မထင်တာတွေဖြစ်တက်တယ်

in #steempress5 years ago


https://nextcolony.io/

ဒီနေ့တော့ ရောက်တက်ရာရာ တွေးမိတွေးရာ ပေါက်ကရလေးဆယ်ရေးဖြစ်မယ်ထင်ပါတယ် ဘာလို့လဲဆိုရင်တော့ ဒီနေ့အတွက် ဘာကိုရေးမယ်လို့ အကြောင်းအရာ တစ်စွန်းတစ်စကိုတောင် ကြိုတင် တွေးတောကြံဆ အသင့်ပြင်ထားခြင်း မရှိတဲ့ နေ့တစ်နေ့ဖြစ်နေလို့ပါဘဲ စာကလည်း မရေးလို့က မဖြစ်ပါဘူး နေ့စဉ်ရက်ဆက် ရေးတယ်ဆိုတာလောက်တော့ ထိန်းထားရပါဦးမယ် ဒီအတွက် ဒီနေ့ရေးတာတွေက အနည်းငယ်တော့ ကြမ်းရှရှနိုင်လိမ့်မယ်ထင်ပါတယ် အရင်ရက်တွေကတော့ ထုံးစံအတိုင်း အာကာသဂိမ်းအကြောင်း စိတ်ထဲပေါ်ရာ ချရေးတာပါဘဲ နည်းပညာပိုင်း ပညာပေး အလင်းပြ ဗဟုသုတ ဝေငှခြင်းအကျိုးငှာ ရေးနေတာမဟုတ်လို့ အချက်အလက်တွေ တိကျမှုတွေ သေချာမှုတွေ ရှာနေစရာမလိုတဲ့အတွက် ရေးမယ်ဆိုကာမှဘဲ အတွေးပေါ်သလို လက်တင် အမြန်ရေးဖြစ်တာများပါတယ်

အာကာသဂိမ်းက နေ့တိုင်းရေးနေတော့ နည်းနည်းအားနာလာတယ် အာကာသဂိမ်းကို အားနာတာပါ ဒါကြောင့် ဒီနေ့တော့ စတီးမစ်အကြောင်း တင်ကြို စိတ်ကူးယဉ်ကြည့်ပါဦးမယ် စတီးမစ်က တကယ်တော့ အလွန်ကောင်းပါတယ် စိတ်ကူးယဉ်လို့ အကောင်းဆုံးသော အလုပ်တစ်ခုဖြစ်ပါတယ် စလုပ်ကတည်းက အတွေးကိုယ်စီ စိတ်ကူးအိပ်မက်ကိုယ်စီနဲ့ စခဲ့ကြတယ်မဟုတ်ဘူးလား စလုပ်တုန်းကလည်း မျှော်လင့်ချက် အားမာန်အပြည့်လုပ်ခဲ့သလို လမ်းခုလပ်မှာလည်း ဆက်လက် မျှော်လင့်လုပ်ဆောင် အားမာန်တင်းခဲ့တာပါဘဲ အကြောင်းမျိုးမျိုးနဲ့ အားငယ်စိတ်ပျက်တာတွေတော့ ရှိတာပေါ့လေ ဒါပေမယ့် စိတ်တော့ ကုန်မသွားဘူး စိတ်တော့နာမသွားဘူး ဆက်လက် မျှော်လင့်နေနိုင်သေးတာက အသက်ပါဘဲ

တကယ်လို့များ............... စတီးမစ်က ဖေ့ဘုတ်ကို ကျော်တက်ခဲ့သည်ရှိသော်......... ပခုံးချင်း ယှဉ်ခဲ့သည်ရှိသော် ...... မလှမ်းမကမ်းက ကပ်ပြီး လိုက်နိုင်ခဲ့သည်ရှိသော်.... ဒီထက် ရှေ့ကို တော်တော်လေး ရောက်သွားသည်ရှိသော်.... လုပ်ပျော်စရာ ကျေနပ်စရာ နေရာတစ်ခုဖြစ်လာမှာ မလွဲဘူးမဟုတ်လား မဖြစ်လာဘူးလို့ ဘယ်သူက အတပ်ပြောနိုင်လို့လဲ ဖြစ်လာစရာတွေရှိနေတယ်မဟုတ်ဘူးလား....

တကယ်လို့များ......... စတီးမစ်ကို တစ်စုံတစ်ယောက် (အဲ့ဒါဘယ်သူဖြစ်မလဲ) ၀ယ်ယူခဲ့သည်ရှိသော် အရှင်မွေးတော့ နေ့ချင်းကြီးဆိုသလို ချက်ချင်းလက်ငင်း စင်ပေါ်ရောက်သွားနိုင်ပါတယ် အဲ့ဒီအခါစတီးမစ်က တကယ်နေပျော်ရာအရပ် ဖြစ်လာမှာ အသေအချာပေါ့ နောက်တစ်ခုက သိပ်မကြီးသေလို့ စောင့်နေတာလည်းဖြစ်နိုင်တာဘဲ ရင်ကျက်မှု အတိုင်းအတာတစ်ခုထိ ရောက်လာအောင် စောင့်ကြည့်နေတာဖြစ်နိုင်တာဘဲ မွေးစားမယ့်သူ အခွင့်အရေးသမားက စောင့်ကြည့်နေမှာဘဲ (မွေးထားပြီး မကျွေးနိုင်တော့ရင် သူများပေးပြစ်ေ၇ာင်းပြစ်ရမှာပါဘဲ အဲ့သလိုလုပ်ကြတာကလည်း ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို နေရာတိုင်းမှာတွေ့ရတယ်) အရည်အသွေးလည်းကောင်းတယ် အရည်အချင်းလည်းမှန်တယ် နေရာမမှန်တော့ တန်ဖိုးကမတက်ဘူး ဒီတော့ အောင်မြင်အောင် လုပ်ဆောင်နိုင်မယ့်တစ်စုံတစ်ယောက် တစ်စုတစ်ဖွဲကိုသာ ပေးလိုက်ပါေ၇ာင်းလိုက်ပါ နေရာမှန် လူမှန် ရောက်သွားရင် သေချာပေါက်စင်ပေါ်ရောက်မှာဘဲ

ဟိုတစ်ယောက်ကို လက်တို့ချင်တာက ကလေးတစ်ယောက် မွေးတာက အချိန်ကြာတယ် အသေအပျောက် အလေအလွင့်လည်း ရှိတက်တယ် ဒီတော့ မသေချာဘူး အရွယ်ရောက်ပြီးသား ကလေးတစ်ယောက် ကောက်မွေးစားလိုက် ဗိုက်နာလည်းသက်သာတယ်

ပြောထားတယ်နော် ရောက်တက်ရာရာ ပေါက်ကရလေးဆယ်

@bobokyaw



Posted from my blog with SteemPress : https://steemhosting.com/bobokyaw/2019/10/06/%e1%80%99%e1%80%91%e1%80%84%e1%80%b9%e1%80%90%e1%80%ac%e1%80%b1%e1%80%90%e1%80%bc%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%90%e1%80%80%e1%80%b9%e1%80%90%e1%80%9a%e1%80%b9/

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 61618.64
ETH 3009.45
USDT 1.00
SBD 3.78