ဒီနေ့တော့ ယောင်ဝါးဝါး

in #steempress5 years ago


https://nextcolony.io/

အရင်နေ့တွေကတော့ မပျင်းရပါဘူး တစ်ခုမဟုတ် တစ်ခုကတော့ အလုပ်နဲ့လက် မပျက်အောင် ရှိလှပါတယ် ဒါတောင် အချိန်မလောက်လို့ လက်လွှတ်လိုက်ရတာတွေမနည်းဘူးပေါ့ ဒီနေ့တော့ သိပ်အဆင်မပြေပါဘူး စာလည်း တစ်ရက်တစ်ပုဒ်တည်း ဖြစ်သလိုလေးေ၇းတင်ရတာဆိုတော့ စာချည့်ရေးနေလို့ကလည်း မဖြစ်ပြန်ဘူးလေ ရေးသည်ဆိုစေဦးတော့ ဗုတ်မရမှတော့ ရေးလဲ ငရေးဘဲဖြစ်မယ်လေ ဒီတော့ တစ်ရက် တစ်ပုဒ်တော့ မှန်အောင် လုပ်ထားရပါတယ် တစ်ရက် တစ်ပုဒ်ထက်တော့ မပိုချင်တော့ပါဘူး ပြောခဲ့သလိုပါဘဲ ရေးလဲ ငရေးဖြစ်တော့မယ် အရင်ကတော့ တစ်ရက် သုံးလေးပုဒ် ရေးပလိုက်တာဘဲ ဈေးလေးကလည်း ဟုတ်တုတ်တုတ်ဆိုတော့ ရေးမယ်ဆိုရင်း ရေးပျော်ခဲ့တယ်လေ အခုတော့ ဈေးကမရ ဗုတ်ကမရ ဘာဆိုဘာမှမရတဲ့အပြင် ရှိတာလေးတွေပါ တန်ဖိုးက ကျသထက်ကျဆိုတော့ တစ်ရက်တစ်ပုဒ်တောင် တာဝန်ကျေလေး မနည်းရေးနေလိုက်ရတယ်

ဒီနေ့ အားနေတယ်ဆိုတာက စာရေးတာမရှိတော့တဲ့နောက် ထုံးစံအတိုင်းဂိမ်းကစားကြတာပေါ့လေ ဖြစ်ချင်တော့ ဒီနေ့ တစ်နေကုန် ဂိမ်းက ကစားလို့ကိုမရဘူး တော်တော်လေးကို ဆိုးပါတယ် သူများတွေကို လိုက်မှီအောင် နောက်ကနေ အားစိုက်ပြီး ကစားမယ်လို့ စိတ်ကူးပါသော်လည်း ခလုတ်တွေက ဘာမှ နှီပ်မရဘူးဗျာ တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် တစ်ရက်လုံး ဒီအတိုင်းဘဲ ဘာမှကို ကစားလို့မရတာ အပ်ဒိတ်တွေလည်း တင်မရဘူး လေဗယ်တွေလည်းမြှင့်မရဘူး တိုက်ခိုက်ရေးယဉ်တွေလည်း ထုတ်မရဘူး ဂြိုလ်အသစ်လည်း ရှာမရဘူး ရှာဖွေရေးယဉ်လေးတောင် လွှတ်လို့မရဘူးဆိုတော့ သေပြီပေါ့ တစ်နေကုန် ဘာမှကို မလုပ်လိုက်ရဘူး အားတုန်းလေးကစားမယ် စိတ်ကူးခါမှ အဆင်မပြေတော့လည်း ဒီအတိုင်းဘဲ တစ်နေကုန်ပြစ်ထားလိုက်ရတော့တယ်

စတီးမစ်ပေါ်မှာ ယောင်နေတာ တော်တော်ကြာလာပါပြီ ခုချိန်ထိတော့ တကယ့်ကို အီးယော င်ဝါးဘဲဖြစ်နေတုန်းပါဘဲ စတီးမစ်မလုပ်သူတွေနဲ့ ပြန်တွေ့ရင် ဟေ့ရောင် မင်းစတီးမစ်လုပ်သေးလား မေးခံရမှာ တော်တော်ရှက်လာပါပြီ ဘာလို့လဲဆိုတော့ ကိုယ့်ကို အရူးတစ်ယောက်လို ထူးဆန်းလူသားတစ်ယောက်လို ၀ိုင်းကြည့်တက်လွန်းလို့ပါ အချို့ဆို စတီးမစ်ကို စွန့်ခွါပြီး အခြား လုပ်ငန်းတွေ ပြောင်းလုပ်လို့ ထောကုန်ကြပါပြီ ကိုယ်တွေသာ စတီးမစ်မှ စတီးမစ်ဖြစ်နေပြီး အချိန်တွေသာ ကုန်လာပါတယ် ရှီပြီးသာတွေပါ တန်ဖိုးမဲ့လာပါတယ် ဘာမှကို ထူးခြားမလာပါဘူး အစကတည်းက ဒီလိုမှန်းမသိလို့ပေါ့နော် မျှော်လင့်လို့ရပါတယ် ဘာညာပေါ့ ခုထိတော့ ဘာကိုမျှော်နေရတယ် မသိတော့ဘူး တော်တော် စိတ်ပျက်ဖွယ်ကောင်းသောအလုပ်ဆိုတာတော့ တစ်ဖြည်းဖြည်း ရေးတေးတေး သဘောပေါက်လာတယ် အခြားလည်း ဂိုင်းမကူးတက်သေးတော့ ပေတေပြီး စာလေး ဘာလေးရေးနေတုန်းဘဲ

@bobokyaw



Posted from my blog with SteemPress : http://steemhosting.com/bobokyaw/?p=110

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63868.85
ETH 3063.91
USDT 1.00
SBD 4.10