Onlineကနေ ပိုက်ဆံရှာကြမယ်

in #myanmar6 years ago

Onlineကနေ ပိုက်ဆံရှာကြမယ်

image
Credit image source

ကျနော့ရဲ့ samsung galaxy on7 ဖုန်းစုတ်လေးက ပူလိုက်တာလည်းလွန်ရော၊ဘက်ထရီကလည်းအားသိပ်မခံချင်ဘူး။ဒါပေမယ့် ကျနော့အတွက် အသုံးစရိတ်ကို ဒီဖုန်းလေးက ပုံမှန်ရှာပေးတယ်လေ 😄။လစာတောင်ထိစရာမလိုဘူး။ဖုန်းလေးကရှာပေးတာလေးနဲ့ အဆင် ကိုပြေလို့။ဘယ်လိုရှာလဲဆိုတော့ အွန်လိုင်းငွေရှာတယ်ပဲဆိုရမှာပေါ့။အွန်လိုင်းကငွေရှာတာ လွယ်လွယ်နဲ့ရတာတော့ဘယ်ရှိမလဲ။အားလပ်ချိန်လေးတွေဖဲ့ပေးပြီး အပိုဝင် ငွေရှာရတာပေါ့။ ဘယ်အရာမဆို လွယ်လွယ်နဲ့တော့မရဘူးလေ။

ကျနော်ဒီအွန်လိုင်းငွေရှာတဲ့ အလုပ်ကိုစလုပ် တုန်းက တစ်ညလုံး အိပ်ရေးပျက်တဲ့ ညတွေလည်းရှိခဲ့ဖူးတယ်။ကိုယ်သိချင်တာတွေ google မှာရှာ ဖတ်ရင်း အချိန်တွေပေးဆပ်ခဲ့ရတယ်။ မသိတာတွေရှိရင်လည်း အွန်လိုင်းငွေရှာ group တွေမှာလိုက်မေးရတယ်။အွန်လိုင်းမှာပိုက်ဆံရှာရင်း အွန်လိုင်းကပိုက်ဆံကို ငွေသားဘယ်မှာထုတ်ရမလဲဆိုတာ မသိပဲနဲ့ ရှာခဲ့တာ လေးလလောက်ကြာတယ်။ တစ်ယောက်ယောက်ကိုမေးလိုက်ရင်လည်း ရအောင်ပဲအရင်ရှာပါအုံး၊ပိုက်ဆံကမရ သေးဘူး ထုတ်ချင်နေပြီလို့ ပြောခံရ သေးတယ် 😁။ဘာပဲဖြစ်ဖြစ် ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်လုပ်ခဲ့တာ။ပထမဆုံး အွန်လိုင်းကရတဲ့ $ လေးကို ဖုန်းဘေလ်နဲ့လဲပေးတော့ ပျော်လိုက် တာဆိုတာ ပြောမနေနဲ့။ခုတော့ တစ်ဆင့် တစ်ဆင့်နဲ့ အွန်လိုင်းငွေရှာလောကမှာခိုင်မာတဲ့ လမ်းကြောင်းဆီကိုတော့ ဦးတည်နေပြီပေါ့။

အဓိကလုပ်ဖြစ်တာက စာရေးပြီးပိုက် ဆံရှာတာ။ကိုယ်က စာရေးဆရာ မဟုတ် ပေမယ့် တစ်ပတ်ကို ဆောင်းပါး တစ်ပုဒ် တော့ ပုံမှန်ရေးဖြစ်နေပြီလေ။ဒီကြားထဲ ဆောင်းပါးပြိုင်ပွဲမှာ ဆောင်းပါး အကောင်းဆုံး ဆုလေးကလည်း ရလိုက်သေးတော့ ကိုယ်ကြိုးစားသမျှ အရာထင်ခဲ့တဲ့အတွက် ပီတိဖြစ်ရတာပေါ့။အွန်လိုင်း ငွေရှာရတာတွေထဲမှာ စာရေးပြီး ရှာရတာတော့ အကျိုးရှိဆုံး လို့ထင်တာပဲ ။ဘာလို့ဆိုတော့ စာရေးနိုင်ဖို့အတွက် အရင် ကထက် စာတွေပိုဖတ်ဖြစ်တယ်။ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့ပေါင်းစပ်ပြီး စာရေးတတ်တဲ့အကျင့်လေးဖြစ်လာတယ်။ ကိုယ်ပိုင်ဖန်တီးရေးသားတဲ့စာတွေသာ တင်ခွင့်ရှိတာမို့်  copyright ကိုတန်ဖိုးထားတတ်လာတယ်။ကိုယ့်လိုအွန်လိုင်းငွေရှာလောက က မိတ်ဆွေသစ်တွေနဲ့ ရင်းနှီးခွင့်ရတယ်။စာမူရေးသားရာကနေရတဲ့ reward လေးတွေကို နောင်ရေးအတွက်လည်းစုတယ်။ကျနော်တို့ အွန်လိုင်းအဖွဲ့အစည်းလေးရဲ့ ပရဟိတ အလှူတွေမှာလည်း ပါဝင်လှူဒါန်းတယ်။ကျနော့အတွက် အသေးသုံးစရိတ် လေးတွေလည်း ကာမိတယ်လေ။အမေ့ကိုလည်း ရတဲ့reward လေးထဲက ကန်တော့ဖြစ်တယ်။အဆင်ကိုပြေလို့ 😁။
image
Credit image source

