ကစားသူဦးရေ နှစ်ထောင်ကျော်သွားပြီ

in #steempress5 years ago (edited)

စတင်းမွန်းစတားဂိမ်း ကတော့ တစ်နေ့တစ်ခြား ပိုမိုကျယ်ပြန့်လို့လာနေပါတယ် ကစားသူတွေဟာလည်း တဖြည်းဖြည်း
များလာပါတယ်။ အကျိုးအမြတ်လည်း ရှိနေတုန်းဖြစ်လို့ ကစားသူတွေဟာ ဒီထက်ပိုမိုကစားလာဖွယ်ရှိပါတယ်။ သူတို့နောက်ဆုံး
ထုတ်ပြန်ထားသော သတင်းအချက်အလက်အရဆိုရင် ကစားသူအရေအတွက်ဟာ နှစ်ထောင် ကျော်သွားပြီဖြစ်ပါတယ်
ကျွန်တော်တို့လည်း ကစားလာတာ တစ်လ နီးပါးခန့်ရှိလာပြီဖြစ်ပါတယ် အခုချိန်မှာတော့ လိုအပ်သော ဟီးရိုးတွေလည်းတဖြည်း
ဖြည်း လေဘယ်မြင့်လာနေပါပြီ ယခုလက်ရှိအချိန်အထိ ကျွန်တော့်ဟီးရိုးတွေက လေဘယ် သရီးပါတ်လည် ပြည့်လုနီးနေပြီ
ဖြစ်ပါတယ် ရာသီလိဒ်ပွဲစဉ် နှစ်ခုပြီးဆုံးသွားပါပြီ အဓိက အဲ့ဒီရာသီပွဲစဉ်တွေမှာ ဖလား မျာများရအောင်ယူထားနိုင်ရင် ဟီးရိုး
တွေ များများရဖို့ အခွင့်အရေးပိုသာပါတယ် ကျွန်တော်တို့က ၀င်ရောက်ကစားတာ သိပ်မကြာသေးတဲ့အတွက် ရာသီလိဒ် ပွဲစဉ်
တွေက ပေးတဲ့ အကျိုးအမြတ်ကို ရယူဖို့ နားမလည်ခဲ့ပါဘူး မယူနိုင်ခဲ့ပါဘူး
ဒါကြောင့် ဟီးရိုးအရေအတွက် အနည်းငယ်နောက်ကျပြီး လေဘယ် အပ်တာမှာလည်း သူများထက်စာရင် နိမ့်ပါးနေခဲ့တာဖြစ်ပါတယ် ပြီးခဲ့တဲ့ ရာသီပွဲစဉ်မှာ ဒုတိရာရာသီပွဲစဉ်ပေါ့ အဲ့ဒီပွဲစဉ်မှာ ဖလား တစ်ထောင့်ခြောက်ရာခန့်သာရရှိ
ခဲ့သောကြောင့် ဘုတ်စတား ကဒ် နှစ်ဆယ်ကျော်သာရခဲ့ပါတယ် အချို့ ကစားသူတွေကတော့ ဘုတ်စတားကဒ် ငါးဆယ်အထက်
ရရှိခဲ့ကြလို့ ဟီးရိုးတွေ များစွာရလိုက်ကြပါတယ် စစ်အင်အားလည်း တော်တော်ကိုတောင့်တင်းသွားကြပါတယ်
နေ့စဉ် ပေးသော ဘုတ်စတား ကဒ် ငါးကဒ်နဲ့ဘဲ ရတာလေးတွေ မှန်မှန်စုတာတောင် အခြေအနေအတော်ကောင်းပါတယ်
ကံကောင်းရင် ဒီကနေ့ အကောင့်ဖွင့် ၀င်ကစားပြီး ဒီနေ့ရတဲ့ ဘုတ်စတားကဒ် ထဲက ဒေါ်လာ ဆယ်ဂဏန်း တန်တဲ့ ဟီးရိုးရနိုင်ပါတယ်
ယခုလက်ရှိ ကစားဖော်တစ်ယောက်ဆို နေ့စဉ်ရတဲ့ ဘုတ်စတားကတ်ထဲကနေဘဲ အကျိုးအမြတ် ဒေါ်လာေ လးဆယ်မျှ
ရရှိပြီးခဲ့ပါပြီ အဲ့ဒီဒေါ်လာလေးဆယ်ကလည်း သူ့ရဲ့ ဟီးရိုး ကဒ်လေး နှစ်ကဒ်တည်းရောင်းချရတဲ့ငွေဖြစ်ပါတယ်
သူကလည်း အတော်ကံကောင်းပါတယ် ယနေ့ထိသူ့မှာ legendary ကဒ် မရဖူးသေးပါဘူး
အစကတော့ သူ legendary ကဒ် မရလို့ အတော်စိတ်ညစ်နေတာပါ သူများလောက်ကံမကောင်းဘူးလို့ ငြီးထွားနေခဲ့တာပေါ့
တကယ်က သူ့ကံက တစ်မျိုးပါ သူရတာက Gold ကဒ်တွေချည့် ရနေတာပါ တကယ်တမ်း အဲ့ဒီ Gold ကဒ်ကမှ ပိုပြီး ဈေးကောင်း
ရတာပါ။
အခုဆိုရင် Gold ကဒ်တွေကို ခပ်စိပ်စိပ်လေး ပေးလာတာတွေ့ရပါတယ် Gold ကဒ်တွေက အနည်းဆုံး အကောင်တောင်
တစ်ဒေါ်လာခွဲခန့်တန်ပါတယ် အမြင့်ဆုံးကတော့ ဒေါ်လာ တစ်ထောင် ၀န်းကျင် တန်ပါတယ်
ကျွန်တော့်အမြင်အရတော့ ငွေဘဲ လိုအပ်ရင် ရတဲ့ ကဒ်တွေ တန်ဖိုးကြိးတဲ့ ကဒ်တွေကို ချက်ချင်းထုတ်ရောင်းသင့်ပါတယ်
လေဘယ်အမြင့်တွေကို တက်ရောက်ယှဉ်ပြိုင်မယ်လို့ စိတ်ကူးရှိရင်တော့ မရောင်းတာကောင်းပါတယ် တဖြည်းဖြည်း
ဟီးရိုး စုံလာတဲ့အခါ အထက်ပိုင်းကို ၀င်တိုးလို့ကောင်းပါတယ်
အခုလက်ရှိအနေအထားကတော့ ဘယ်လိုလုပ်လုပ် အဆင်ပြေပါသေးတယ်
ကစားသူတိုင်းက အရှုံးမရှိတာကို တစ်ညီတညွတ်တည်း ထောက်ခံကြတဲ့ အခြေအနေမှာ ရပ်တည်နေတုန်းပါဘဲ
အခုတွေ့ရသလောက်တော့ ဒေါ်လာ သုံးဆယ်တန် အမြင့်ဆုံးပေးနေပါတယ် မကြာခင် ဒီထက် တန်ဖိုးမြင့်သောကဒ်တွေ
ချပေးတော့မယ်လို့ မြင်ပါတယ် ရရှိလာတဲ့ကဒ်ကို သုံးမလား ရောင်းမလားကတော့ မိမိသဘောအတိုင်း ဆုံးဖြတ်ပါလို့ဘဲ
အကြံပေးချင်ပါတယ် ။ ကျွန်တော့်အမြင်ကိုပြောပါဆိုရင်တော့ စတင်ရင်းနှီးထားတဲ့ ဆယ်ဒေါ်လာထက်မနည်းသော
ငွေအရင်းပြန် အောင် လုပ်ပြီးရင် ကျန်တာတွေကို စုဆောင်းထားသင့်ပါတယ်။ နောင်တစ်ချိန် ကိုယ်လိုအပ်ရင်
ဈေးပိုပေးပြီး ပြန်ဝယ်ရနိုင်ပါတယ်

