VCB/GCB ရဲ့ OPERATION MECHANISM - AC/DC SUPPLY

in #steemit6 years ago

image

VCB/GCB ရဲ့ OPERATION MECHANISM - AC/DC SUPPLY အလုပ်လုပ် ပုံ များရှုပ်ထွေးနေသလား....

DC OUTPUT VOLTAGE
VCB ၊ GCB တွေကို တပ်ဆင်တာ ၊ WIRING ပြုလုပ်တာက ပုံမှန်ပြုလုပ်တပ်ဆင်နေကျ အင်/ယာ တွေအတွက် ခက်ခဲမှု မရှိသော်လည်း ( အခုမှ စတင်ပြီး အလုပ်ဝင်လာသူတွေ အတွက် အစဦးကာလမှာ ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ် )
ဒါကတော့ ကျနော်တို့အလုပ်ခွင်ထဲက ညီငယ်တွေအတွက်ပါ ညီငယ်တွေက GCB/VCB စတဲ့ CIRCUIT BREAKER တွေမှာ AC/DC SUPPLY တွေတပ်ဆင်ရတာနဲ့ပတ်သတ်ပြီး ရှုပ်ထွေးမှုရှိပြီး ဒီ BREAKER တွေမှာ တပ်ဆင်ထားသော WIRING တွေကို ပြစ်ချက်တစ်ခုခုဖြစ်ပေါ်ပါ က အမြန်ဆုံးစစ်ဆေးချင်တယ်ဆိုလို့ ဆွေးနွေးဖြစ်တာတစ်ခုပါ။

image

CIRCUIT BREAKER တခုရဲ့ circuit ကို ပိတ်ခြင်း /ဖွင့်ခြင်း ( Making /Breaking operation တွေ ) မှန်ကန်စွာအလုပ် လုပ်ဖို့ အတွက် နဲ့ အကြောင်းတစုံတရာကြောင့် FAULT ဖြစ်ရင် ဒီ BREAKERရဲ့ Breaker contact တွေကို အလိုအလျောက် အတင်အချ ( MAKING/BREAKING) Operation ပြုလုပ်နိုင်အောင် BREAKER MECHANISM အတွင်းမှာ BREAKER ARM ကို SPRING တင်းအားတစ်ခုရရှိနိုင်အောင် MOTOR တစ်လုံးနဲ့ လှည့်ပြီး စပရင်တင်းအားတစ်ခုရရှိအောင်လုပ်ထားပေးရပါတယ်၊ဒီမော်တာကို SPRING CHARGE မော်တာလို. ခေါ်ပါတယ်

image

             ၊ဒီလိုဘဲ ဒီ တင်းအားရှိပြီး အလုပ်လုပ်နေတဲ့ BREAKER ကို ( CIRCUIT CLOSE ) ဖြစ်စေတာကို CLOSING COIL ကို VOLTAGE ပေးခြင်းဖြစ် BREAKER CONTACTတွေ ကို ကပ်စေပြီး - FAULT ဖြစ်ပါက PROTECTION RELAY တွေက တဆင့် ဒီ BREAKER MECHANISM ရဲ့ TRIPPING COIL ကို COMMAND လှမ်းပေးခြင်းအားဖြစ် ဒီ BREAKER က BREAKER CONTACT တွေကို ( OPEN CIRCUIT ) ကွာသွားစေပြီး FAULT ဖြစ်တဲ့ အပိုင်းတွေကို ပိုင်းခြားဖြတ်တောက်လိုက်ပါတယ်။ဒီလိုနည်းလမ်းအားဖြစ် SPRING CHARGE MOTOR / CLOSING COIL / TRIPPING COIL / PROTECTION RELAY စတာတွေက အချိန်ကိုက် ( အချိုးညီညီ ပေါင်းစပ်လုပ်ကိုင်ခြင်းအားဖြစ် ) BREAKER တစ်လုံးရဲ့  အခြေခံ အလုပ်လုပ်ဆောင်မှုဆိုပြီး ဖြစ်လာပါတယ်။

            ဒီနေရာမှာ ကျနော်တို့ အာရုံစိုက်ရမှာက ဒီ BREAKER ရဲ့ SPRING CHARGE MOTOR ရဲ့လည်ပတ်မှုက က AC Power Supply နဲ့ အလုပ် လုပ်တာလား DC Power Supply  နဲ့အလုပ်လုပ်တာလား၊ AC/DC UNIVERSAL Power Supply   TYPE လား OPERATION VOLTAGE RATING ဘယ်လောက်လဲ၊ဒါတွေကို ကျနော်တို့အာရုံစိုက်ရမှာပါ များသောအားဖြစ် BREAKER CONTROL CIRCUIT / MAIN SINGLE LINE DRAWING တွေမှာ VCB/GCB/BREAKER တွေရဲ့ SPRING CHARGE MOTOR ရဲ့ DATA တွေ TRIP COIL/CLOSE COIL OPERATION VOLTAGE တွေကို ဖော်ပြထားလေ့ရှိပါတယ်။

