ်​ညလုံး TVလိုင်းက​နေ ထိုင်းသတင်းမီဒီယာ​ကြေငြာသမျှ သတင်းများကို ကျ​နော်​ကြည့်​ဖြစ်​ပါတယ်​၊ ဂူက​နေ သတင်းတိုက်​ရိုက်​ တင်​ဆက်​​နေတဲ့ ကိုစည်​သူ​မောင်​က​နေပြီး​တော့ ထိုင်းသတင်းပြန်​ကြားအဖွဲ့ကို ​မေးမြန်းထားတာလည်းကြည့်​ရပါတယ်​၊ အ​သေးစိတ်​ တစ်​စွန်း​တစ်​စ သိချင်​ရင်​​တော့ ​အောက်​ကလင့်​မှာ ဝင်​ကြည့်​ပါခင်​ဗျာ..

https://m.facebook.com/story.php?story_fbid=1867666063255225&id=152468894774959

ဟုတ်ကဲ့အစ်ကိုကျေးဇူးပါခင်ဗျာ။

စဉ်းစားပုချင်းတွေမတူကြဘူး

ဟုတ်ပဗျာ။စဉ်းစားရမယ် အမျိုးသားရေးပါလာရင်တော့စဉ်းစားဖို့လိုပြီ။

မြုတ်ကွက်လေးတွေ ရှိမယ်ထင်တယ်

ရှိကိုရှိတယ် အဲ့ဂူက ဘာထွက်တယ်ဆိုလားပဲ။မြန်မာနဲ့ဆက်နေတော့ ကလေးတွေကိုအသုံးချပြီးသူတို့ယူသွားမယ်ထင်တယ် မြန်မာကိုပေးစရာမလိုတော့ဘူး။

တွေ့သွားမှသာ ​အေး​တော့တယ်

တွေ့တာကိုမအေးဘူးဖြစ်နာညေး။

တော်တော်တိုင်ပတ်တဲ့ကောင်တွေ

ဟုတ်တယ်ဆို စဉ်းစားမရဘူးရယ်။

Congratulations! This post has been upvoted from the communal account, @minnowsupport, by zarmanizawlinn from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

နည်းပညာတိုးတက်တဲ့ခေတ်မှာ
လေးလဆိုတာကများပြီးထင်ပ

ဟုတ်ပကွီးထွေး အာ့မှန်ရင်တော့ဂျင်းအကြီးစားကြီးပဲဗျို့။

ဘယ်လို လှည့်ကွက်တွေမှန်း နားကိုမလည်တော့ဘူးရယ် ဒါပေမဲ့ မိုင်းဖုန်းဆရာတော်ကို ကာဗာလုပ်ထားတော့ သိပ်ပြီးတော့လည်း မပြောရဲဘူး ဆရာတော်ရဲ့ သီလ သမာဓိကိုတော့ သံသယဖြစ်စရာ မရှိဘူးလေ

ဒီလိုထင်တယ် နက္ခတ်ကျနေတော့ အဲ့ရက်မှာရှာမတွေ့လို့ကမဖြစ် ဦးဇင်း အာ့ကြောင့် ဆရာတော်ကြီးရဲ့ သီလကိုသူတို့မကျော်ရဲဘူး။နောက်လေးလနေရမယ်ဆိုတာကတော့များတယ် တစ်ခုခုရှိလိမ့်မယ်။

ဒီ၁၃ယောက်က steemitထိ ရောက်လာပ့ကော ဟင့်

ဟိဟိ ဟုတ်ပဗျာ။

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64107.21
ETH 3073.84
USDT 1.00
SBD 3.88