Author : @bobokyaw
@bobokyaw.jpg


Posted from my blog with SteemPress : https://bobokyaw.xopus.io/?p=44

Sort:  

စတင်ရင်းနှီးထားတဲ့ ဆယ်ဒေါ်လာ

ကျော်လည်း10steemရအောင်စုနေတယ်။ဒါမှဆော့လို့ရမှာလေ

Posted using Partiko Android

ဆယ်စတင်းနဲ့ မရဘူးလေညီ
အခုစတင်းဈေးက ပြားသုံးဆယ်နားမှာဘဲရှိတာ
စတင်းနဲ့ဆို ဆယ်ဒေါ်လာက စတင်းသုံးဆယ်လောက် ကုန်လိမ့်မယ်
တကယ် စိတ်ပါရင် အပြင်ကနေ ငွေ တစ်သောင်းခုနှစ်ထောင်လောက်ရင်းလိုက်ပါ
အခုချိန်ထိတော့ အရင်းမရှုံးနိုင်သေး

Gold ကဒ်တွေဘယ်တော့များကိုယ့်ဆီရောက်လာမလဲ

အလှည့်ကျနဲ့ ပေးနေတာလားလို့ဘဲ
လာမှာပေါ့
ဟဲဗီးကြီးတွေ ပေးချင်လို့ ဖြစ်မယ်ထင်တယ်

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63869.25
ETH 3055.04
USDT 1.00
SBD 3.88