Estimate တွက်ရာမှာ materials & labours

in #steemit6 years ago

image

Estimate တွက်ရာမှာ materials & labours ပဲ မဟုတ်ပါဘူး။
ထည့်သွင်းစဉ်းစားတွက်ချက်သင့်တယ် ဆိုတာတွေက …
(1) Tools and Plants (T&P) = 2.5 to 3% of the labour cost
အလုပ်သမားခရဲ့  ၂.၅% ကနေ ၃% အထိ စက်ပစ္စည်းငှားရမ်းခ
(2) Transportation cost more than 8km is considered
၈ကီလိုမီတာထက်ဝေးတဲ့ခရီးတွေဆို သယ်ယူပို့ ဆောင်ခ ထည့်တွက်ရပါမယ်။ ၅မိုင်အထက်ပေါ့။
(3) Water charges = 1.5% to 2% of total cost
Yellow book မှာတော့ L.S. လို့ ပြထားတယ်။ ရေဖိုးက စီမံကိန်းတန်ဖိုးရဲ့  ၁.၅% ကနေ ၂% ပါတဲ့။ သရွတ်တွေ ကွန်ကရစ်တွေ ဖျော်တာအပြင် သန့် ရှင်းရေးလုပ်ငန်းတွေမှာ ကွန်ကရစ် curing လုပ်တာတွေအတွက်ပါ။ လုပ်ငန်းခွင်မှာ သောက်သုံးတဲ့ သောက်သုံးရေအတွက်လဲ ပါပါတယ်။ အလုပ်သမားဥပဒေအရ လုပ်ငန်းခွင်မှာ အလုပ်သမားများကို သောက်သုံးဖို့ အတွက် သန့် စင်သောရေ လုံလောက်အောင် စီမံပေးရမည် ဆိုတာ ရှိပါတယ်။
(4) Contractor’s profit = 10%
ကန်ထရိုက်တာအမြတ်က ၁၀% ပါ။

cost of materials ပစ္စည်းတွေရဲ့  တန်ဖိုးဆိုတာမှာ site နေရာအရောက် တန်ဖိုးပါ။ အဲဒါကြောင့် …
The first cost ( cost at origin) ၀ယ်ယူတဲ့နေရာ
Cost of transport, railway freight (if any), etc. သယ်ယူပို့ ဆောင်ခ
Local taxes and other charges ရောင်းခွန်ဝယ်ခွန်လိုဟာမျိုး ရှိရင် ထည့်ရပါမယ်။

Miscellaneous အမျိုးမျိုး အထွေထွေ။ သောင်းပြောင်း ဆိုပါတော့။ အဲဒါတွေကို yellow book မှာ L.S. တွေနှင့် ပြထားပါတယ်။ ဈေးနူန်းတွေ သေသေချာချာ မေးပြီး ထည့်သွင်းတွက်ချက်ရပါမယ်။ လုပ်ငန်းသေးရင် မသိသာပေမယ့် စီမံကိန်းကြီးတွေမှာ သိသာပါတယ်။

Overhead costs အထွေထွေအသုံးစရိတ်ကိုလဲ ထည့်တွက်ရပါမယ်။ indirect expenses တိုက်ရိုက်မဟုတ်ပဲ သွယ်ဝိုက်ကုန်ကျတာတွေပါ။ overhead costs မှာ general overheads နှင့် job overheads ဆိုပြီး ရှိပါတယ်။

General overheads မှာ

  1. establishments (office staff) လုပ်ငန်းအဖွဲ့ ဖွဲ့ ရတာ။ ၀န်ထမ်းတွေခန့် ရတာ။
  2. stationary, printing, postage ရုံးသုံးစာရွက်စာတမ်းစရိတ်တွေ
  3. travel expense ခရီးသွားစရိတ်တွေ
  4. telephone တယ်လီဖုန်းစရိတ်တွေ။ အခုခေတ်ဆို အင်တာနက်ဖိုးတောင် ပါမယ်ထင်ပါတယ်။
  5. Rent & taxes တစ်ခုခုငှားရမ်းတာတွေ အခွန်ဆောင်ရတာမျိုးတွေ ရှိပါမယ်။

Job overheads မှာ

  1. supervision ( salaries of engineer, supervisor etc) အင်ဂျင်နီယာတွေ ကြီးကြပ်သူတွေအတွက် လစာတွေ။
  2. handling of materials ပစ္စည်းတွေကို စီမံခန့် ခွဲ ကိုင်တွယ်ရတာ။ စတိုတွေ ဆောက်ရတာ စတိုကိုင်တဲ့ ၀န်ထမ်းတွေ ခန့် ၇တာ။
  3. repairs, carriage, depreciation of T&P စက်ပစ္စည်းတွေ ပြုပြင်ရတာ၊ သယ်ရတာ၊ တန်ဖိုးလျော့ကျမှု တွေ။
  4. labour amenities အလုပ်သမားရေးရာ ကိစ္စများ
  5. workers compensation, insurance etc. အလုပ်သမားတွေ တစ်ခုခုဖြစ်ရင် ပေးရတဲ့ နစ်နာကြေးနှင့် အာမခံထားရတာတွေ။
  6. interest on investment စီမံကိန်းရင်းနှီးမြုတ်နှံမှုရဲ့  အတိုးငွေ။ ချေးငွေနှင့် တည်ဆောက်တာမျိုးအတွက်။
  7. losses on advances အကြိုလုပ်ငန်းတွေမှာ လေလွင့်ဆုံးရှုံးမှုတွေ စတာတွေကို ထည့်သွင်းစဉ်းစား တွက်ချက်ရပါမယ်တဲ့။

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70351.33
ETH 3563.43
USDT 1.00
SBD 4.72