Two way installation

in #steemit6 years ago

image

အိမ်မက်မြစ်ဖျား


ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် ကျနော်အခု မီးအလုပ် လုပ်နေတယ်ဆိုတာ
ဝါသနာပါလို့မဟုတ်ဘူး ကိုယ့်ဆရာတို့ရေ။ ပိုက်​ဆံ လိုချင်လို့ပေါ့ ဗျာ ရှင်း
နေတာပဲကို။ ကျနော်က လုပ်သာလုပ်နေရတယ် စိတ်ကအလုပ်ထဲမှာ
မရှိဘူးဗျို့ ။ အချိန်မြန်မြန်ကုန်ဖို့ပဲ စဉ်းစားနေတာပါ။

ကျနော့စီနီယာတွေက ခိုင်းရင် ခိုင်းတာကိုလုပ်လိုက်တာပဲ။ တတ်ချင်စိတ် 
သိချင်စိတ်က လုးံလုးံကို မရှိတာ ကိုယ့်ဆရာရေ။ သူတို့တွေ ဘာတွေလုပ်
နေမှန်းလဲ မသိပါဘူးဗျာ။

 ![image](https://img.esteem.ws/g7irf12b1s.jpg)

တစ်နေ့ အိမ်တစ်လုးံ မီးဆင်ပြီးသွားတော့ ခလုတ်တွေကို ချောက်ဂျက်
ချောက်ဂျက်နဲ့ နှိပ်ပြီး မီးလင်းမလင်း လိုက်စမ်းကြတာဗျာ လှေကားမှာ
ဆင်ထားတဲ့ မီးတစ်ပွင့်က မိုက်တယ်ဗျာ။ အပေါ်ထပ်က ခလုတ်ကို နှိပ်နှိပ်
အောက်ထပ်က ခလုတ်ကို နှိပ်နှိပ် အဖွင့်အပိတ်လုပ်လို့ရတယ်ဗျို့ ။
 ![image](https://img.esteem.ws/pjtxtb2lyv.jpg)

ကျနော်တော်တော်ကို သဘောကျသွားတယ်။ စိတ်ထဲမှာလဲ ထူးဆန်းမှုတွေ
ပါခံစားလိုက်ရပါတယ်။ အဲဒီလိုမျိုးကို လုပ်တတ်ချင်စိတ်လဲ အရမ်းဖြစ်
လာပါတယ်။ ဘာဖြစ်​လို့လဲ ဆိုတော့ ကျနော့အိမ်မှာဆင်ပြီး အမေတို့
အဖေတို့ကို ကြွားချင်လို့ပါ။

ညနေအလုပ်သိမ်းပြီဆို အိမ်မပြန်ကြခင် လက်ဘက်ရည်ဆိုင် ထိုင်ကြတာ
ကျနော် တို့အဖွဲ့ရဲ့ ထုးံစံလိုဖြစ်နေပါပြီ။ လက်ဘက်ရည်ဆိုင် မှာကအလုပ်
ထဲက အခက်​အခဲ တွေ မသိတာတွေကို ဆရာ့ကိုမေးရင် ဆရာကပြောပြ
နေကြဆိုတော့ လက်ဘက်ရည်ဆိုင် ဟာကျနော်တို့ အတွက် စာသင်ကျောင်း
လိုဖြစ်နေတာပေါ့ကိုယ့်ဆရာတို့ရာ။

 ![image](https://img.esteem.ws/c4emy0a7ke.jpg)

အခုလဲ ထုးံစံအတိုင်းပေါ့။ နေ့ခင်းက လှေကားမီးအကြောင်း ဆရာ့ကိုမေး
ရတာပေါ့ဗျာ။ အေးကွ ဟေ့ကောင်ရ အဲဒါ two way ဆင်တယ်လို့ခေါ်တယ်ကွ။
မီးပွင့်ကို နေရာနှစ်ခုကနေ ထိန်းချုပ်တယ်လို့ခေါ်တယ်။ အဲဒီလို နေရာနှစ်ခုကနေ
အပိတ်အဖွင့် လုပ်ချင်တယ်ဆိုရင် two way ခလုပ်နှစ်ခုလိုတယ်ကွ။ two way
ခလုတ်ဆိုတာ ရိုးရိုး ခလုတ်လို ငုတ်နှစ်ငုတ်မဟုတ်ပဲ။ သုးံငုတ်ပါတယ်ကွ။

