မရလျှင် ရတာလုပ်ပါမယ်

in #steempress5 years ago

အလုပ်တစ်ခုက အမြဲအဆင်ပြေနေတာတော့မဟုတ်ပါဘူး လုပ်ငန်း အဆင်ပြေတဲ့အချိန်တွေရှိသလို လုပ်ငန်း အေးခဲသော နှေးကွေးသောအချိန်တွေလည်းရှိပါတယ် လုပ်ငန်းတစ်ခုက အမြဲ ကောင်းမွန်နေတယ်ဆိုရင်တော့ ဒါဟာ သတိထားစရာ အခြေအနေကို ရောက်နေတယ်လို့ ဆိုရပါမယ် မကြာခင် မှာ အကျဘက်ကို ရောက်သွားနိုင်တယ် အမြဲအစဉ်ပြေနေမှာဘဲဆိုပြီး ကြိုတင် ပြင်ဆင်ထားခြင်းမရှိရင်တော့ ခက်ခဲသော အခြေအနေတွေနဲ့ ကြုံတွေ့ရတက်ပါတယ်

စတီးမစ်မှာလည်း သာတစ်ခါ နာဆယ်လှည့် ဆိုသလိုဘဲ အခိုက်အတန့်အချိန်လေးတွေကို အားမှီပြုရင်း မသေရုံတမည် ရှေ့ဆက်နေရပါတယ် စတီးမစ်ကနေ ထွက်ခွါသွားစေနိုင်လောက်သော အခြေအနေတွေနဲ့ မကြာခဏ ကြုံတွေ့ရပါတယ် ဒါပေမယ့် ကိုယ်ယုံကြည်တာတစ်ခုကို လွယ်လွယ်နဲ့ မစွန့်လွှတ်ချင်တာ ကြောင့် နောက်တနည်းဆိုရရင် မခံချင်စိတ်လေး တစ်ခုကြောင့်လို့ပြောရင်လည်းရပါတယ် ဒါကြောင့် စတီးမစ်မှာ ယခုထိ ဆက်ရှိနေတာပါ ဆုံးရှုံးမှု ကြီးကြီးမားမားတွေ ကြုံရတုန်းကလည်း ဒီယုံကြည်ချက် ဒီမခံချင်စိတ်နဲ့ဘဲ အားတင်း ရှေ့ဆက်လာခဲ့ပါတယ်

ယခုဆိုရင်တော့ စတီးမစ်က လေပြေလေညှင်းလေးတွေ စတိုက်လို့လာပြီ ဆိုနိုင်မလားဘဲ ရုတ်တရက် မုန်တိုင်းတွေဘာတွေ ၀င်လာလဲ မတက်နိုင်ဘူးပေါ့လေ ကိုယ်မှ ဒီရေ ဒီလှေနဲ့ ဝေးရာ မထွက်သွားနိုင်သေးတာဘဲ ရင်ဆိုင်ရမှာပေါ့ ဒါကတော့ ဖြစ်တောင့်ဖြစ်ခဲပါ ကံကောင်းခြင်းကြီးကြီးမားမားတွေ ကြုံတွေ့ရဖို့ ခက်ခဲသလိုဘဲ ခုပြောသလို ကံဆိုးခြင်း အကြီးကြီးတွေကလည်းကြုံတွေ့ရဖို့ ခက်ခဲပါတယ် ဖြစ်တောင့်ဖြစ်ခဲပါဘဲ ဒါကတော့ ကြိမ်နှုန်းအရ ပြောတာပါ ဖြစ်ခဲ့သည်ရှိသော်ပေါ့ အခုတော့ စတီးမစ်က အကောင်းဘက်ကို တော်တော် သွားနေပါပြီ အရှိန်ရစ ပြုနေပြီလို့တောင် သုံးသပ်နိုင်ပါတယ်

စတင်းဈေးနည်းတာ များတာ တစ်ခုတည်းကို ကြည့်ပြီး စတီးမစ်ရာသီဥတု ကို မသုံးသပ်သင့်ပါဘူး အခြားအထောက်အပံ့တွေက ပိုလို့ အရေးကြီးပါတယ် ဥပမာ စတီးမစ်ပေါ်က ပို့စ်တွေနဲ့ စတီးမစ်အသုံးပြုသူတွေကို အကြမ်းအားဖြင့်လေ့လာရင် စတီးမစ်ရာသီဥတုအခြေအနေကို အနီးစပ်ဆုံး ခန့်မှန်းသုံးသပ်နိုင်ပါတယ် အခုတော့ စတီးမစ်ရာသီဥတု ကောင်းစပြုနေပါပြီ ကြီးမားသော အပြောင်းအလဲ တစ်ခု စောင့်နေတယ် ဖန်တီးနေတယ်ဆိုတဲ့ အခြေအနေမှာရှိပါတယ်

အမှန်က ရပိုင်ခွင့်အကြောင်းလေးတွေ ရေးချင်တာ ရေးရင်းနဲ့ ဘယ်တွေ တောင် ရောက်ကုန်သလဲမသိတော့ဘူး နေပါစေတော့ နောင်များမှ အလျှဉ်းသင့်သလို ရေးပါဦးမယ် ဘာပြောပြော စတီးမစ်ပေါ်မှာ ရှိနေရတာကိုဘဲ စတီးမစ်နဲ့အတူ အချိန်တွေကို ကုန်လွန်နေရတာကိုဘဲ စိတ်ထဲက ကျေနပ် နှစ်သိမ့်နေတုန်းဘဲ စတီးမစ်အောင်မြင်လာရင်တော့ ပြောဖွယ်မရှိသော ပီတိအဟုန်တို့နဲ့အတူ စီးမျောရဦးမှာပေါ့လေ အခုတော့ အကောင်းမြင်စိတ်လေးတွေ မွေးပြီး အားတင်းလို့ ရှေ့ဆက်ကြပါဦးစို့လေ

@bobokyaw.jpg

Author : @bobokyaw



Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/04/12/%e1%80%99%e1%80%9b%e1%80%9c%e1%80%bd%e1%80%ba%e1%80%84%e1%80%b9-%e1%80%9b%e1%80%90%e1%80%ac%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%95%e1%80%ab%e1%80%99%e1%80%9a%e1%80%b9/
Sort:  

!bookkeeping magicdice drugwars steemmonsters

Loading...

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64498.18
ETH 3079.08
USDT 1.00
SBD 3.86