ပြန်လည်ခံစား လူမှုဥပဒေသများ(4+5)

in #steempress5 years ago


*လူအချင်းချင်းတွေ့လျင်စိတ်ဝင်စားပါ။သဘောကျပါ။

*စကားပြောလျင်' ငါ 'ပါဝါလျော့ပါ။မင်း ခင်ဗျာ ကျွန်တော် ကျွန်မ သုံးပါ။

*မိတ်ဆွေများအတွက် အချိန်ပေးပါ။အကျိုးကိုမကြည့်ပါနဲ့။

*လူတွေ့လျင် ပြုံးပေးပါ။မပြုံးတတ်ရင် ဆိုင်မဖွင့်နဲ့။အပြုံးသည်လက်နက်သဖွယ် ကျင့်သုံးပါ။

*နားသည် များများနားထောင်ဖို့ နားရွက်နှစ်ဖတ်ပေးထားပြီး စကားကို နည်းနည်းပြောဆိုစေချင်သောကြောင့် ပါးစပ်ပေါက်တစ်ပေါက်သာပေးထားကြောင်း သတိပြုကြပါ။

*သူတစ်ပါးရဲ့ကျွမ်းကျင်မှုကိုရှာပါ။လူတိုင်းဟာ တစ်ခုခုတစ်နေရာရာမှာတော့ ကျွမ်းကျင်မည်။ထိုအရာကို အမိအရနှိုက်ပါ။

*ပါးစပ်ပေါက်ကို နည်းနည်းဘဲသုံးပါ။သူတစ်ပါးအတွက်အကျိုးရှိပြီး မိမိအတွက်လည်း အကျိုးရှိသောစကားကိုပြောဆိုပါ။

*မိမိအပြောကိုတတ်နိင်သလောက်လျော့ပါ။

*လူတိုင်းကိုအရေးပါအရာရောက်သူလို့ သဘောထားပါ။သူတစ်ပါးရဲ့အရည်အချင်းကိုထုတ်ဖော်ပြပါ။ဦးစွာချီးကျူးပါ။စိတ်ဝင်စားပါ။

*ဘယ်အချိန် ဘယ်နေရာ ဘယ်အရပ်ဘဲရောက်ရောက် ရောက်တဲ့နေရာမှာ အားပေးတတ်သောအကျင့်လုပ်ပါ။

*သူထက်သာတယ်လို့ ပြောမဲ့အစား မိမိထက်သာကြောင်း တော်ကြောင်း ပြောပြပေးပါ။

*လူတိုင်းမှာ ပညာယူစရာရှိသည်။မိမိရှေ့ရောက်လာသူတိုင်းကို မိမိနည်းပြဆရာအဖြစ်သဘောထားပါ။

အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100


Posted from my blog with SteemPress : https://myanmarknowledge.xopus.io/?p=37

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 61830.08
ETH 2986.99
USDT 1.00
SBD 3.73