image

VCB/GCB BREAKER တစ်ခုရဲ့ AC SUPPLY ကိုအသုံးပြုသောနေရာများ
VCB တစ်လုံးမှာ AC 230 V ကို အဓိက SUPPLY ၂ ခုခွဲသုံးသင့်ပါတယ် ( တချို့ breaker တွေမှာတော့ ဒီ supply ကို ရောသုံးကျပါတယ် ) ။
AC. Supply ကို အသုံးပြုသော နေရာတွေကတော့
1.VCB SPRING CHARGE MOTOR POWER SUPPLY ( ဒီနေရာမှာ UNIVERSAL MOTOR လဲဖြစ်နိုင်ပါတယ် )
2.PANEL INTERNAL LIGHTING CIRCUIT / PANEL AUXILIARY SOCKET OUTLET / PANEL SPACE HEATER ,ANNUCIATOR စတာတွေက AC SUPPLY ကို အသုံးပြုကျပါတယ်၊
VCB BREAKER တစ်ခုရဲ့ DC SUPPLY ကိုအဓိကအသုံးပြုသောနေရာများ
VCB မှာ DC SUPPLY ကို အသုံးပြုသောနေရာတွေက
1.CONTROL CIRCUIT အနေနဲ့
CB CONTROL CIRCUIT မှာပါဝင်တဲ့ VCB ရဲ့ CB CLOSING COIL ( breaker contact ကို ကပ်စေခြင်း ) နဲ့ CB OPENING COIL ( breaker. Contact တွေကို ကွာစေခြင်း ) တွေ အတွက်သက်ဆိုင်ရာ RELAY COIL တွေကို. DC supply ပေးရပါတယ်။
2.SIGNAL CIRCUIT အနေနဲ့ BREAKER နဲ့ တခြား EARTH SWITCH တွေရဲ့အလုပ် လုပ်ဆောင်မှု အခြေအနေကိုပြတဲ့ အချက်ပြတွေဖြစ်တဲ့
CB OPEN ဖြစ်နေလား / CB CLOSE ဖြစ်နေလား / CB TEST POSITION လား SERVICE POSITION. လား / EARTH SWTCH တွေ ချထားလား /တင်ထားလား စတဲ့ STATUS စတာတွေကို DC SIGNAL CIRCUIT အနေနဲ့ supply ပေးပို့ တပ်ဆင်ရပါတယ်၊
မတူညီသော စနစ်တချို့မှာတော့ DC SUPPLY ကို SPRING CHARGE MOTOR နဲ့ SIGNAL CIRCUIT / RELAY POWER SUPPLY ( PROTECTION SECTION ) အတွက်ပါသုံးတာမျိုးရှိပါတယ်။ ဒီအခါမှာ DC SUPPLY ကို ( မတူညီသော )သီးခြား SOURCE အနေဖြစ် SPRING CHARGE MOTOR အတွက် DC SUPPLY တစ်လိုင်း နဲ့ SIGNAL & PROTECTION ( RELAY POWER SUPPLY ) အတွက် တစ်လိုင်း ဆိုပြီး ၂ လိုင်းခွဲပြီးပေးထားရပါတယ်။ ဒါမှသာ အကြောင်းတစ်စုံတစ်ရာကြောင့် SPRING CHARGE MOTOR ( FAIL / BURNT ) ဖြစ်၍ SUPPLY BREAKER TRIP ဖြစ်ခဲ့ရင်တောင်မှ ( MOTOR SUPPLY BREAKER TRIP ) ဖြစ်သော်လည်း ( PROTECTION SUPPLY နဲ့ SIGNAL SUPPLY ) အတွက် သီးခြား DC SOURCE က ရောက်ရှိနေမှာဖြစ်ပါတယ်။
ဒီအချက်အလက်တွေက MV ပိုင်းမှာ DESIGN ENGINEER လုပ်သူတွေ/QS တွေအတွက် WIRING BQ တွက်ချက်ရာမှာ နဲ့ AC - DC DISTRIBUTION BOARD တွေ DESIGN လုပ်ရာ တွက်ချက်ရာမှာ OUTGOING MCB အရေအတွက် WIRE ကြိုးအရွယ်/SIZE စတာတွေကို ကြိုတင်တွက်ချက်ထားနိုင်ပါတယ်။