တကယ်ဟုတ်ရဲ့လား။တကယ်ရရဲ့လားလို့ ဝေဖန်လေကန်နေမယ့်အစားကိုယ်တိုင်လေ့ လာပြီး လုပ်ကြည့်မှသာ အသီး အပွင့် ကိုခံစားရမှာပါ။တကယ်တော့ ဖုန်းတစ်လုံးကို ဖုန်းပြောဖို့နဲ့ selfie ရိုက်ဖို့လောက်ပဲသုံးမယ်ဆို သုံးတဲ့လူအပေါ်မူတည်ပြီး အသုံးဝင်မှုကလည်းကွာသွားမှာပါ။social networkတွေကလည်း သုံးစွဲသူပေါ်မူတည်ပြီး အသုံးဝင်မှုကွာခြား သွားတာပါပဲ။ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ သုံးစွဲတတ်မယ်ဆိုရင်တော့ အကျိုးကျေးဇူး အများကြီးရှိပါတယ်။ယနေ့ခေတ်ကြီးမှာ သိချင်တာ ရှိရင် လက်ထဲမှာဖုန်းတစ်လုံးရှိနေရုံနဲ့ အကုန်သိခွင့် ရှိနေပြီလေ။ Google ဆိုတာကြီး က အလကားထားဖို့မှမဟုတ်တာ။ ကိုယ်သိချင်တာရှိရင် ရှာလို့ရအောင် ထားတာပါ။ဟုတ်ပမလား၊မဖြစ်နိုင်ပါဘူးဆိုတဲ့သူတွေ တကယ်စိတ်ဝင်စားတယ်ဆိုရင် ကိုယ်လေ့လာအားနဲတာ လူမသိခင် အခုပဲစလေ့လာကြပါလို့ တိုက်တွန်းချင်ပါတယ်ဗျာ......
image
Written by @zinminhtet
MSC.126

Sort:  

တစ်ချို့က အွန်လိုင်းကငွေရတယ်ဆိုတာ သိပ်မယုံကြတာများတယ်ဗျ

ဟုတ်တယ် လူကိုဟာသလာပြောတယ်ထင်နေကြတာ

ရလာတဲ့​ငွေ​လေး​တွေကြည့်​ပြီးဘယ်​လို​ပျော်​မှန်းမသိဘူး​နော်​။

ဟီးဟုတ်တယ်နော် အဲ့ကနေပိုက်ဆံရရင်ပျော်ဖို့ကောင်းတယ်

onlineငွေရှာခြင်းကို နားလည်လာဖို့ တော်တော် လေ့လာခဲ့ရဖူးတယ်။အချိန်ထိလဲ လေ့လာနေတုန်းပဲ။ဒါပေမယ့် onlieက ပိုက်ဆံရနေတယ်ပြောရင် မယုံသေးသူတွေ အများကြီးပဲ

ခုထိလေ့လာလို့ မကုန်သေးဘူး

အတူတူရှာကြတာပါ့

ဟုတ်ကဲ့

နောက်ဆို sp တွေများလာရင် ဒိထက်အဆင်ပြေမှာပါ

တဖြေးဖြေးစုသွားမယ်

သိပ်မှန်တယ် သားလေး
နေ့ရက်တိုင်း အချိန်မှန် ကြိုးစားအားထုတ်နိုင်ပါစေ

ဟုတ်ကဲ့

Good! That right

onlineငွေရှာတဲ့ထဲမှာ steemitနဲ့ပဲငွေထုတ်သုံးဖူးတယ်။တစ်ခြား ငွေရှာနည်းတွေလည်း သိပ်မသိဘူး။အရင်တုန်က btcနည်းနည်း claim တာကလည်း ထုတ်တောင်မထုတ်ဖြစ်ဘူး။wallet ထဲမှာ ဒီတိုင်း။

တူတူပဲ

ဟုတ်တယ်ဗျာ steemit သုံးပြီး copyright ကို ပိုနားလည်လာတယ်

ဟုတ်တယ်ဗျ

ကိုယ်ဒေလည်းမျှော်လင့်မိသည်ပေါ့

ဟုတ်

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64014.44
ETH 3064.06
USDT 1.00
SBD 3.86