အိပ်နေတဲ့စတင်းနဂါး

in #steempress5 years ago

နဂါးဆိုတဲ့ အမျိုးက အအိပ်ကြီးတယ်လို့ ပြောကြတယ် သူတစ်ခါအိပ်ရင် နှစ်ရာချီအောင်ကြာတယ်ဆိုလားဘဲ မသိဘူး ကြားဖူးတာပြောတာပါ ကိုယ်လဲ တစ်သက်နဲ့ တစ်ကိုယ် နဂါး အစစ် မမြင်ဖူးပါဘူး ဘယ်မြင်ဖူးမှာလဲ အပြင်မှာ တကယ်မှ မရှိတာ မရှိဘူးလို့ ထင်တာပါဘဲ ဟုတ်ပါတယ် တကယ်လည်း မရှိပါဘူး အအိပ်ကြီးလွန်းလို့ မတွေ့တာလည်း ဖြစ်နိုင်ပါတယ် နှစ်ရာချီအောင် အိပ်တယ်ဆိုတော့ ကိုယ်တွေ သက်တမ်းက ခြောက်ဆယ် ၀န်းကျင်မှာ လူလာဖြစ်တော့ သူအိပ်ကောင်းနေတုန်း အချိန်ဖြစ်ချင်ဖြစ်မှာပေါ့ ဘာပြောပြော နဂါးဆိုတာ အအိပ်ကြီးတယ်ဆိုတာ သေချာပါတယ်

စတင်းဈေးကလည်း ပြားသုံးဆယ်နားမှာ ခပ်ချေချေလုပ်နေတာကြာပြီလေ ဟိုတုန်းက ရှစ်ဒေါ်လာလောက် ထိ တက်သွားဖူးတာ ဟုတ်ကော ဟုတ်ရဲ့လားလို့ အခုမှ စလုပ်တဲ့ လူသစ်လေးတွေက မေးလာရင် ကိုယ်ကဘဲ ညာပြောနေသလို ဖြစ်တော့မှာဘဲ ဒင်းလုပ်တာနဲ့ မျက်နှာပျက်စရာတွေ ဖြစ်ကုန်ပြီ အခုမှစလုပ်တဲ့သူသွားပြော ကြည့် အနည်းဆုံးတော့ သံသယ မျက်ဝန်းတွေနဲ့ အကြည့်ခံရနိုင်တယ်လေ ဘာပြောပြော အခုချိန် ၀မ်းစတင်းတန်ဖိုးအမှန်ကတော့ ပြားသုံးဆယ်ပါ ဘဲ

စတင်းရဲ့ အသုံးဝင်တွင်ကျယ်နိုင်မှုကို တီးမိခေါက်မိရှိလာတော့ နောင်တစ်ချိန် ၀မ်းစတင်းရဲ့ တန်ဖိုးဟာ ဘယ်အထိ တက်နိုင်သလဲဆိုတာကို လူပြိန်းအတွေးနဲ့တောင် လှမ်းတွေးပြီးတွက်ကြည့်မိတာ မနည်းဘူးဗျာ တကယ်ကိုတက်သွားနိုင်တယ် တက်ကိုတက်မှာ အဲ့ဒီအခါ ဟိုတုန်းကပေါ့ဗျာ ၀မ်းစတင်းကို မြန်မာငွေ ငါးရာလောက်ပေးရင်ရတာကို မ၀ယ်မိခဲ့ပါဘူး အခုတော့ ဒီလောက်တောင်တန်နေပါရော့လား အဲ့သလို အသံလေးတွေလဲ ကြားရပါလိမ့်ဦးမယ်

ခက်နေသည်က စတင်းဆိုတဲ့ ဒင်းကလည်း ကာလနဂါးကြီး သေလို့ ၀င်စားလာသလားမပြောတက်ပါဘူး အခုထိ ပြားသုံးဆယ်နားကကို ထမလာသေးဘူး အိပ်ချက်က လွန်ပါတယ်လေ ကိုယ်တွေ အိပ်နိုင်တယ်ဆိုတာ သူ့ဘယ်မှီမလဲ သဘောတရားအရဆိုရင်တော့ အိပ်နေတဲ့သူဟာ တစ်ချိန်မှာတော့ နိုးရမှာဘဲ ဒါကသေချာတဲ့ အရာတစ်ခု အခု စတင်းကြီး အိပ်နေတယ် ဒါဆို တစ်ချိန်မှာ နိုးလာလိမ့်မယ် သူနိုးလာရင် အပေါ်ကိုပြေးတက်လိမ့်မယ် ပြေးတက်တော့ ဘာဖြစ်မည်လဲ ဖမ်းရခက်တော့မည်ပေါ့

အခုသူက အိပ်နေတယ် ဒီအချိန် သူ့ဖမ်းလို့ကတော့ ကြက်ကလေးငှက်ကလေးဖမ်းသလို အသာလေး ဖမ်းလို့ ရနိုင်တာဘဲ အခုနေတုန်း အမိသာဖမ်းထားကြရအောင်ဗျာ လွယ်တုန်းလေး လုပ်ရအောင် ဈေးတက်မှဆိုရင်တော့ ဘာမှကို ရမှာမဟုတ်ဘူးဗျာ ဟိုတုန်းကလို ဈေးတက်ရင်တော့ ဘယ်လောက် ရလိမ့်မယ်ကြိုမတွက်နဲ့ အရင်တစ်ခါ ဈေးတက်တုန်း ခေတ်ကောင်းတုန်းက အခြေအနေက တစ်မျိုး အခုလာမယ် ဈေးတက်ခြင်းက အခြေအနေက တစ်မျိုး ဖြစ်လိမ့်မယ် ဟိုလူကပေးနိုးနိုး ဒီလူက ပေးနိုးနိုး အဲ့သလိုမျှော်တလင့်လင့် လုပ်လို့ရမယ့် အခြေအနေမဟုတ်နိုင်တော့ဘူး

@bobokyaw.jpg

Author : @bobokyaw



Posted from my blog with SteemPress : http://www.steemhosting.com/bobokyaw/%e1%80%a1%e1%80%ad%e1%80%95%e1%80%b9%e1%80%b1%e1%80%94%e1%80%90%e1%80%b2%e1%82%94%e1%80%85%e1%80%90%e1%80%84%e1%80%b9%e1%80%b8%e1%80%94%e1%80%82%e1%80%ab%e1%80%b8/
Sort:  

နိုးအောင် နှိုးလိုက်စမ်းပါဗျာ ဒီမှာ စိတ်ပျက်နေပြီ

ဒီကောင် အအိပ်ကြမ်းတယ်လေ

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.039
BTC 70112.96
ETH 3549.99
USDT 1.00
SBD 4.71