ဒိုင်းမွန်းကိုရောက်ပါဦးမည်လား

in #steempress5 years ago

ဘာလိုလိုနဲ့ ဒီနေ့ဆိုရင် စတင်းမွန်းစတား ဂိမ်းလေးက ရာသီလိဒ်အသစ် သက်တမ်းတစ်ဝက်ကျိုးလို့လာခဲ့ပါလေပြီ ရာသီလိဒ် သာ တစ်ဝက်ကျိုးခဲ့သော်လည်း ကိုယ့်ရဲ့ လက်ရှိ အခြေအနေက ဂိုးလိဒ်ကိုတောင် အနိုင်နိုင် ထိန်းထားရပါလေသည် ဂိုးလိဒ်မှာတောင် ဂိုးဝမ်းကို ဟန်မပျက် အမြဲမနေနိုင်ပါဘူး အောက်ကို ဆင်းဆင်းပေးရပါတယ် တဖြည်းဖြည်းနဲ့ တိုက်ပွဲတွေက ခက်ခဲလို့ လာတာ သတိထားမိပါသည်

ပြီးခဲ့သော ရာသီလိဒ်မှာတုန်းကဆိုရင်ဖြင့် ဒီလိုအချိန်တွင် ဒိုင်းမွန်းသို့ ရောက်နေပြီ ဖြစ်ပါသည် အခုတော့ ဒိုင်းမွန်းနားကို မကပ်နိုင်သေးပါဘူး ရမလားလို့ တိုးပြီး တက်ကြည့်ပါသော်လည်း ရှေ့တွင် ကိုယ့်ထက် လေဘယ်မြင့်သောသူများ ရှိလို့ နေလေသည်။ ဒိုင်းမွန်း လိဒ်ကို ရောက်ဖို့အတွက် အတော်လေးကို ကြိုးစားရပါဦးမည် ရောက်တော့ ရောက်နိုင်သည်ဟု ထင်ပါသည်။

ချန်ပီယံလိဒ် အိပ်မက်ကတော့ ထုံးစံအတိုင်းပါဘဲေ၀၀ါးလို့ နေပြီဖြစ်သည်။ ဒိုင်းမွန်းလိဒ်ကို ထိန်းထားနိုင်မှ သာလျှင် ချန်ပီယံကို ရောက်နိုင်မည်ဖြစ်သည်။ ယခုအချိန်ထိအောင် ဒိုင်းမွန်းကို မရောက်သေးတော့ ချန်ပီယံလိဒ်ကိုရောက်ဖို့က မျှော်လင့်ချက် ကင်းမဲ့စရာဖြစ်လို့လာနေပါပြီ

လုပ်နိုင်တာ တစ်ခုတော့ ရှိလို့နေပြန်သည်။ စစ်အင်အားကို ၀ယ်ယူဖြည့်တင်းမည်လား ဒါကလည်း လုပ်ချင်နေတာကြာပြီ အမှားအယွင်းဖြစ်သွားမှာလည်း စိတ်ပူမိနေသည်။ အဓိက ပြသနာကတော့ စတင်းဈေးဖြစ်သည်။ မတက်ဘူး မတက်ဘူးနဲ့ ကိုယ်က စတင်းတွေ ထုတ်ယူသုံးစွဲပြီး ကာမှ ဈေးတက်သွားလျှင် ပက်လက်လန်စေမည်ဖြစ်သည်။ ဒါကြောင့် စစ်အင်အား ၀ယ်ယူဖြည့်တင်းချင်သော်လည်း ထိုအစီအစဉ်အား ရွှေ့ဆိုင်းထားရပါလေသည်။

ဝယ်ယူဖြည့်တင်းမည်ဆိုလျှင်လည်း စတင်းက နှစ်ရာ ၀န်းကျင်ကနေ ငါးရာဝန်းကျင်ခန့်အထိ သုံးရမည်ဖြစ်သည်။ ထိုမျှလောက်သုံးမှသာလျှင် အခြေအနေ ကောင်းတစ်ခုကို ဖန်တီးနိုင်မည်ဖြစ်သည်။ ယခုအချိန်ထိတော့ တွေဝေနေဆဲသာဖြစ်သည်။

@bobokyaw.jpg

Author : @bobokyaw



Posted from my blog with SteemPress : http://www.steemhosting.com/bobokyaw/%e1%80%92%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%80%bc%e1%80%94%e1%80%b9%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%b1%e1%80%9b%e1%80%ac%e1%80%80%e1%80%b9%e1%80%95%e1%80%ab%e1%80%a5/

Coin Marketplace

STEEM 0.34
TRX 0.11
JST 0.034
BTC 66344.62
ETH 3214.81
USDT 1.00
SBD 4.37