ရတာတွေက နည်းလာပြီ

in #steempress5 years ago

ဆေးဝါးဂိမ်းကလည်း အရင်လို မဟုတ်တော့ပါဘူး တွက်ခြေမကိုက်တော့ဘူးတွေ ဖြစ်လာပြီး ကစားသူတွေလည်း တဖြည်းဖြည်း နည်းလာပါတယ် ကစားသူနည်းတာနဲ့ ကစားတဲ့ အကောင့်များနေတာက မတူပါဘူး ကစားသူဆိုတာက ဆေးဝါးလေး ထွက်သမျှ ထိုင်သိမ်းပြီး ဈေးကွက်ပို့နေသူတွေ ဈေးကွက်ကို ပို့နေတဲ့ အကောင့်တွေကို ထည့်မတွက်ထားပါဘူး ဒီအကောင့်တွေက ဂိမ်းကစားတဲ့ အကောင့်တွေမဟုတ်ပါဘူး အမှန်တကယ် ဂိမ်းကစားတဲ့ အကောင့်တွေကတော့ တိုက်ပွဲတွေ အပြန်အလှန်တိုက်တဲ့ အကောင့်တွေ ပါဘဲ အဲ့သလို အကောင့်တွေနည်းလာပါတယ်

ဘာလို့နည်းလာသလဲဆိုရင်တော့ ကိုယ်က သွားတိုက်ပြီး ပြန်ရတဲ့ ဆေးဝါးက နည်းပါးလွန်းတော့ ပေးရတဲ့အချိန်နဲ့ မကိုက်တော့လို့ပါဘဲ တကယ် စိတ်ပါလက်ပါတိုက်နေသူ ဂိမ်းသူရဲများကိုလည်း တွေ့နေရပါတယ် သူတို့ကတော့ အမှန်တကယ်ကို တိုက်ပွဲရှာကြသူတွေဖြစ်ပြီး အမှန်အကန် တိုက်နေကြသူများဖြစ်ပါတယ် သူတို့က တိုက်ပြီးသား တိုက်ပွဲဟောင်းတွေကို အကျိုးရှိရှိ အသုံးချကြပါတယ်

တိုက်ပွဲကရလာတဲ့ ဒေတာ အချက်အလက်တွေကို မှတ်တမ်းပြုစုထားပါတယ် နေ့စဉ် အမြဲတိုက်ရမယ့် အကောင့်တွေဖြစ်ပြီး သက်သောင့်သက်သာနဲ့ ဆေးဝါးတွေ ရယူဖို့ဖြစ်ပါတယ် နောက်တစ်ခါ အကောင့်သစ်များကိုလည်း ရှာဖွေပါတယ် စပိုင်လွှတ်ပြီး ဒေတာ စုဆောင်းလို့ အိမ်အသစ်တွေကို တိုက်ခိုက်ကြပါတယ် ဒီလိုနဲ့ အမှန်အကန် တိုက်သူများဟာ တဖြည်းဖြည်း အင်အာားကြီးထွားလာပါတယ် နေ့စဉ်ထွက်တာလေးတွေဘဲ ထိုင်သိမ်းပြီး ဈေးကွက်ပို့နေသူနဲ့ အမှန်အကန် တိုက်ပြီး အကျုးအမြတ်ရှာနေသူတို့ရဲ့ ရလာဒ်က တဖြည်းဖြည်း ကျယ်ပြောလို့လာပါတယ်

အတိုင်းအဆလည်း တစ်ရက်ပြီးတစ်ရက်ကွာလာပါတယ် တစ်ထောင်ကေပါတ်လည်ဆိုတာ တိုက်ပွဲရှာတိုက်နေသူအတွက် အခုချိန်မှာ မခက်ခဲတော့ပါဘူး လေဘယ်တင်ထားသူများလည်း အကျိုးရှိစပြုလာပါပြီ တစ်ရက်ပြီးတစ်ရက် ကြီးထွားလာတဲ့ အကောင့်ဟာ အင်အား အလွန်တောင့်တင်းလို့လာပါတယ် လေဘယ်မတင်သူများအတွက်ကတော့ ပြစ်မှတ် ရွေးချယ်ခံထားရရင် နားလန်ထူဖို့မလွယ်တော့ပါဘူး လေဘယ်တင်တာက ရေရှည်အကျိုးစီးပွား ဖြစ်ပြီး ဈေးကွက်ပို့တာကတော့ ရေတို အကျိုးစီးပွားဖြစ်လို့ အကျိုး အမြတ်ကတော့ အလွန်ကွာခြားလို့လာပါတယ်

လေဘယ် တင်ပြီးကစားရမည်လား လေဘယ်မတင်ဘဲ ဈေးကွက်ချည့်ပို့ပြီး ရသမျှလေး ပါးပါးလှီးနေရမည်လား ဝေခွဲရခက်လို့နေပြန်ပါတယ် နှစ်ခုလုံးကတော့ အခုချိန်မှာ အလကားရတာတွေပါဘဲ ပိုရနိုင်တဲ့ နည်းလမ်းကို ရွေးချယ်နိုင်ဖို့တော့ လိုအပ်ပါတယ် ဘယ်လမ်းကြောင်းက ပိုရနိုင်မှာလဲ နေ့စဉ်ခွဲတမ်းရရှိမှု နည်းပါးခြင်းက အခွင့်အရေး တစ်ခုအဖြစ် ဖန်တီးပေးနေတယ်လို့ တွေးကြည့်ရင်ကောအမြင်တစ်မျိုးနဲ့ ကစားနိုင်လိမ့်မယ် ထင်ပါတယ်

@bobokyaw.jpg

Author : @bobokyaw



Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/04/10/%e1%80%9b%e1%80%90%e1%80%ac%e1%80%b1%e1%80%90%e1%80%bc%e1%80%80-%e1%80%94%e1%80%8a%e1%80%b9%e1%80%b8%e1%80%9c%e1%80%ac%e1%80%bb%e1%80%95%e1%80%ae/

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 64852.72
ETH 3178.07
USDT 1.00
SBD 4.20