**ကြီးပွားချင်သလား၊အပိုင်း(၃)**

in #myanmar6 years ago

ကြီးပွားချင်သလား၊အပိုင်း(၃)
Credit image from

ရည်မှန်းချက်ဟူသည်မှာလည်း ပတ်ဝန်း ကျင် အခြေအနေပေါ်မူတည်၍ ပြောင်း လဲတတ်သောသဘောရှိသည်။ငယ်စဉ်အခါက ထားခဲ့သောရည်မှန်းချက်များသည် အရွယ်ရောက်၍ အိမ်ထောင်ကျသောအခါ တစ်မျိုးပြောင်းလဲသွားတတ်ပြန်လေသည်။ မိမိအတွက်ရည်မှန်းချက်ကနေ အိမ်ထောင်ရေးအတွက်၊ထိုမှတဆင့် သားသမီးများရလာသောအခါတွင်မူ မိမိ၏ သားသမီးတွေအပေါ်ရည်မှန်းချက်ထားရပြန်လေသည်။ငါ့ရည်မှန်းချက်တွေမပြည့်ရင်နေပါစေတော့ ဟူပြီး သားသမီးတွေရဲ့ ရည်မှန်းချက်ကိုသာ ဖြည့်ဆည်းပေးရသောအခါလည်း ရှိသည်။သင်ဖတ်မိသောစာအုပ်များကြောင့်လည်း သင့်ရည်မှန်းချက်ပြောင်းလဲတတ်ပေသေးသည်။မင်းမြတ်သူရ စာအုပ်ထဲကဇာတ် ကောင်တွေဆင်းရဲမွဲတေနေရာကနေ ထမင်းဆိုင်ဖွင့်ပြီးချမ်းသာလာတာဖတ်မိရင် သင်လည်း ထမင်းဆိုင်ဖွင့် ချင်လာပေ လိမ့်မည်။ကွမ်းယာရောင်းရင်းချမ်းသာလာသည်ဆိုရင်လည်း ယခုပင်ကွမ်းယာဆိုင် ထဖွင့်ချင် သလိုလို ဖြစ်နေလိမ့်မည်။ဤသည်ကား ရည်မှန်းချက်အပေါ်တွင် သက်ရောက်မှုရှိနေသော ပတ်ဝန်းကျင် ဆိုင်ရာပြသနာအထွေထွေပင်ဖြစ်သည်။
ထိုပြသနာများထဲကမှ သင့်အတွက် တိကျသောရည်မှန်းချက်တစ်ခုကိုသာ ချမှတ်ရမည်။
Credit image from

သင့်အနေနှင့် ရည်မှန်းချက် ကိုချမှတ် ပြီးပြီဆိုလျင်တော့ ထိုရည်မှန်းချက်ကို အောင်မြင်အောင် ဆောင်ရွက်ရ မည့်နည်းလမ်းများကိုရှာဖွေရတော့မည်။နည်းလမ်းတွင် တစ်ခုထဲနှင့် မရ တစ်ခုမဟုတ်၊တစ်ခုဆိုသောအရန်နည်းလမ်း များပါထည့်သွင်းစဉ်းစားသင့်သည်။သင်ဟာ steem power စုမည့်သူတစ်ယောက်ဆိုပါစို့။ထိုသို့ဆိုလျင် သင်သည် steem power တိုးစေမည့်နည်းလမ်းများကို စဉ်းစားရတော့မည်ဖြစ်သည်။

နည်းလမ်း(၁)အနေဖြင့် steem power တိုးအောင် နေ့စဉ်စာတစ်ပုဒ် ပုံမှန်ရေး၍တင်မည်။နည်းလမ်း(၁)၏အကျိုးမှာ သင့်အနေဖြင့် ငွေကြေးအရင်းအနှီးစိုက်ထုတ်ရန်မလိုပဲ voting များမှ ရသော $ဖြင့် steem powerစုနိုင်မည်ဖြစ်သည်။နည်းလမ်း(၁)၏ အပြစ်အနေနှင့်ကတော့ သင်သည် steemit တစ်ခုတည်းကိုသာ လုပ်ကိုင်သူမဟုတ်ပါက သင်၏ တခြားလုပ်ငန်းများထဲမှ အချိန်ကိုထိခိုက်လာနိုင်သည်။သင့်အနေဖြင့် အရင်ထက် စာရေးချိန်ပိုပေးရသောကြောင့် တခြားတစ်ဖက်အတွက် အချိန်နည်းလာမည်။နေ့စဉ်တင်သော်လည်း သင်မျှော်မှန်းထားသလောက် voting ရချင်မှရမည်။

