ဈေးနားနီးနီးတိုက်ကြီးကြီး

in #story6 years ago

@bobokyaw.jpg
စတီးမစ်မြို့ကြီးတည်သည့်အချိန်ကို မှီခဲ့တယ် မြို့တည် နန်းတည်တယ်ဆိုတာကို ကိုယ်တွေတစ်သက် မကြုံလောက်တော့
ဘူးလို့ ထင်ခဲ့မိတယ်လေ။ ဟုတ်သည်ဘဲလေ ကိုယ်တွေက နှစ်ဆယ့်တစ်ရာစု မှာ လူလာဖြစ်တာကိုး ကိုယ့်ခေတ်ကာလ
အခြေနေက ရှေ့က ဘိုးဘွားတွေ တည်ခဲ့သော မြို့တွေ ရွာတွေမှာ အရန်သင့် နေထိုင်ကြရုံဘဲလေ။ မြို့တည်နန်းတည်
တယ်ဆိုတာ စာထဲလောက်ဖတ်ဖူးတာ စိတ်ကူးအတွေးထဲ မှီသလောက် ပုံဖေါ်ကြည့်ရုံလောက်တက်နိုင်တာလေ
အခုတော့ ကံဇာတာအလှည့်အပြောင်းကြောင့်ထင်ပါတယ် စတီးမစ်ဆိုတဲ့ မြို့မဟာ စတင်းဆိုတဲ့ ဒေါ်လာနန်းတော်ကြီး
အခြေတည်သည့်အချိန်ကို ကံကောင်းထောက်မစွာနဲ့ မှီခဲ့ ကြုံခဲ့ရပါတော့တယ်။

မြို့တည် နန်းတည်တယ် ဆိုတာ လွယ်သည်တော့မဟုတ် စကားလုံးလေးက လှသလောက် လုပ်ကိုင်ဆောင်ရွက်ရတာတွေက
အကြမ်းစားတွေပါ။ တောတွေရှင်း တောင်တွေဖြို မြေတွေညှိ အိမ်သစ်တွေဆောက် လမ်းတွေဖောက် သစ်ပင်ပန်းမန်တွေ
စိုက်ပျိုး ဒါတွေက ကိုယ့်မျက်စိထဲ မြင်သလောက် ပြောကြည့်တာ တကယ်က အမျိုးအမည် များစွာသော အရာတွေနဲ့ နေ့ပေါင်းများစွာ ရက်ပေါင်းများစွာ နှစ်ချီပြီး တည်ဆောက်ကြရတာပါဘဲ။ သွေးချွေးပေါင်းများစွာရင်းနှီးပြီး တည်ေဆာက်ကြ
ရတယ်ဆိုတာ တွေးကြည့်တာနဲ့တင် မြို့တော်တစ်ခု ဖြစ်လာဖို့ ရုပ်လုံးကြွလာဖို့ဆိုတာ အတော်ကို မလွယ်ကူပါဘူး

ရက်တွေ လတွေသာကြာလာတယ်လေ မြို့တော်က မြို့နဲ့တောင် မတူသေးပါဘူး။ တစ်ချို့လည်း ဒီမြို့တော်က စည်ပင်
ဝပြောလိမ့်မယ်လို့ မယုံကြည်တော့ဘူး။ ရေကြည်ရာမြတ်နုရာထွက်ခွါသွားကြတယ်။ ဟုတ်လည်းဟုတ်သည်ဘဲ
ဒီလောက် အပင်ပန်းခံ တည်ဆောက်နေကြတာတောင် မြို့တော်က မြို့ရုပ်ထွက်မလာသေး မပီပြင်သေး ရာသီဥတုကလည်း ဆိုးတခါ ကောင်းတစ်လှည့် ဒီနေရာ ဒီနယ်မြေမှာ လုပ်ကိုင် စားသောက်လို့ ဖြစ်ပါ့မလားဆိုတဲ့
သံသယအတွေးက လူတိုင်းကို စိုးရိမ်ပူပန်စေတယ် ယုံကြည်မှုမဲ့စေတယ်လေ။

ဒါပေမယ့် လူအများကတော့ မြို့တော်ကြီး စည်ပင်ဝပြောလာမယ့် နေ့ကို မြင်ယောင်နေကြတယ်။ ယုံကြည်နေကြတယ်
ကြိုးစားကြတယ်ပေါ့ ပူးပေါင်းပါဝင်ပြီး မြို့ကြီးစည်ကားလာအောင် ၀ိုင်းဝန်းတည်ဆောက်နေကြတယ်။ အခုချိန်မှာတော့
စတင်းဒေါ်လာမြို့တော်ကြီး ဖြစ်မြောက်ရေးအတွက် မြေနေရာတွေ လုပ်ကိုင်စားသောက်ရန် လယ်ယာမြေတွေလည်း
အခမဲ့နီးနီး ပေးထားတယ်လေ။ တစ်ချို့ဆို အိမ်လည်းဆောက်ပေးတယ် စိုက်ပျိုးပြီးသာ လယ်ယာမြေတွေ ကိုအဆင်သင့်
ပေးတယ် ထွန်ယက်စရာမလိုဘဲ အဆင်သင့် ခူးဆွတ်စားသုံးယုံဘဲ စုဆောင်းယုံဘဲ။ မြို့တော်က သိပ်မစည်ပင်သေးတော့
မြေဈေး ယာဈေးကလည်း သိပ်မရှိသေးပါဘူး။ အလွန်ပေါပါတယ်။ အလကားနီးနီးရနိုင်တယ် ဈေးလေးနည်းနည်းပေး
ဝယ်မည်ဆိုလျှင်တော့ နေရာကောင်းတွေရနိုင်တယ်လေ ။ အခုခေတ်အနေအထားဆိုရင်တော့ လမ်းမကြီးမေးတင် ဒေါင့်
ကွက် မြေညီတယ် လေးထောင့်ကျတယ် ပိုင်ရှင်ကိုယ်တိုင်ရောင်း အရှုပ်အရှင်းကင်း ဘိုးဘွားပိုင်မြေ ငွေကို တစ်ဝက်အကျေ
ရှင်း ကျန်တစ်ဝက် ဘယ်နှစ်လဆိုင်း အရစ်ကျ စသဖြင့်ပေါ့ ပရိုမိုးရှင်းတွေနဲ့ ၀ယ်ယူဖို့ အလွန်အဆင်ပြေသောကာလပေါ့