အဲဒီသုးံငုတ်ကို A.B.C လို့ နာမည်ပေးထားတယ်ဆိုပါတော့။ အနေအထား
တစ်ခုမှာ B က Aနဲ့ ထိနေတယ်။ နှိပ်လိုက်ရင် B က Aနဲ့ မထိတော့ပဲ C နဲ့
ပြောင်းထိတယ်။ ပြန်နှိပ်လိုက်ရင် B က C နဲ့မထိတော့ပဲ A နဲ့ ပြန်ထိတယ်။
အဲဒီပုံစံမျိုး two way ခလုတ်က အလုပ်လုပ်တယ်။ သူ့ကို ဒီလိုဆင်ရတယ်
ဆိုပြီး ပုံဆွဲပြပါတယ်။

နောက်တစ်ခါ မီးပွင့်ကို နှစ်နေရာမဟုတ်တော့ဘူး။ နေရာနှစ်ခုထက်ပိုပြီး 
နေရာပေါင်းများစွာကနေ အဖွင့်အပိတ်လုပ်ချင်တယ်ဆိုရင်တော့ 
INTERMEDIATE SWITCH ( အင်တာမိဒိယက် ခလုတ် ) တွေ သုးံဖို့
လိုလာပြီကွ။ 

အင်တာမိဒိယက် ခလုတ် ကြတော့ လေးငုတ်ပါတယ်။ အဲဒီလေးငုတ်ကို
A.B.C.D လို့ နာမည်ပေးထားတယ်ဆိုရင် အနေအထားတစ်ခုမှာ
A က C ကို ထိနေပြီး B က D ကို ထိနေတယ်။ ခလုတ်နှိပ်လိုက်ရင်
A က D ဘက်ကိုပြောင်းထိပြီး B ကလဲ C ဘက်ကို ပြောင်းထိတယ်။
ပြန်နှိပ်လိုက်ရင် အရင်အတိုင်း ပြန်ထိနေမယ်။ ဒါက လေးငုတ်ပါတဲ့
အင်တာမိဒိယက် ခလုတ် ရဲ့ အလုပ်လုပ်ပုံပဲ။

နေရာပေါင်းများစွာကနေ မီးပွင့်ကို ထိန်းချုပ်ချင်တယ်ဆိုရင်တော့
ထိပ်ပိတ်နောက်ပိတ်ကို two way ခလုပ်တွေထားပြီး အလယ်မှာ 
INTERMEDIATE SWITCH တွေကို ကိုယ်လိုသလောက် ထည့်ပြီး
သုးံပေးရမယ် ဆိုပြီး ဆရာက ပုံထပ်ဆွဲပြပေးပါတယ်။

အရေးကြီးတာက two way ဆင်တုန်းက two way နှစ်ခုကြားကကြိုးတွေ
ဘယ်ညာလွဲပြီး cross ဖြစ်လို့ရပေမယ့်၊ အင်တာမိဒိယက် နှစ်ခုကြားက
ကြိုးတွေက ဘယ်ညာလွဲပြီး cross ဖြစ်လို့မရဘူး။ တကယ်တော့ ငါတို့ မီးအလုပ်
ဆိုတာလွယ်လွယ်လေးကွ။ မီးခလုတ်တွေ ပစ္စည်းတွေကို ငါတို့က တီထွင်ပေး
ရတာမဟုတ်ဘူး။ ဒီခလုတ် ဒီပစ္စည်းတွေမှာပါတဲ့ အပေါက်တွေ ငုတ်တွေမှာ
ဘယ်ကြိုးကို ဘယ်လိုထည့်ရမယ်လို့ သိရင် အားလုးံကိုဆင်လို့ရတယ်ကွလို့
ရှင်းပြပါတယ်။

မီးဆင်တာကို လုးံဝစိတ်မဝင်စားခဲ့တဲ့ကျနော်ဟာ two way တစ်ခုရဲ့ ဆင်ပုံ
ဆင်နည်းလေးကို စပြီးသိလိုက်ရကတည်းက မီးဆင်တဲ့ ပညာကို စိတ်ဝင်စား
တတ်ချင်စိတ်ကို ကြီးထွားလာစေတော့တာပဲဗျာ။

အိမ်ရောက်တော့ အိမ်မှာ two way ခလုတ်လေးဆင်ပြီး မိဘတွေကို ဖွင့်ပြပိတ်ပြပြီး
ကျနော်ဆင်တတ်ကြောင်းကို ကြွားတော့တာပေါ့ ကိုယ့်ဆရာတို့ရာ။

MyatMin Thuya Kyaw

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.039
BTC 70112.96
ETH 3549.99
USDT 1.00
SBD 4.71