နည်းလမ်း(၂)အနေဖြင့် bot များကိုသုံးပြီး steem power တိုးပွားရေးဆောင်ရွက်မည်။နည်းလမ်း(၂)၏ အကျိုးအနေဖြင့် bot များမှမြတ်သော$ ကြောင့် steem power လျင်မြန်စွာတိုးနိုင်သည်။ trending ထဲတွင် သင့်post ရောက်ရှိနေမည်ဖြစ်သောကြောင့် သင်ဟာလူအများသတိထားမိသူတစ်ဦးဖြစ်လာမည်။အပြစ်အနေဖြင့် မမျော်လင့်သော steemဈေးထိုးကျမှုကြောင့် ဆုံးရှုံးမှုဖြစ်ပေါ်နိုင်သည်။

နည်းလမ်း(၃)အနေဖြင့် steem power အား ငွေကြေးဖြင့် ဝယ်ယူဖြည့်တင်းမည်။နည်းလမ်း(၃)၏ အကျိုးအနေဖြင့် အချိန်ခဏအတွင်း steem power 500 ပြည့်မည်။steem power များလာ သောကြောင့် သင်သည် steemit မှာ မျက်နှာပွင့်လန်းသူဖြစ်လာမည်။အပြစ်အနေနှင့်ကတော့ ပထမဦးစွာ သင့်အိတ်ကပ်ထဲမှ ငွေကြေးစိုက်ထုတ်မှုပြုရမည့် အတွက် အခြား သုံးစွဲကုန်ကျစရိတ်တွေမှာ အကြပ်အတည်းဖြစ်လာနိုင်သည်။ငွေအားနှင့် steem power ဖြည့်တင်းလိုက်နိုင်သောကြောင့် စာရေးအားမှာ အနည်းငယ် ပျင်းရိသွားနိုင်သည်။

အထက်အချက်(၃)ချက်ထဲမှာ အကျိုး အပြစ်များကို ချင့်ချိန်၍ နည်းလမ်းတစ်ခုကို ရွေးချယ်ရပေမည်။ဤကားဥပမာအနေဖြင့် တင်ပြခြင်းသာဖြစ်သည်။
image

ဆက်ရန်.... ..
@zinminhtet
MSC.126

Sort:  

စာရေးနည်းတော့ ဘယ်အချိန်မှ sp 500 ပြည့်မလဲ မသိတော့ပါဘူး။

တစ်နေ့တစ်လံ ပုဂံ ဘယ်မရွေ့ပေါ့

ကိုယ်နဲ့အဆင်ပြေမယ့်နည်းလမ်းကို သေချာရွေးရမယ်

ဟုတ်ကဲ့

စာရေးပျင်းသွားတာတော့မဟုတ်ပါဘူး botဖို့စောင့်ရင်း postကျဲသွားတာ ဟီးးးး(မှတ်ချက် ဆင်ခြေပေးသည်။)

ကိုယ့်အနေနဲ့ပြောရမယ်ဆိုရင်တော့ အဆင်မပြေဘူးလို့ပြောရမယ်
နည်းလမ်း ၁ အတိုင်း ၂ရက်တခါလောက် ရေးတင်နေပေမယ့် v ပေးသူကမရှီ
နည်းလမ်း ၂ ကိုသုံးဖို့လည်း အရင်းနှီး မလိုက်နိုင်တော့ဘူး
နည်းလမ်း ၃ အတိုင်း sp တွေဝယ်ဖြည့်ထားခဲ့လို့ 500 ကျော်သွားသော်လည်း bot မသုံးရင် rp ကမတက်
ဈေးအတက်မှာ ၀ယ်ဖြည့်ထားခဲ့တဲ့ sp တွေက ကိုယ်ဝယ်တဲ့ဈေးကိုမရောက်နိုင်သေးတော့ အရှုံးနဲ့ပဲ စိတ်ပျက် အားငယ်စွာ တရွှေ့ရေ့လျှောက်နေတာ ၉လကျော်လို့ ၁၀လနီးပါးရှိခဲ့ပီလေ

နည်းလမ်း ၄ ထပ်ရှာရမယ် 😁

ကြီးပွားတော့မယ်နည်းရြ ပီ

ဟဲဟဲ 😁

botက​တော့အမြဲသုံး​ဖြစ်​​နေပါတယ်​ရှင်​။

ကျနော်ကတော့ ဘုလိုက်တိုင်း ကျဈေ့းမိနေတယ်

စာရေးနဲတာတော့ post က ဈေးတွေကျနေလို့ဗျ ဟီး

တူတူပဲ 😁

sp 500 ပြည့်ဖို့တောင် မနည်းကြိုးစားရမယ်ဗျာ
စာရေးတာ ပျင်းနေတော့ ......ပုံမှန်တောင် မတင်ဖြစ်ဘူး

တူတူပါပဲ 😁

ဘယ်နည်းလမ်းကို သုံးရမလဲ

အဆင်ပြေတာ သုံး 😁

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 64140.77
ETH 3133.36
USDT 1.00
SBD 4.15