Lego တုံးဆက် ကစားနည်း

in #steempress5 years ago

ဟိုတနေ့က ရန်ုကန်က အပြန်မှာ LEGO တွေ ဈေးချရောင်းနေတာနဲ့ တွေ့လို့ ဝယ်လာခဲ့လိုက်ပါတယ်။ ပုံမှတ် ၁၀၀၀၀ ကျော်ရောင်းတဲ့ ဟာကို အဲဒီနေ့ကတော့ ၄၆၀၀ ကျပန်နဲ့ပဲ ဝယ်လို့ ရလိုက်ပါတယ်။ Lego တွေက ကစားလို့တော့ အတော်ကောင်းပါတယ်။ ပေးရတဲ့ ဈေးနဲ့လဲ တန်တယ်လို့ ထင်ပါတယ်။ ဈေးလျှော့ပေးထားတာလဲ ပါတာပေါ့။

အပေါ်ကပုံကတော့ ဘာပုံလို့ ပြောရမလဲ တော့ မသိပါဘူး။ ဒါပေမဲ့ သူလုပ်ထားတဲ့ တုံးတွေက အပြင်မှာ ဝယ်လို့ ရတဲ့ တုံးတွေထက်တော့ အတော်ကို ကောင်းမွန်ပါတယ်။ နောက်ပြီးတော့ အတော်လဲ သေးပါတယ်။ ကျွန်တော်က ဈေးအပေါဆုံး ဟာကို ရှာဝယ်လိုက်တော့ သိပ်တော့ မစုံဘူးပေါ့။

အပေါ်ကပုံကတော့ ကားနဲ့ ရီမု ကွန်ထရိုးပုံပဲ ဖြစ်ပါတယ်။

ဒါကတော့ လေယာဉ်ပျံ ပုံပဲ ဖြစ်ပါတယ်။ သူပေးထားတဲ့ စာအုပ်ထဲက ဆက်နည်းအတိုင်း ဆက်ထားတာပါ။

အပေါ်က ပုံကတော့ ယူနီကောင်းပုံပဲ ဖြစ်ပါတယ်။ အနည်းငယ်တော့ ပုံမကျ ပန်းမကျ ဖြစ်နေပါတယ်။

ဒါကတော့ အပေါ်တည့်တည့်ကနေ ရိုက်ထားတဲ့ ပုံပဲ ဖြစ်ပါတယ်။

အပေါ်ကပုံကတော့ ကျွန်တော့် ဝက်ဆိုက်ကို Alexa ranking မှာ ကြည့်ထားတဲ့ပုံပါ။ မြန်မာနိုင်ငံက ဝက်ဆိုက်တွေထဲမှာ လူဝင်များမှု အဆင့် ၄၈၁ ချိန်ပါတယ်။ ဒါတောင်မှ steempress အတွက်ပဲ သုံးတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူစိတ်ဝင်စားတဲ့ ဝက်ဆိုက်တွေ သိပ်မရှိဘူးလို့ ဆိုလို တာ ဖြစ်ပါတယ်။ ကျွန်တော်ဆိုရင် တစ်နေ့ကို တစ်ခေါက်လောက်ပဲ ဝင် ပြီးတာနဲ့ ပိုစ့်တင် ပြီး ပြန်ထွက် ဒီလောက်ပဲ လုပ်ပါတယ်။ ဝင်တောင် မကြည့်ဖြစ်ပါဘူး။ ဘာဖြစ်လို့ traffic rank တက်နေတာလဲ တော့ ကျွန်တော်လဲ မသိပါဘူး။ အံ့သြစရာ မကောင်းဘူးလားဗျာ။



Posted from my blog with SteemPress : https://steemhosting.com/myanmarpress/?p=98
Sort:  

ဘယ်လို ဝယ်ရလည်း ဘဒို ညီလေး အတွက် ဝယ်ပေးချင်လို့

Posted using Partiko Android

ရန်ကုန် မှာဆိုရင် city mart မှာဝယ်လို့ ရတယ် ဘရို။

Hi, @mmunited!

You just got a 2.72% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 64615.49
ETH 3112.63
USDT 1.00
SBD 3.84