အကောင့်အသစ် ဖွင့်ကြမလား

in #steempress5 years ago

Steem account ဖွင့်တဲ့ အခါမှာ Steemit မှာ မှတ်ပုံတင်ပြီး ဖွင့်လို့ရပါတယ်။ email တစ်ခုလိုပါတယ်။ သူစစ်ဆေးတာကို ခံရပါတယ်။ ခုနှစ်ရက်လောက် စောင့်ပြီးရင်တော့ အကောင့် ရနိုင်ပါတယ်။ ဒါကတော့ ပုံမှန်နည်းလမ်းပဲ ဖြစ်ပါတယ်။ Recovery account ကတော့ Steemit ပဲ ဖြစ်ပါတယ်။

ဒါမှမဟုတ် အကောင့်အသစ် တစ်ခုကို လျှင်လျှင် မြန်မြန်နဲ့ ဖွင့်လို့လဲ ရပါတယ်။ ဒီနည်းကတော့ ပိုက်ဆံကုန်ပါတယ်။ အရင်တုန်းကဆိုရင်တော့ ရှိပြီး သား အကောင့်တစ်ခုကနေ SP delegate လုပ်ပြီး ဖွင့်လို့ရပါတယ်။ အခုနောက်ပိုင်းမှာတော့ RC ကိုသုံးပြီးမှပဲ ဖွင့်လို ရပါတော့တယ်။

အကောင့်ဖွင့်ချင်သူများအတွက် အကောင့်ဖွင့်ပေးတဲ့ ဝန်ဆောင်မှုကို ပါ လုပ်ဆောင်နေပါတယ်။ ချက်ချင်းရမှာ ဖြစ်ပါတယ်။ ဝန်ဆောင်ခကတော့ 5 Steem ပဲ ဖြစ်ပါတယ်။ အသစ်ဖွင့်ထားတဲ့ အကောင့်မှာ SP မပါပါဘူး။ SP အတွက်က သတ်သတ်ပေးရမှာ ဖြစ်ပါတယ်။ ဥပမာ 15 SP လို ချင်တယ်ဆိုရင်15 Steem ပေးရမှာ ဖြစ်ပါတယ်။ အဲဒီ SP ကိုတော့ SP delegate လုပ်ထားတာကို ပြန်ရုပ်သိမ်းတဲ့နေ့မှာ ပြန်ပေးမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။ လောလောဆယ် သုံးနေတဲ့သူတွေ အကြောင်းတစ်ခုခုကြောင့် အကောင့်သစ်ဖွင့်ချင်တဲ့ သူတွေကတော့ ဒီ Steem လောက်ကို ဂရုစိုက်နေမယ် မထင်ပါဘူး။ ခုနှစ်ရက် စောင့်ရတာကပဲ သူတို့အတွက် အရမ်းကို ကြာနေဦးမှာ ဖြစ်ပါတယ်။ ပြောရရင်တော့ ကျွန်တော်လဲ မစောင့်ချင်တော့တဲ့အတွက် ကိုယ့်ဘာသာကိုယ် အကောင့်အသစ်ဖွင့်လိုက်ပါတယ်။

ဒီနေရာမှာ ထူးခြားချက်တစ်ခုကတော့ recovery လုပ်တဲ့ အကောင့်က Steemit မဟုတ်တော့တာပါပဲ။ ကိုယ့် အကောင့်ကို သူများခိုးသွားတာသိရင် ချက်ချင်းပဲ တုန့်ပြန် ဆောင်ရွက်လို့ ရပါတယ်။ Recovery account ကို ကိုယ့်ရဲ့ အကောင့်ဟောင်း ဒါမှမဟုတ် ကိုယ်ယုံကြည်ရတဲ့ သူဆီမှာ ထားလို့ရပါတယ်။ Steemit ဆီက တုန့်ပြန်မှုတွေကို စောင့်ရင်းနဲ့ ကိုယ့်အကောင့်ထဲက Steem တွေပါသွားမှာကို ပူစရာ မလိုတော့ပါဘူး။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=20
Sort:  

Hi, @mmunited!

You just got a 2.36% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.033
BTC 64275.02
ETH 3139.81
USDT 1.00
SBD 4.14