*မျိုးစေ့*

in #myanmar6 years ago

မျိုးစေ့
Cerdit image source

https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcSvWT0gVafARy3tapCuAF6ctYlN0xxt__iBWt23Jv-BAFnur5GN

မနက်ခင်း ကြံ့ခိုင်ရေးလုပ်ပြီးပြန်လာတော့ ထုံးစံအတိုင်း အိမ်ရှေ့မှာ ဘောင်ပေါက်ပြီး ရာသီသီးနှံလေးတွေစိုက်ထားတာကို ရေ လောင်းပေါင်းသင်ရန်ပြု၏။တစ်ဘောင် ကို ဆယ်ပေအရှည်နှင့် ဆယ်ဘောင်ပေါက် ထားခြင်းဖြစ်သည်။ကျွန်တော်တို့တပ်ထဲ တွင် အိမ်တိုင်းအိမ်တိုင်း ဆယ်မျိုးဆယ် ဘောင်နှင့် စင်တစ်စင်ရှိရမည်ဟု မူဝါဒသတ် မှတ်ထားသည်။

ထိုသို့ သတ်မှတ်ထားသည်မှာလည်း အိမ်ထောင် သည် မိသားစုတွေ အသီးအရွက်ကို ဝယ်မစားရသောကြောင့် ဈေးသုံးစရိတ်ကာ မိရန်၊သဘာဝ နွားချေး၊ကြက်ချေး နဲ့သာစိုက်ပျိုးသောကြောင့် သြော်ဂဲနစ် အစစ်ဖြစ်ပြီးကျန်းမာရေး အ တွက် သင့်လျော်စေရန်၊ပြင်ပကုန်ဈေးနှုန်း ကြီးမြင့်မှုကို အတန်အသင့် ခံနိုင်ရည်ရှိရန် ဖြစ်သည်။တော်ရုံ အသီးအရွက်ကတော့ ခြံ ထဲလှည့်ပတ်ခူးစားရုံသာဖြစ်သည်။

ကျွန်တော်ကိုယ်တိုင်ကလည်း စိုက်ပျိုးရေး ဝါသနာပါသူဆိုတော့ ပြီးခဲ့တဲ့ တစ်ပတ် လောက်ကစပြီး မိုးလေးကျ လာတာနဲ့ ဘောင်လေးပေါက် ၊တပ်ရင်းနွား ခြံက နွားချေးသယ်ပြီး မြေနဲ့မျှတအောင် ရော သမမွေထားကာ မျိုးစေ့လေးများချ ထားခဲ့သည်။တစ်ပတ်ဆိုသော အချိန်ကာလ အတွင်းမှာ မျိုးစေ့ လေးတွေမှ အညှောင့် ပေါက်ကာ အပင်လေးများ ထိုးထိုး ထောင် ထောင် ထွက်လာချိန်ဖြစ်သည်။အပင်ပေါက်လေးများစိမ်းပြီး ထွက် လာ သည့်မြင်ကွင်းမှာ ပီတိဖြစ်စရာ ကောင်း လှပေသည်။
Credit image source

အပင်လေးတွေရေလောင်းရင်း ခရမ်းစိုက် ထားသော ဘောင်သို့ မျက်စိအရောက် မျိုးစေ့တိုင်းအပင်မဖြစ်တာကို သတိပြုမိ လေသည်။ဘာလို့ဆိုသော် ခရမ်းပင်ကို တစ်ကျင်းလျင်မျိုးစေ့သုံးစေ့နှုန်းဖြင့် တစ်ပေစီလောက်ခြားကာ မျိုးချထားခြင်း ဖြစ်သည်။တစ်ကျင်းကို သုံးစေ့ချထားသော် လည်း ကျင်းတိုင်း အပင်သုံးပင်ပြည့်အောင် မပေါက်ပေ။တချို့ကျင်းက နှစ်ပင်၊တချို့ တစ်ပင်ခန့်သာ ပေါက်၏။ကျင်းတစ်ကျင်း တည်းတွင် မြေသြဇာလဲ ညီမျတူ ထည့်ထား ပါလျက် နှင့် အပင်မပေါက်ခြင်းမှာ မျိုးစေ့ ကြောင့်ပင်ဟု ကောက်ချက်ချလိုက်ပါသည်။
ဒါကြောင့်လည်း "မျိုးစေ့မမှန် ပင်မသန်" ဟူသော ဆိုစကားရှိခြင်းဖြစ်ပေမည်။

