ရုန်းထွက်ရမယ့်လမ်း

in #steempress5 years ago


https://nextcolony.io

အာကာသထဲမှာ လွင့်မျှောနေရင်းနဲ့ လမ်းပျောက်သလိုဖြစ်နေရပါတယ် ဂြိုလ်အသစ် မတွေ့နိုင်သေးတာက အခက်အခဲ တစ်ခုပါဘဲ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုရဲ့ ခက်ခဲခြင်းမျိုးနဲ့ ကြုံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ် ဒါကို ချေဖြတ်ဖို့အတွက် လေးလုံးမြောက် ဂြိုလ် အသစ်လေး လိုအပ်နေပါတယ် ဒီအတိုင်းေ ဖါက်ထွက်ဖို့ မဖြစ်နိုင်ပါဘူး နယ်မြေ တစ်ခုနဲ့ တစ်ခုကြားမှာ အလင်းနှစ် သန်းပေါင်းများစွာ ဝေးလွန်းနေတဲ့အတွက် ထွက်ပေါက် တစ်ခု ရမှ ဖြစ်မှာပါ

အထက်ပိုင်းကို ဖေါက်ထွက်ဖို့ ကြိုးစားကြည့်နေပါတယ် အောက်ပိုင်းကိုလည်း လွှတ်ထားလို့က မရပါဘူး အပေါ်ပိုင်းက ထွက် ပေါက် ရနိုင်မည်လား အောက်ပိုင်းက ထွက်ပေါက် ရနိုင်မည်လားဆိုတာကိုလည်း စောင့်ကြည့်နေရပါတယ် ရှာဖွေရေးကို မျက်နှာနှစ်ခုဖွင့်ပြီး လွှတ်နေရတာကလည်း ဂြိုလ်သစ် ရရှီရေးအတွက်ေ နှာင့်နှေး စေပြန်ပါတယ် တစ်ဖက်ဖက်ကို အားကုန်သုံးပြီး လုပ်ပြန်ရင်လည်း ရွေးချယ်မှု လွဲမှားခဲ့ရင် ထွက်ပေါက် ပိတ်သွားနိုင်ပါတယ်

အခြေအနေကတော့ ဂျင်းထဲ ကြပ်ထဲမှာ ရောက်နေတယ် အနီးအနားက အင်အားကြီးတွေရဲ့ ခြိမ်းခြောက်မှုကလည်း တစ်နေ့ တစ်ခြား အားကောင်းလို့ လာနေတယ် ကိုယ့်အတွက် ဂြိုလ် ဝေစု ရရှိရေးက သံသယ ဖြစ်စရာ ကောင်းလာပါပြီ စိုးရိမ်စရာ ကောင်းနေပါပြီ

အပြောင်းအလဲကတော့ အချိန်တိုင်းမှာ ဖြစ်လာနိုင်ပါတယ် ကံကောင်းခြင်းတွေ ဖေးမရရင်တော့ ဒီအခြေအနေကနေ ရုန်းထွက်နိုင်မှာပါ ကိုယ်အားသန်တာတော့ အထက်ပိုင်းရပ်ဝန်းပါဘဲ အဲ့ဒီလမ်းကြောင်းသာ ပေါက်သွားရင်တော့ အာကာသဂိမ်းမှာ လက်ခမောင်းခက်လို့ ရနိုင်ပါပြီ ထွက်ပေါက် ရနိုင်ခြေကလည်း ရာခိုင်နှုန်း အလွန်နည်းနေပါတယ် တိုက်ပွဲတွရဲ့ သက်ရောက်မှုက အဟန့်အတားဖြစ်လာစရာရှိနေပါတယ်

ဘယ်လို ရုန်းထွက်သွားနိုင်မည်လဲ ဆိုတာကတော့ နောက် တစ်ပါတ်လောက် အကြာမှာ အဖြေပေါ်မှာပါဘဲ အခုတော့ အင်အားကုန်သုံးပြီး ကြိုးစားနေပါတယ် လွတ်လမ်းရှာနေပါတယ်

@bobokyaw.jpg

Author : @bobokyaw



Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/06/07/%e1%80%9b%e1%80%af%e1%80%94%e1%80%b9%e1%80%b8%e1%80%91%e1%80%bc%e1%80%80%e1%80%b9%e1%80%9b%e1%80%99%e1%80%9a%e1%80%b9%e1%82%94%e1%80%9c%e1%80%99%e1%80%b9%e1%80%b8/

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66761.99
ETH 3256.83
USDT 1.00
SBD 4.27