ခေတ်​ကို သ​ရော်​ကြည့်​ခြင်း

in #steemitblogger6 years ago

*** လုပ်​ထုံးလုပ်​နည်း ***

ကြီးခြင်းကျယ်​ခြင်း​တွေနဲ့ ဖိသတ်​ပစ်​လိုက်​မယ်​...
သက်​ကြီးသံ သြသြကြီး​တွေက​နေ
ရေမ​ရောတဲ့ ​လေ​ပေါ​ပေါကြီး​တွေ
ထွက်​...ထွက်​...ကျလာတတ်​တဲ့အခါ
သူ့ဝတ်​စုံကို ဦးညွှတ်​ဖို့
ဖင်​တွန့်​ ​ခေါင်းတွန့်​ နည်းနည်းလည်း ရွံလာတယ်​...
ဘာကြီးလဲ
ဘာမှ မကြီးပါဘူး..
ခြောက်​​ပေပါ..
အခု ​ခြောက်​​ပေ​တောင်​ မရ​တော့ဘူး ​နေရာကျဉ်းလာလို့ ..
ဒါ​ပေမယ့်​ သူကြီးချင်​တာကြီးဖို့
သူပြချင်​တာကို ပြတယ်​....

ရယ်​စရာကြီးပါကွယ်..
သူ့ မျက်​မှန်​က colour blind လို့ ​ပြောလိုက်​ရင်
ကြီးကျယ်​ခမ်းနားတဲ့ စာအုပ်​ထူကြီးဆီက​နေ ဘီလူးနက္ခတ်​အနားကွတ်​ထားတဲ့ အကြည့်​စူးတစ်​ချက်​..
အားလုံး ​လောင်​သွားကြမယ်​..
ဒီစာအုပ်​ကို ငါ အားလုံးသိတယ်​..
မင်းသိလားတဲ့
ခေါင်းငုံ့လို့ ဟင့်​အင်းလို့ ငြင်းချလိုက်​တယ်​..

သိပါဘူး
တိမ်​သူက တိမ်
နက်​သူကနက်
လောကဇာတ်​ကွက်​ထဲမှာ မရိုးမရွ​လေး​တွေ ကိုယ်​ထင်​ပြလာတတ်​တာပါ...

ငါက အဲ​လေ ငါတို့က​တော့ သိပါဘူး
စေတနာလတ်​လတ်​ဆတ်​ဆတ်​ဆိုရင်​ ပက်​ပက်​စက်​စက်​ မက်​​မောတယ်​..
မှင်​နီတစ်​ချက်​နဲ့ ဉာဉ့်​နက်​ချင်​တဲ့ အလွှဲဟဟ​တွေကြားဟာ သပွတ်​အူအလယ်​ ပင့်​ကူအိမ်​​ဆောက်​ထားသလိုပဲတဲ့..

ရယ်​စရာကြီးပါကွယ်​..
ငါတို့က ​ချောက်​ကြို​မြောင်​ကြားက ​ပြေးတယ်​..
ငါတို့က ဖိနပ်​မစီးနိုင်​ဘူး​လေ..
နောက်​​ဆုံး​ပေါ်ကားနဲ့ ကတ္တရာလမ်းမ​ပေါ်က ​အော်​တယ်​...
" ​ဟေး အရိုင်းအစိုင်း​တွေ "တဲ့..
သိပါဘူးကွယ်​..
ငါတို့က တာဇံ..

စည်းအလွှဲ ​ဘောင်​အ​ချော်​ထဲက
ကကြိုးရုပ်​​တွေရဲ့ သစ္စာ​ကို ကြည့်​ရတာ
နည်းနည်း​လေးများ နှာ​မောင်းဆန်​တယ်​..
ပြချင်​တာ​တော့ အစွယ်​ပဲ ဖြစ်​မယ်​..
(ငါ​တော့ နှာ​မောင်းကိုပဲ မြင်​တယ်​..)

ငါတို့ကို နင်းမိမှာစိုးလို့ တိမ်း​ရှောင်​လိုက်​တယ်​..ငါ့ယပ်​​တောင်​​လေးကို မကြည့်​ပဲ ဖိနင်းသွားတာ ဘယ်​​တော့မှ ​ဖောင်းမလာ​တော့ဘူးကွယ်​..
သူ့လမ်း သူသွားတာပါ​လေ..
တရားတဲ့ဘုရားက ကံအ​ကြောင်း ​ဟောထားတာကို ငါ ​ကောင်း​ကောင်း နား​ထောင်​ဖူးတာပဲ..
သူက​တော့ နားမ​ထောင်​ဖူးဘူးထင်​တယ်​...

ရယ်​စရာကြီးပါကွယ်
ငါတို့ လည်​ပင်းမှာလည်း လည်​ပတ်​မရှိဘူး
ငါတို့ နှာ​ခေါင်းမှာလည်း ကြိုးမရှိဘူး...
ငါတို့ ဆီမှာ ​ပေတစ်​ရာမည်းနက်​နက်​လည်း မရှိဘူး..
ပေတစ်​ရာ​ပေါ်က အ​ကြွေကိုလည်း ​ကောက်​စရာမရှိဘူး...

သိပါဘူးကွယ်
ငါတို့က
ဖိနပ်​စီးမသင်​ခဲ့ရတဲ့....တာဇံ....
နွယ်​ကြိုး​တွေကို ခိုစီးပြီး သစ်​ကိုင်း​တွေ​ပေါ် ခုန်​တက်​လို့ သစ်​သီး​လေး​တွေ စား​နေရတာကိုပဲ သိတယ်​...
ငါတို့က တာဇံ....

I'm ATM.
Msu 021
image

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64107.21
ETH 3073.84
USDT 1.00
SBD 3.88