ဒီလို နည်းလမ်းအားဖြစ် ကျနော်တို့ တပ်ဆင်မှုမှာ AC / DC supply ရွေးချယ်မှု ကိုယ်ရဲ့ WIRING ကျန်မကျန်ကို အလွယ်တကူသိနိုင်စစ်ဆေးနိုင်ပါပြီ။ ပြောရရင် VCB / GCB တစ်ခုမှာ AC Supply မရှိသော်လည်း DC supply ရှိနေရင် Spring charge motor ကို Manual လှည့်တင်ပြီး ဒီ Breaker ကို DC Voltage နဲ့ အတင်အချ/အကပ်အခွာပြုလုပ်လို့ရပါတယ်။ဒီလိုဘဲ AC မီးပျက်နေသော်လည်းstation blackout ဖြစ်နေသော်လည်း DC voltage က သက်ဆိုင်ရာ Relay protection တွေကို supply ပေးပြီး ဓာတ်အားခွဲရုံရဲ့ protection စနစ်ကို ဆက်လက်အသက်ဝင်နေစေပါတယ်။ ဒီတော့ VCB /GCB ရဲ့ အရေးပါသော အလုပ်လုပ်ဆောင်တဲ့ Mechanism တွေ နဲ့ protection circuit တွေ အခြေအနေပြ signal circuit တွေကို DC Voltage ကိုမပြတ်တောက်အောင်ပေးထားရပါတယ်။
DC နဲ့ ပတ်သတ်ပြီး ပြောချင်တာက ခွဲရုံ တစ်ခုမှာဘယ် လောက် DC VOLTAGE သုံးမယ်ဆိုတာကို ဘယ်အရာတွေက ဆုံးဖြတ်ပေးလဲ DC 110 သုံးမလား DC 230/220 သုံးမလား ကိုယ်သုံးချင်သလို သုံးမလား ၊ မရပါဘူး ခွဲရုံ တစ်ခုလုံးရဲ့ PROTECTION DEVICE ဖြစ်တဲ့ RELAY တွေကို ဘယ်လောက် DC SUPPLY ပေးရမလဲ DC 110 V လား DC 230/220 V လား .....ဒီလိုဘဲ CIRCUIT BREAKER ကို PROTECTION စနစ်အရဖြုတ်ချပေးမယ့် TRIPPING COIL တွေ CLOSING COIL တွေက DC ( WORKING VOLTAGE ) ဘယ်လောက် VOLTAGE နဲ့ အလုပ် လုပ်တာလဲ DC SUPPLY 110 V လား 230 V လား ဒီအခြေအနေတွေ ပေါ်မူတည်ပြီးမှ ကျနော်တို့က DC 110 or DC 230/220 ဆိုပြီး အသုံးပြုတာပါ၊
နောက်တခု ပြင်ပ အသုံး အနှုန်း နဲ့ မတူတာက SUBSTATION တွေမှာ က ခေါ်ဝေါ်တာက BATTERY BANK & BATTERY CHARGER ပါ။ BATTERY BANK လို့ပြောတော့ တစ်လုံးထပ်ပိုသော BATTERY CELL တွေကို စုစည်းထားတာပါ ။ အလွယ်ပြောရရင် ခွဲရုံ မှာ အဓိက သုံးသော BATTERY TYPE ( ၂ ) မျိုးက က LEAD ACID နဲ့ Ni Cd ပါ
ဒီနေရာမှာ အကျဉ်းချုပ် လေ့လာသင့်သော ( စကားလုံးများမှာ )
Nominal Voltage ( Cell/Vtg )
BATTERY CELL တစ်ခုရဲ့ NOMINAL VOLTAGE ဆိုတာက သက်ဆိုင်ရာ BATTERY အတွင်း ( ဖြည့်သွင်းထားသော ACID ပျော်ရည် အတွင်းရှိ BATERY POSITIVE TERMINAL နှင့် BATTERY NEGATIVE TERMINAL ကြားတွင်ရှိနေသော VOLTAGE ခြားနားမှုကို ဆိုလိုရင်းဖြစ်ပြီး LEAD-ACID BATTERY အတွက် NOMINAL VOLTAGE မှာ 2V/Cell ဖြစ်ပြီး ( NiCd ) BATTERY အတွက် NOMINAL VOLTAGE မှာ 1.2V/Cell ဖြစ်ပါသည်။
Numbers of Cells ( ပုံမှန် တွက်ချက်ပုံ )
LEAD ACIDဆိုရင် cell/Vtg က 2 V / cell ပါ Ni Cd ဆိုရင် cell / Vtg က 1.2 V/ Cell ပါ ဒီတော့ 110 V DC SYSTEM မှာဆိုရင် ( ကျနော်တို့ ကြုံဖူးသမျှကတော့ ) LEAD ACID သုံးရင် 55 လုံး သုံးလေ့ရှိပြီး ၊ Ni Cd ဆိုရင် 92 လုံး ( ဉပမာ ) သုံးလေ့ရှိပါတယ်။
ဒီနေရာမှာ သက်ဆိုင်ရာ DC OUTPUT VOLTAGE ကိုလိုက်ပြီး BATTERY BANK MANUFACTURE / SUPPLIER က ဒီ WORKING VOLTAGE အတွက် ဒီ BATTERY CELLS အရေ အတွတ်ကို အတိအကျ တင်သွင်းလေးရှိပါတယ်၊
