ဘိုးတော်မင်း လေးဘက်ပြေးတဲ့ ခေတ်မှာ ကျန်ခဲ့ပါပြီ

in #steem6 years ago

image

မိန်းမသားတွေက
ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်ဘူး
ယောက်ျားသားတွေက
ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ဘူး

ဘယ်လောက်ပဲ ချစ်ပါတယ်ပြောပြော
ယောက်ျားတစ်ယောက်မှာ
ကိုယ်ပိုင်အရည်အချင်းနဲ့
အနာဂါတ်ရည်မှန်းချက် ဆိုတာမရှိရင်
ဘယ်မိန်းကလေးမှ အနားမှာရှိမှာမဟုတ်ပါဘူး...

တစ်ချို့ကပြောတယ်...
အေးအတူ ပူအမျှ
မောင်တစ်ထမ်း မယ်တစ်ရွက်
ကြင်ကြင်နာနာ ယုယုယယနဲ့
လုပ်ကိုင်စားသောက်သွားကြမယ်...တဲ့

ဒါတွေဟာ ဘိုးတော်မင်း
လေးဘက်ပြေးတဲ့ ခေတ်မှာ ကျန်ခဲ့ပါပြီ...

မိန်းမသားဆိုတာ ယောက်ျားသားကို ချစ်လို့
အားကိုးချင်လို့ တဘဝလုံးကိုပုံအပ်ပြီး
ကိုယ့်အနောက်ကို ကောက်ကောက်ပါအောင်
လိုက်ခဲ့တာမဟုတ်လား...
ကိုယ်ဟာ ယောက်ျားတစ်ယောက်ပဲလေ
ရှိသင့်ရှိထိုက်တဲ့ ယောက်ျားတစ်ယောက်ရဲ့
အရည်အချင်းတော့ ရှိကိုရှိရမယ်လေ...
မိန်းမတစ်ယောက်ကို ယူထားပြီး
တင့်တောင့် တင့်တယ် မထားနိုင်ရင်တောင်
လူမွေး သူမွေး ပြောင်အောင် ထားနိုင်ရမယ်
ဒီမိန်းမရဲ့ ဆိုးခြင်းကောင်းခြင်း ကံကြမ္မာဟာ
အိမ်ထောင်ဦးစီးအပေါ် ၁၀၀%မူတည်သွားပြီ
မယူခင်စဉ်းစား ယူတာတော့တတ်ပြီး
မိန်းမတစ်ယောက်ရဲ့ဘဝ မဖူလုံရင်တော့
ခင်ဗျား$ပြစ် ဖြစ်သွားပြီ...

image

ဟိုတလောက
သက်ငယ်လင်မယား စုံတွဲအကြောင်း
သတင်းတစ်ခုမှာ ပါလာတယ်။
အိမ်ထောင်ကျပြီး မကြာသေးဘူး
ကလေးတစ်ယောက်ရတယ်
ကလေး ကျန်းမာရေးမကောင်းဖြစ်တော့
ဆေးခန်းသွားပြစရာ ပိုက်ဆံမရှိလို့ ဆိုပြီး
လမ်းအလယ်မှာ သူများပိုက်ဆံကိုလုတယ်
ရပ်ကွက်လူထုက ဝိုင်းဖမ်းပြီးမေးတော့
သူ့ကလေး နေမကောင်းလို့ ဆေးခန်းပြဖို့
ငွေလိုနေလို့ သူများပိုက်ဆံကို လုရတာပါ...တဲ့...

တစ်ချို့က ဒီလူကို ဖခင်စိတ်ရှိတယ်ဆိုပြီး
ဝိုင်းသနားကြ ဂရုဏာသတ်ကြတာပေါ့...

ကျွန်တော်ကတော့ ဂရုဏာမသတ်ပေးနိုင်ဘူး
ဒါလား ယောက်ျား ဒါလား အိမ်ထောင်ဦးစီး
မိန်းမဖြစ်သူမှာ မိမိရင်သွေးလွယ်ထားရပြီ ဆိုကတည်းက
မွေးဖို့ဖွားဖို့ စားဖို့သောက်ဖို့ ကြိုရှာထားရမှာ
အိမ်ထောင်ဦးစီးရဲ့ တာဝန်မဟုတ်ဘူးလား...?
ယူတာတော့ယူတတ်ပြီး အိမ်ထောင်ဦး
တစ်ယောက်ရဲ့ တာဝန် ဝတ္တရားမှမကျေပွန်ရင်
ဒီလူကို ယောက်ျားကောင်း...လို့
သတ်မှတ်လို့ရပါဦးမလား...?

မိန်းကလေးတွေလည်း မကောင်းဘူး
မယူခင် ရှေ့ရေးအတွက် ကြိုစဉ်းစားသင့်တယ်
အချစ်က ကိုက်စားလို့မရဘူး ဗိုက်မပြည့်ဘူး
ကိလေသာ တဏှာရာဂမီးကို ဦးစားပေးပြီး
ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြု ကလေးတွေယူ
ဖြစ်လာမှ မရှူနိုင် မကယ်နိုင် ဘယ်သူ့ကို
အားကိုးရမှန်းမသိ ကိုယ့်ယောက်ျားက
ကောင်းရင်တော့ တစ်မျိုးပေါ့...
ယောက်ျားက $သုံးမကျ
မိန်းမက မထိန်းကွတ်တက်
ဒီအိမ်ထောင်ရေးဟာ ပရမ်းပတာဖြစ်သွားမှာပဲ...

သင်ခန်းစာ ယူကြ ...
မယူခင် စဉ်းစားကြ ...
ကျန်တာတွေကို မိုက်လုံးကြီးပါ ...
မိမိဘဝရှေ့ရေးအတွက်တော့
မိုက်လုံးမကြီးကြပါနဲ့ ညီမငယ်တို့ရေ...

လိုရင် ဖြည့်တွေးကြကွာ
မှားခဲ့ရင်တောင် စေတနာအမှားပါ...᠌᠌᠌

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 63519.79
ETH 3073.58
USDT 1.00
SBD 3.82