ပန်းသီးဒိုင်ယာရီ

in #steempress5 years ago


ဟိုစဉ်အခါ ငယ်တုန်းကလေးဘ၀က ပန်းသီးစားရတဲ့ နေ့ရက်တွေက ကံကောင်းသော

နေ့တွေပါ ထူးခြားသောနေ့တွေပေါ့ ဟုတ်ပါတယ် ဟိုအရင်အချိန်တွေတုန်းက ပန်းသီးတစ်လုံး

စားရဖို့မလွယ်ပါဘူး စားရဖို့ဆိုတာထက် မြင်ရဖို့တောင် အတော်မလွယ်ခဲ့ပါဘူး

ငယ်စဉ်တုန်းက အနောက်သို့ခရီးသွားခြင်းဆိုတဲ့ တီဗွီကနေ ညနက်ပိုင်းစောင့်ကြည့်ရတဲ့

တရုတ်ဇာတ်လမ်းတွဲ စွမ်းဝူခုန်းကားတွေကြည့်ပြီး ပန်းသီးစားရခြင်းကိုဘဲ ဂုဏ်ယူစရာ

အလုပ်တစ်ခု အခွင့်အရေးတစ်ခုလို့တောင် ထင်မှတ်ခဲ့ဖူးရတဲ့ အမှတ်တရ အချိန်အခါ

တွေလည်း ရှိခဲ့ရပါတယ် အဲ့တုန်းက စွမ်းဝူခုန်းကြီးက ပန်းသီးတွေ မက်မွန်သီးတွေ

တဂျွတ်ဂျွတ်စားပြနေတာကိုး ကလေးတွေ သဘောကျတာပေါ့

ကိုယ်တွေနေတဲ့ နယ်မြို့လေးက အတန်ငယ် ခေါင်သောကြောင့် ပန်းသီးဆိုတာက

ခရီးဝေးက ပြန်လာတဲ့ ငွေကြေးတက်နိုင်သူများသာ ၀ယ်လာလေ့ရှိသော အထူးလက်ဆောင်

ဖြစ်လို့ပါ။ အရင်တုန်းက ပန်းသီးဆိုတာ ရှားပါးလက်ဆောင်လည်းဖြစ်ပါတယ်

မြန်မာပြည်မှာ ပန်းသီးလှိုင်လှိုင် မထွက်ပါဘူး ချင်းတောင်က ပန်းသီးထွက်တယ်ဆိုတာ

လောက်ဘဲ ကြားဖူးပါတယ် တရုတ်ပြည်ကနေ ကယ်ရီမှောင်ခိုနဲ့ ဆင်းလာတာတွေကို

ဈေးကြီးပေးဝယ်ကြရပါတယ် လမ်းပမ်းဆက်သွယ်ရေးကလည်း မကောင်းသေး နယ်မြေ

ဒေသကလည်း မအေးချမ်းသေးသော ဟိုစဉ်တုန်းအခါက တရုတ်ကနေ မြန်မာပြည်ကို

ဘာသယ်သယ် ခက်ခက်ခဲခဲနဲ့ အချိန်ကာလကြာမြင့်စွာ သယ်ဆောင်ကြရပါတယ်

အခုချိန်ကာလလို တစ်ရက်ခရီး နေ့ချင်းပြန်ခရီးတွေမဟုတ်တော့ အစစအရာရာ

ဈေးကြီးခဲ့ပါတယ်


ယနေ့အချိန်မှာတော့ ပန်းသီးဆိုတာ လူတန်းစားမရွေး လက်လှမ်းမှီသော အခြေအနေသို့

ရောက်ရှိနေပါပြီ ပန်းသီးစားရခြင်းက ထူးထူးခြားခြား အခွင့်အရေးမဟုတ်တော့ပါဘူး

ဈေးရှိတဲ့ နေရာတိုင်းမှာ ပန်းသီးကို အလွယ်တကူ ဈေးသက်သာစွာနဲ့ ၀ယ်လို့ရနေပါပြီ

အခုလို ဆောင်းဦးကာလဆိုရင်တော့ မူဆယ် မှာ ပန်းသီးတွေ ပေါများစွာ စီးဝင်လာပါပြီ

တစ်ဖက်နိုင်ငံ တရုတ်ပြည်ကနေ လာပါတယ် မြန်မာပြည်ကို တွဲကားတွေနဲ့ အစီးရေ များ

စွာ သွင်းပါတယ် မြန်မာပြည်အနှံ့ဖြန့်ပါတယ် ရောက်ပါတယ်

ပန်းသီးက မြန်မာတွေ အကြိုက် အသီးအနှံဖြစ်လို့နေပါတယ် ကိုယ့်ဆီက ဒေသထွက်ပန်း

သီးလောက်ဈေးမများသလို ဒေသထွက်ပန်းသီးကလည်း ပြည်တွင်းစားသုံးသူတွေကို

လောက်ငအောင် အထွက်နှုန်းမရှိပါဘူး

ဒါကြောင့်လည်း ပြည်ပကနေ တင်သွင်းလာရတာ အစဉ်အဆက်ဖြစ်ပါတယ်

မြန်မာပြည်က ဖရဲသီးတွေ တရုတ်ပြည် ပို့သလို တရုတ်ပြည်က ပန်းသီးတွေ မြန်မာပြည်

ရောက်လာတာပါ။

ပန်းသီးစားသုံးခြင်းက ကျန်းမာရေးကို များစွာ အထောက်အကူပြုစေတယ်

ပန်းသီးစားသုံးခြင်းက လိုအပ်သော အဟာရဓါတ်တွေကို များစွာရစေတယ်

ရောဂါတွေကို ကာကွယ်ပေးတယ် အဟာရဖြစ်စေတယ် ဆိုတဲ့အချက်တွေကတော့

ပန်းသီး စားသုံးခြင်းကို များစွာ မြင့်တက်စေတာဖြစ်ပါလိမ့်မယ်

အမှန်တကယ်လည်း ပန်းသီးမှာပါတဲ့ အဟာရဓါတ်တွေက လူကိုများစွာ အကျိုးပြုစေပါတယ်

အဲ့ဒီအဟာရဓါတ်တွေအကြောင်းကတော့ နောက်ရက်များမှ ရေးပါဦးမယ်

အချက်အလက်လေးတွေ စုဆောင်းရှာဖွေ ဖတ်ရှုရပါဦးမယ်

ဒီနေ့ကတော့ ပန်းသီးဒိုင်ယာရီ အပျိုးဆိုပါတော့လေ

Photo Credit : Original source
Author : @bobokyaw




Posted from my blog with SteemPress : https://bobokyaw.xopus.io/?p=68

Sort:  

my fav fruit

Posted using Partiko Android

ရေးစရာရှာမရ ရတာလေးရေးပလိုက်တယ်

Hello! I am upvoting service and this post has been found valuable and upvoted. Wish you all the best! :)

Follow @voter01 to get biggest votes in your next posts

ပန်းသီးတစ်ခြမ်းပ့ဲတော့လိုချင်တယ်ဗျာ။

စတင်းဈေးတက်ဖို့ဘဲလိုတယ် တစ်ခြမ်းပဲ့တော့ အများကြီး ၀ယ်သုံးပလိုက်

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63722.47
ETH 3049.10
USDT 1.00
SBD 4.03