ဒီထက်ပိုပြီး ( INSTALLATION ပြုလုပ်သူ အတွက် မဟုတ်ဘဲ ) DESIGN တွက်ချက်သူတွေအနေနဲ့ ထပ်မံစဉ်းစားရမှာက BATTERY CELL တခုရဲ့
• FULLY CHARGE ဖြစ်နေသော အချိန်မှာရှိနေနိုင်သော VOLTAGE ( MAXIMUM VOLTAGE )
• NORMAL OPERATION မှာဖြစ်နေသော TERMINAL VOLTAGE နဲ့
• FINAL အသုံးပြုနိုင်သော ( CELL END VOLTAGE ) ကို
မိမိခွဲရုံမှာတပ်ဆင်ထားသော DC သုံး ELECTRIC DEVICES များ၏ ( အနည်းဆုံးနဲ့ အများဆုံးလက်ခံနိုင်သော VOLTAGE ပမာဏ အတွင်းရှိနေအောင် ) WORKING VOLTAGE RANGE တနည်း VOLTAGE WINDOW အတွင်းရှိနေအောင် ကြိုတင်တွက်ချက်မှာယူသင့်ပါတယ်။ဒီလိုဘဲ တပ်ဆင် BATTERY BANK နဲ့ EQUIPMENT ကြား ( အဝေးဆုံးရှိနိုင်သော အကွာအဝေးကို တွက်ချက်၍ DC LINE LENGTH / VOLTAGE DROP ကို ကြိုတင်စစ်ဆေးမှသာ ( CHARGER OUTPUT VOLTAGE ) နှင့် SWITCHYARD အတွင်းရှိ GCB/ DS စသော EQUIPMENT များသို့ရောက်ရှိ VOLTAGE ကို နှိုင်းယှဉ်စစ်ဆေးရမည်ဖြစ်သည်။
ကျနော့ရဲ့ အတွေ့အကြုံအရ အချို့သော OUTDOOR GCB များ၏ OPERATION MECHANISM / MOTOR များ သည် ၎င်းတို့သတ်မှတ်ထားသော DC WORKING VOLTAGE ( VOLTAGE WINDOW ) ဉပမာ + 10 % , - 15 % အတွင်းမရှိပါက မည်သို့မျှအလုပ် လုပ်ဆောင်နိုင်ခြင်းမရှိသည်ကို တွေ့ကြုံဖူးပါသည်။
ဒီလိုဘဲ ထွက်တဲ့  BATTERY VOLTAGE ကို BATTERY CELLS အလုံးရေနဲ့ အတိုး အလျှော့ လုပ်လို့ရနိုင်ပါတယ် ( BATTERY BANK ) ဘက်မှာပါ၊ ....တာရှည်နဲ့ လုံးဝ မလုပ်သင့်တာက BATTERY CHARGER တွေရဲ့ output voltage တွေပါ ဓာတ်အားခွဲရုံတွေမှာ သုံးတဲ့ BATTERY CHARGER ရဲ့ output voltage က လုံးဝ အတိအကျပါ 110 V OUTPUT 30 A BATTERY CHARGER ဆိုရင် 110 V ( ဒီနေရာမှာ FLOAT CHARGING / BOOST CHARGING ကို ခဏမေ့ထားပါ ) 110 V DC ဘဲ ထွက်ပါတယ်။
ပြောချင်တာက 110 V DC CHARGER ကနေ 230 V or တခြား DC OUTPUT Voltage rating တစ်ခု ထုတ်ယူဖို့ဆိုတာက ( သတ်မှတ်မထားသော / ခွင့်ပြုထားခြင်းမရှီသော နည်းလမ်းဖြစ် CHARGER ရဲ့ အတွင်းပိုင်း SCR MODULE များ၊ FIRING ANGLE ကိုချိန်ညှိသော ELECTRONIC DEVICE များ ၊ ပြင်ပပစ္စည်း တွေကို ပြုပြင်ပြောင်းလဲမှု မရှိရင် ) ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ မဖြစ်နိုင်တဲ့အပြင် ဒီလိုနည်းလမ်းအားဖြစ် DC Voltage rating ကို အတိုးအလျော့ မလုပ်သင့်ပါဘူးဆိုတဲ့အကြောင်းတော့ အလုပ်ထဲက ညီလေးတွေကို ပြောပြဖြစ်ပါတယ်။
Credit, google photo

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.034
BTC 64418.55
ETH 3157.64
USDT 1.00
SBD 4.06