ဒါဆို ကျွန်တော်တို့လူတွေလည်း ထိုနည်း လည်းကောင်းပင်လားမသိ။ပတ်ဝန်းကျင် မည်မျှပင်ကောင်းနေစေကာမူ ပင်ကိုယ် ဗီဇ မကောင်းသူဟာ မည်သို့မျှပြုပြင်ရလိမ့်မည် မထင်ပေ။သို့သော် အလွန်ကောင်းမွန်သော မျိုးစေ့သည်လည်း မြေသြဇာအဆီအနှစ်မရှိ သော သဲအပင်ကန္တာရထဲတွင် ရှိနေပါက အပင်ပေါက်လိမ့်မည် မဟုတ်ဟုတွေးမိပြန် သည်။လူသည်လည်း ထို့အတူပင်၊ ဗီဇလေး ကကောင်းချင်ပေမယ့် ပတ်ဝန်းကျင် အပေါင်း အသင်းကြောင့် ပျက်တတ်သည်။ ကိုဟင်ရေးသားသော သေမင်းထံမှ အပြန် ဆောင်းပါးတွင် အပေါင်းအသင်းဆိုးများ ကြောင့် မူးယစ်ဆေးဝါးသုံးစွဲသူဖြစ်ခဲ့ဖူး သ လို၊ အပေါင်းအသင်းကောင်းကြောင့် စာပေလောကထဲရောက်ရှိပြီး စာဖတ်ဖြစ် လာသည်ဟုဖော်ပြထားသည်ကိုတွေ့ရလေ သည်။
Credit image source
https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcQ3o-YptRnDlcJNaaMot521o5P1PXK0Fam3hBuMKsIz8U9gzGlbMQ
ထို့ကြောင့် အတွေးနယ်တို့ကို စု၍ ကောက် ချက်ချရသော် လူတော်လူကောင်းတစ် ယောက် ဖြစ်ရန် ပင်ကိုယ် ဗီဇလည်းကောင်း ရန်လိုသလို၊မြေတောင်မြှောက်ပေးမည့် ပတ်ဝန်းကျင်ကောင်းလည်း လိုအပ်ပေမည်။ ပတ်ဝန်းကျင် ကမည်မျှပင်ကောင်းနေသော် လည်း ပင်ကိုယ်ဗီဇ မကောင်းသူသည် လူတော်လူကောင်း တစ်ယောက်ဖြစ်မလာ နိုင်ပေ။ကျောက်ရိုင်းတုံးတစ်တုံးကို မည်မျ ပင် တော်သောကျောက်သွေး ဆရာဖြစ်သွေး ပါစေ၊ ပင်ကိုယ် အရည်အသွေးမကောင်း သော ကျောက်သည် ကျောက်ကောင်း တစ်ပွင့်ဖြစ်မလာသကဲ့သို့ပင် ဖြစ်ပါတော့ သည်။

@zinminhtet
MSC.126

Sort:  

မျိုးစေ့မှန်မှအပင်သန်ပြီး အဖိုးတန်လာမှာရယ်

အကို့အိမ်မာစိုက်ထားတာလား

လိုင်းထဲနေတော့ စိုက်ရတာပေါ့

ပတ်​ဝန်းကျငိ က 15%​လောကိ​တော့သက်​ဆိုင်​ပါတယိ

ဟုတ်ကဲ့

ကိုယ့်အိမ်မှာသီးနှံပင်လေးတွေစိုက်ထားတော့ ဟင်းစားရတာပေါ့ဗျာ

ဟုတ်တယ် ဝယ်မစားရတော့ဘူး

မျိုးမှန်မှ လည်းရမှာနော့ 👍

မှန်​ပါတယ်​ရှင်​။နေရာ​ဒေသ၊မိဘဆရာသမားများနှင့်​အများကြီးသက်​ဆိုင်​ပါတယ်​ရှင်​။

ဟုတ်တယ်နော်

မှန်ပါတယ်။

ဟယ် မျိုးစေ့တွေ အညှောင့်ပေါက်လာပြီ ဒချိဒချိ

ဒချိ ဒချိက ဘာလဲ 😅

ဟုတ်တယ် မျိုးစေ့မမှန်ပင်မသန်

Vote ပေးခဲ့ပါတယ်

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66363.68
ETH 3207.73
USDT 1.00
SBD 4.27