အကွက်မြင်တဲ့ စီးပွားရေးသမားတွေကတော့ ရသလောက်လိုက်ဝယ်စုထားကြတယ်လေ။ မကြာခင် စည်ပင်လာရင်
မြို့တော်ကြီးဖြစ်လာခဲ့ရင် ၀ယ်ထားတဲ့မြေတွေ ဈေးအဆမတန် တက်ပြီပေါ့။ ဒီလိုနဲ့ သိပ်မကြာခင် အချိန်တစ်ခုမှာတော့
စတင်းဒေါ်လာမြို့တော်ကြီးသည် ရွှေရောင် တဖိတ်ဖိတ်တောက်သော ရွှေမြို့တော်ကြီးဖြစ်လို့လာသောအခါ
နေစရာ နေရာတစ်ခုရဘို့အရေး ငွေကြေးများစွာပေးချေမှ ရသောကာလသို့ေ ရာက်ပေတော့မည်။ ယခင်က အလကား
နီးနီးပေးသော နေရာကောင်းတွေ တောင်းပန်ပြီးဝယ်လို့တောင် မရတော့ဖြစ်လေမည်။

ရွှေမြို့တော်အတွင်း နေရာမရ
နိုင်တော့သည့်အတွက် မြို့တော်အပြင် တောစပ်နေရာတွေမှာ ခက်ခဲပင်ပန်းစွာနဲ့ ဖြစ်သလိုနေထိုင်ကြရပေတော့မည်
အခုသည် ရွှေမြို့တော်ကြီးမဖြစ်သေး အချိန်သည် မှီပါသေးသည်။ နေရာရွေးလို့ရပါသေးသည်။ စတင်းရွှေမြို့တော်ကြီး
လို့ လူတိုင်းပါစပ်ဖျားတွင် တွင်တွင်ခေါ်သောအချိန်သည် ရောက်လို့လာတော့မည်။ ထိုကာလမရောက်ခင် ရွှေမြို့တော်
အတွင်း လမ်းမကြီးမေးတင် ဒေါင့်ကွက် ခြံကျယ်ကျယ်လေးတစ်ကွက်လောက်တော့ ပိုင်ဆိုင်အောင် ကြိုတင် ကြိုးစား
ထားသင့်ပေသည်။ ရွှေမြို့တော်ကြီးရဲ့ ဈေးနားနီးနီး တိုက်ကြီးကြီး ပိုင်ရှင်သည် သင်ဖြစ်ခဲ့မယ်ဆိုလျှင်တော့
သင့်ဘ၀နေ့ရက်များသည် ရွှေရောင်အတိပြီးသော အခြေအနေသို့ ရောက်ပေတော့မည်။
@bobokyaw

Sort:  

ပိန်လိုက်ဖောင်းလိုက်အိပ်ကပ်လေးကိုကြည့်ပြီး စိတ်ပျက်တစ်ခါ ပြုံးပျော်တလှည့်နဲ့ပါဗျာ……
ကြိုးစားတာတော့နေ့စဉ်မပျက်ပါဘူးဗျာ………အများကြီးမမှန်းပါဘူးဗျာ…စတီးမစ်မြို့ကြီးထဲမှာ တိုက်ကြီးကြီးတစ်လုံးစာနဲ့ခြံကျယ်ကျယ်လောက်ဆိုရင်တော်ပါပြီဗျာ………

အိမ်မက်တွေ တစ်နေ့တော့ ဖြစ်လာမှာပေါ့ကွာ

အပိုင်မ၀ယ်နိုင်လည်း အငှားတော့ရနိုင်မလားလို့ပါ ဟီးးးးးးးးးးး

ကိုယ်ပိုင်လေးတော့ ရအောင်လုပ်ပါလားဗျာ

This post has received a 1.96 % upvote from @booster thanks to: @bobokyaw.

Thanks you booster

You got a 1.70% upvote from @postpromoter courtesy of @bobokyaw!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

ကျေးဇူးတင်ပါတယ် ပို့ပရိုမော်တာကြီးရေ

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70597.89
ETH 3559.60
USDT 1.00
SBD 4.77