ကိုရင်ချက်ကြီးနဲ့ ထပ်အစိတ်(၂၅ထပ်) (original writing by မူဗီ ခရေဇီ)

in #photo6 years ago

ကိုရင်ချက်ကြီးနဲ့ ထပ်အစိတ်(၂၅ထပ်)
(original writing by မူဗီ ခရေဇီ)

တခါက ရွာတစ်ရွာမှာ ကိုရင်ချက်ကြီးလို့ခေါ်တဲ့ ပေါတောတော လူတစ်ယောက်ရှိပါတယ်။သူငယ်ငယ်က ရွာဦးဘုန်းကျောင်းမှာ ကိုရင်ဝတ်တုန်းက ''ကိုရင်ချက်ကြီး'' လို့ခေါ်ရင်းနဲ့ ကိုရင်လူထွက်တော့လည်း အဲ့ဒီနာမည်ပဲ တွင်သွားပါတော့တယ်။

603626_442340989185633_599413852_n.jpg
photo credit to image source.

ကိုရင်ချက်ကြီးက ခပ်ပေါပေါပါ။ခုခေတ်စကားနဲ့ ပြောရရင်တော့ ''ပြားကိုးဆယ်''ပေါ့ဗျာ။
တနေ့တော့ ကိုရင်ချက်ကြီးက သူ့ဦးလေးနဲ့ မြို့ကို ဈေးဝယ်လိုက်သွားပါတယ်။သူ့ဦးလေးက ဈေးနားလေးက လက်ဖက်ရည်ဆိုင်မှာ ကိုရင်ချက်ကြီးကို ထားခဲ့လိုက်ပါတယ်။ပြီးတော့ ''ကိုယ်ကြိုက်တာ မှာစားဖို့နဲ့ ဘယ်မှလျှောက်မသွားဖို့'' မှာပြီး ဈေးထဲကို ဈေးဝယ်ထွက်သွားပါတော့တယ်။

[UNSET] (1).jpg
photo credit to image source.

ကိုရင်ချက်ကြီးနဲ့ ရှေ့ဆင့်နောက်ဆင့်မှာပဲ လူငယ်လေးယောက် လက်ဖက်ရည်ဆိုင်ထဲဝင်လာပြီး ကိုရင်ချက်ကြီးဘေးနားက စားပွဲမှာ ဝင်ထိုင်နေကြတယ်။
လက်ဖက်ရည်ဆိုင်က စားပွဲထိုးက ကိုရင်ချက်ကြီးကို ဘာမှာမလဲ လာမေးပါတယ်။
ကိုရင်ချက်ကြီးက ပေါပေမယ့် အ,တော့ မအဘူးဗျ။အရင်ဆုံး ဘေးနားက ဝိုင်းကို လှမ်းရှိုးလိုက်တယ်။

Cartoon.jpg
photo credit to image source.

ဘေးနားကဝိုင်းမှာ လူငယ်လေးယောက် လက်ဖက်ရည်တစ်ယောက်တစ်ခွက် မှာလိုက်ကြတယ်။ဒါနဲ့ ကိုရင်ချက်ကြီးလည်း ''လက်ဖက်ရည်တစ်ခွက်''မှာလိုက်တယ်။
စားပွဲထိုးကောင်လေးက ''အစ်ကို ဘာစားဦးမလဲ''လို့ ထပ်မေးတယ်။ကိုရင်ချက်ကြီးလည်း ဘေးကဝိုင်းကို တစ်ချက်လှမ်းရှိုးလိုက်ပြန်ပါတယ်။အဲဒီအချိန်မှာပဲ ဘေးနားကဝိုင်းက လူငယ်လေးယောက်ထဲက တစ်ယောက်က ''ထပ်တစ်ရာ တစ်ပွဲဟေ့----ကြွပ်ကြွပ်လေး'' လို့ လှမ်းမှာတာတွေ့လိုက်တယ်။

Cartoon.jpg
photo credit to image source.

အဲဒီတော့ ကိုရင်ချက်ကြီး စဉ်းစားရပြီ။လူလေးယောက်အတွက် ထပ်တစ်ရာဆိုရင် သူတစ်ယောက်ထဲအတွက် ထပ်အစိတ်(၂၅ထပ်)မှာမှပဲ ဆိုပြီး စာပွဲထိုးကို ''ထပ်အစိတ် ကြွပ်ကြွပ်လေးတစ်ပွဲပေးကွာ''လို့ ပြန်ပြောလိုက်တယ်။စားပွဲထိုးလေး ကြောင်သွားပါတယ်။ပြီးတော့ ''အကို။ကျွန်တော်တို့ဆိုင်မှာ ထပ်တစ်ရာပဲရှိတယ်။ထပ်အစိတ်မရှိဘူး ခင်ဗျ'' လို့ ပြန်ပြောလိုက်တယ်။
ဒီတစ်ခါတော့ ကိုရင်ချက်ကြီး စိတ်တိုပြီလေ။စိတ်တိုတိုနဲ့ စားပွဲခုံကို ဘုန်းခနဲ့ လက်နဲ့တစ်ချက်ပုတ်ပြီး စားပွဲထိုးကောင်လေးကို အသံကျယ်ကျယ်နဲ့ စကားတစ်ခွန်းပြောလိုက်တာ တစ်ဆိုင်လုံးက ကြားပြီး ဝိုင်ရီကြပါတော့တယ်။
''ဟျောင့်။မင်း ငါ့ကို တောကလာတယ်ဆိုပြီး အချဉ်ဖမ်းမလို့ မလား။ဒါမျိုးတွေရိုးနေပြီငါ့ကောင်။ဟိုဖက်ဝိုင်းက ကောင်လေး ၄ယောက်တောင် ထပ်တစ်ရာပဲမှာတာ။ငါတစ်ယောက်တည်းဆိုတော့ ထပ်အစိတ်ပဲ မှာရမှာပေါ့ကွ။မင်းက ငါ့ကို မုန်းတစ်ယောက်စာပဲချပေးပြီး လေးယောက်စာတောင်းချင်လို့ ကြံနေတာ ငါမသိဘူးများ မှတ်နေလား။ချက်ကြီးကို ဒါမျိုးလာစမ်းလို့ မရဘူးလေ။ထပ်အစိတ်ရရင် စားမယ်။မရရင် မစားဘူးကွာ။ဟားးးးး ဟားးးးး ဟားးးးး ဟားးးးးး။ငါ့နာမည် ကိုရင်ချက်ကြီး။ငါအမ,ပါဘူးကွ ကောင်လေးရ''
ရယ်မောခြင်းဖြင့် အသက်ရာကျော်ရှည်ကြပါစေဗျား။
Author - မူဗီ ခရေဇီ

Sort:  

စားပွဲထိုးက ကိုရင်ချက်ကြီးကို လူလည်သွားကျတာကိုး ဘယ်ရလိမ့်မတုန်း ကိုရင်ချက်ကြီးက အမှ မအတာ

Congratulations @bogyokeaungsan! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments
You published your First Post

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Congratulations @bogyokeaungsan! You have completed the following achievement on Steemit and have been rewarded with new badge(s) :

You got your First payout

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Congratulations @bogyokeaungsan! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Do not miss the last post from @steemitboard:

Are you a DrugWars early adopter? Benvenuto in famiglia!
Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64498.18
ETH 3079.08
USDT 1.00
SBD 3.86