စိတ်သွားတိုင်း ကိုယ်မပါနိုင်

in #steempress5 years ago


အခုတလော ကျန်းမာရေးက အနည်းငယ် ညံ့နေလို့ စိတ်သွားတိုင်း ကိုယ်မပါနိုင်ဘူးဖြစ်နေပါတယ်

ညပိုင်းတွေလည်း အရမ်းကို အေးလာလို့ အရင်လို အချိန်များစွာ မပေးနိုင်တော့ဘူး

ညဆိုရင် အေးချက်က ရက်စက်ပါတယ် ဆယ့်နှစ်နာရီ နောက်ပိုင်းဆိုရင် ဘယ်လိုမှ ထိုင်လို့မရတော့ဘူး

အိပ်ရာထဲကနေလည်း သုံးလို့ အဆင်မပြေဘူးလေ

ထိုင်သုံးပြန်တော့လည်း ခြေတွေ လက်တွေ နားရွက်တွေက အေးခဲလာပါတော့တယ်

ကျန်းမာရေးကလည်း မပြည့်ဝသေးတော့ ခပ်စောစောဘဲ အနားယူလိုက်တော့တယ်

ဒီတော့ အလုပ်တွေက အချိန်မှီမပြီးတော့ပါဘူး

ကောင်းနိုးရာရာ စိတ်ကူးဖို့ နေနေသာသာ လုပ်ရိုးလုပ်စဉ်တွေ ပုံမှန်လုပ်နေကျလေးတွေကို

သေချာ ဒေါင့်စေ့အောင် မလုပ်နိုင်တော့ပါဘူး

အခုဆိုရင် အလုပ်အကြွေးတွေက များစွာတင်လာပါတယ်

အရင်လို သွက်သွက်လက်လက်နဲ့ လျှင်လျှင်မြန်မြန် လုပ်လိုက်ချင်ပေမယ့်

အခြေအနေက ဘာမှန်းမသိတော့ ပိုပြီး လုပ်ရတာ အားပျော့စေပါတယ်

ကောင်းမွန်တဲ့ အခြေအနေမှာ လုပ်ကိုင်ရတာ စိတ်ချမ်းသာပါတယ်

အခုကြားနေရတဲ့ သတင်းအချက်အလက်တွေကလည်း စိတ်ပျက်စရာကောင်းပါတယ်

ဘာဖြစ်ဖြစ် မျှော်မှန်းထားတဲ့ အခြေအနေကိုတော့ ရောက်အောင် သွားရပါလိမ့်မယ်

အခြားနည်းလမ်းများလည်း အသုံးပြုရန်လိုပ်အပ်ပါက လေ့လာအသုံးပြုသွားပါမယ်

ဒီအချိန်မှာတော့ ၀င်ရောက်ရင်းနှီးဖို့က အတော်ကို လက်မရဲသင့်သောအခြေအနေဆိုတာ

လူတိုင်းသိပါတယ်။ စွန့်စားလွန်းရာလည်းကျနေမလားတွေးမိတယ်

ဟိုတုန်းက ဆုံးဖြတ်ချက်တွေက အခုချိန်မှာ မှားနေတာလည်းဖြစ်နိုင်သလို

မှန်နေတဲ့ အစိတ်အပိုင်းတွေလည်း ရှိပြန်ပါတယ်

ဒါကြောင့် ယခု ဈေးက အောက်ဆုံးကျနေသော်လည်း ထပ်မံ ရင်းနှီးဖို့တော့ ကျောမလုံပါဘူး

ပိုမိုကောင်းမွန်တဲ့ အခြေအနေ တစ်ခုရောက်ရင်တော့ တစ်မျိုး စဉ်းစားရပါလိမ့်မယ်

တစ်ရက်လုပ်စရာ အလုပ်ကို အဲ့ဒီ တစ်ရက်မှာပြီးစိးအောင် လုပ်ထားလိုက်တာကောင်းပါလိမ့်မယ်

နောက်ရက်တွေမှာ တာဝန်တွေက ပိုလာတော့ သိပ်မကြာခင် ဘာမှမလုပ်ချင်တော့တဲ့ စိတ်က အလိုလို

ရောက်လို့လာပါတော့တယ် အားတက်စရာအခြေအနေကလည်း ဘယ်မှာလိုက်လို့ရှာပြီး

ဘယ်အချိန်ရောက်လို့လာမယ် မသိနိုင်သေးပါဘူး

Author : @bobokyaw


Posted from my blog with SteemPress : https://bobokyaw.xopus.io/?p=65

Sort:  

အားမလျော့ပါန့ဲဗျာ။ တစ်ခုခုကို လေ့ လာရင်းရေးပေါ့။နောက်ဆုံး ဘာဖြစ်ဖြစ်အကျိုးမယုတ်ပါဘူး။please, fb name

မင်း သိလာမယ်

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63851.10
ETH 3059.36
USDT 1.00
SBD 3.85