Steemit 

in #steempress5 years ago (edited)

ကျွန်တော်တို့ MSC တွင်လူအနည်းငယ်မျှသာ ကြိုးစားပမ်းစားစာရေးတင်ပြီး Promotion ယူနေကြသော် လည်း Steemit ပေါ်တွင် မြန်မာတွေလျော့ပါးပျောက်ကွယ်သွားသည်တော့မဟုတ် မကြာခဏ ဆိုသလို မိမိအား Upvote လာပေးသူများကို ကြည့်လိုက်သည့်အခါ Steem power 15 ဝန်းကျင် ဖြင့်လူသစ် များဖြစ် နေသည်ကိုတွေ့ရတတ်ပါသည်။ထိုလူသစ်များသည် မြန်မာများဖြစ်ကြပြီး မည်သည့် Group အဖွဲ့ဝင်မှ လည်းမဟုတ်ကြောင်းတွေ့ရသည်။ သိကြသည့်အတိုင်း Steemit ပေါ်တွင် တစ်ဦးကောင်းတစ်ယောက် ကောင်းဖြင့်ရပ် တည်ရန်မလွယ်ကူပါ။မိမိပင်လျှင် Reputation 61 ကျော်ပြီဖြစ်ခြင်း၊ Steem power 500 ကျော်ပြီဖြစ်ခြင်းတို့ကြောင့် လဲပြိုကျမ သွားခြင်းဖြစ်ပါသည်။ ဆိုတော့ ကျွန်ုပ်တို့လူဟောင်းများက အဆိုပါ လူသစ်များကိုဆွဲခေါ်ယူဖို့တာဝန်ရှိလာပြီထင်ပါသည်။

MSC ကိုပြန်လည်ဖွဲ့စည်း၍ လူသစ်များကိုဖိတ်ခေါ်မလား။ စည်းကမ်းချိုးဖေါက်ထားသော မိမိအား MSC မှ ပြန်လည်လက်ခံမခံမသိရသဖြင့် မိမိက သီးခြား Group ထူထောင်မလားဆိုသည်ကို စဉ်းစားသင့်သည့် အချိန်ရောက်ပြီလားထင်မိပါသည်။ သီးခြား group ထူထောင်မည်ဆိုပါက @mmunited လိုသူမှသာ English စကားပြေ ကောင်းမွန်စွာဖြင့် Curie team အား ဆက်သွယ်ဆောင်ရွက်နိုင်မည်ထင်ပါသည်။ ဤသို့ဆက်သွယ်ဆောင်ရွက်ခြင်းဖြင့် သူသည် Curie ၏ curator တစ်ယောက်ဖြစ်လာပါမည်။ Curator ဖြစ်လာလျှင် သင့်တင့်သော အကျိုးအမြတ်ရရှိပါလိမ့်မည်။

Group အဖွဲ့ဝင်များမှာလည်း နေ့စဉ်အကျိုးအမြတ်ရရှိကြမည်မှာမလွဲပါ။ သို့ပါ၍ ဤပို့အောက်တွင်ဖွဲ့စည်း ပါဝင်လိုသူများ၏ comment များရေးသားပေးခြင်းဖြင့် လူအင်အားစာရင်းသိရှိလိုပါသည်။ လူအင်အားများမှ သာလျှင် Curie ၏အကူအညီ တောင်းရန်ဖြစ်နိုင်ပါသည်။ သို့အတွက် group အဖွဲ့ဝင်လိုသူများသည် မိမိ၏ Profile name ဖြင့် ဥပမာ @minsoenaing စသည်ဖြင့် Comment ပေးကြပါရန်နိုးဆော်အပ်ပါသည်။

CURIE ထံမှာ CURATOR တောင်းခံရန်နည်းလမ်းလင့်များ

https://steemit.com/myanmar/@minsoenaing/curie-curator-tseyakbayloyapas-ongmle-911d78a79645b

https://steemit.com/curie/@geekgirl/how-to-become-a-curie-curator


Posted from my blog with SteemPress : http://www.steemhosting.com/steemheadway/steemit-%ef%84%9e%ef%84%ad%ef%84%af%ef%86%94%ef%84%9c%ef%84%b0%ef%84%9e%ef%84%85%ef%84%b9%ef%84%bb%ef%84%99%ef%84%94%ef%84%b9%ef%84%99%ef%84%ac%ef%84%99%ef%84%ba%ef%84%ac%ef%84%b8%ef%84%9d%ef%84%84/


Sort:  

တစ်ယောက်ချင်း စာရင်းပေးလာဖို့တော့ မသေချာပါဘူး
တကယ်လုပ်ပြီ ဆိုမှဘဲ နောက်က လိုက်လာကြမယ့်သဘောရှိပါတယ်
ဒီပို့စ်ကို မမြင်သူတွေလည်းများပါလိမ့်မယ်
ဖေ့ဘုတ်မှာ စာရင်းတောင်းရင်တော့ ပိုလွယ်မယ်ထင်ပါတယ်
အသင်းအဖွဲ့ တစ်ခုမှာဝင်ထားမိသူကလည်း စာရင်းပေးဖို့ခက်ပါလိမ့်မယ်
.........
စတင်းပရက်က ချက်ချင်းဘုတ်ရဖို့တော့ မသေချာပါဘူး
အနည်းဆုံးတော့ တစ်ပါတ်လောက်တင်ကြည့်ပါ မရလို့ရပ်လိုက်ရင်လဲ နှမြောစရာပါ
ကျွန်တော်တော့ သုံးရက်မြောက်မှ စရပါတယ်
တစ်ချို့လည်း ချက်ချင်းရကြပါတယ်
အဆင်ပြေပါစေ အစ်ကိုကြီး

ဟုတ်ကဲ့ @bobokyaw စာရင်းလာမပေးလောက်ဖူးဆိုတာမှန်ပါတယ်။ သူများတွေ့ဖို့လည်း ဖေ့စ်ဘုတ်လောက်မသေချာဘူး။ လူရှိလားလို့အော်ကြည့်ရုံပါပဲ။

No one is really interesting.

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66785.29
ETH 3229.75
USDT 1.00
SBD 4.30