Steemit ဟာငြိမ်းလုလုမီးတောက်ကလေး

in #trending5 years ago

image

လွန်ခဲ့တဲ့နှစ်က ကျွန်တော်တို့တစ်တွေ Steemit platform ပ်ါမှာအလုအယှက်ပို့တွေတင်နေခဲ့ကြပြီး MSC Member တွေဆိုရင် gathering တွေဘာတွေလုပ်ပြီး မိတ်ဆွေတွေတိုးလို့ပေါ့။ အားလုံးလည်း တက်ကြွ ပျှော်ရွှင်ကြလို့ပါ။ အခုကြတော့ Steemit ဟာငြိမ်းလုလုမီးတောက်ကလေးတစ်ခုဖြစ် နေပြီး ဘယ်တော့ငြိမ်း သေသွားတော့မလဲလို့ရင်တစ်ထိပ်ထိပ်စောင့်ကြည့်နေကြရတဲ့အနေအထားပါ။ အဲဒီတုန်းကဒီလက်ကလည်း အကြောင်းအရာတစ်ခုလောက်စဉ်းစားမိတာနဲ့ ဆောင်းပါတစ်ပုဒ်စာအသာလေးရေးသွားနိုင်ခဲ့တာပါ။ အခုအ ခါမှာတော့ စာရေးဖို့အကြောင်းအရာတွေကုန်ခမ်းသွားသလိုထင်နေမိပြီး လက်ပမ်းလည်းကျနေပါပြီး။ အထူး သဖြင့် နဂိုကမှ Steem ဈေးတွေထိုးကျနေလို့ စိတ်မပါ့တစ်ပါဖြစ်နေရတဲ့အချိန်မှာ Steemit CEO တွေက ဝန်ထမ်း ၇၀ လောက်လျော့ပစ်လိုရပြီဆိုတဲ့သတင်းက ငြိမ်းလုလုမီးတောက်ကလေးကို လေကြမ်းကြမ်း ဝှေ့တိုက်လိုက်သလိုပါဘဲ။ ဝုတ်ကနဲ အသံမြည်ပြီးငြမ်းသွားတယ်။ စိတ်ဖိစီးမှုတစ်ချို့လည်းလျှော့ကျသွားသ လိုပါပဲ။ဒီလောက်ကြီး အားကိုးအားထားပြုခဲ့မိတဲ့ Steemit platform ကအခုလို မရေရာမှုတွေများ လာတာဟာ စိတ်အားငယ်မှုကိုပါတိုးလာစေပါတယ်။ ဟိုတစ်လောက်ကလည်း Steemit Wallet ထဲက Estimated Account Value အဆမတန်တိုးလာလို့ Scam ဖြစ်ပြီလားဆိုတဲ့အသံတွေညံသွားခဲ့သေးတာပါ။ ဒါကလည်းအတော်ကိုဆိုးရွားလှပါတယ်။ သူ့ကို ကျွန်တော်တို့က BTC ထက်တောင်ယုံကြည်ထားကြတာပါ။ ဒီကြားထဲမှာ Steem တွေအရနည်းလာလို့ မြန်မြန်နဲ့များများဝင်နိုင်မယ်နည်းတွေလည်း လေ့လာနေခဲ့ပါ တယ်။လေ့လာပါတယ်ဆိုတော့ DELEGATE ပြုလုပ်နည်းပါမကျန်စမ်းသပ်လေ့လာရတာပေါ့။ သိတဲ့အတိုင်း MSC မှာက ကိုယ့်ပိုက်ဆံနဲ့ကိုယ်တောင် ဝယ်ထည့်ပြီး DELEGATE လုပ်ဖို့ခွင့်မပြုဘူးဆိုတော့ PRO လည်းမတင်ချင်တော့ပါဘူး။ လိုချင်လောဘ ဆိုတာကလည်းယုံကြည့်ချက်နဲ့တွဲမှ ဖြစ်လာတာဆိုတော့ ယုံကြည့်မှုပျောက်ကွယ်လာတော့ လောဘလည်း ဘယ်ရောက်သွားလည်းမသိတော့ပါဘူး။ ထူးဆန်းတာ တစ်ခုကတော့ STEEMIT ကိုအမှီပြုပြီးမှရပ်တည်နေရတဲ့ STEEMHUNT နဲ့ ACTIFIT ကိုတော့ မပျက်မကွက် ဆက်လက်လုပ်ဆောင်နေမိကြတာ ဘယ်ယုံကြည်ချက်လည်းမသိတော့ပါဘူး။

ငြိမ်းသေသွားပြီးလားလို့ထင်နေရတဲ့ STEEMIT လေးက ဝါးမီးတောက်လိုပြန်ပဲတောက်လာမလား၊ တစ်ငွေ့ငွေ့ပဲသေသွားတော့မလားဆိုတာကတော့......

Sort:  

မီးငြိမ်းတောင် ဖြစ်သွားမှာပဲ စိတ်ပူမိတာပါ

ဘယ်တတ်နိုင်မလဲနော်

Posted using Partiko Android

ဒန် တန်တန် ပေါ့ ဦးမင်း
မျှော်နိုင်သမျှတော့ မျှော်လိုက်ပါအုံးမည်

ပြန်တောက်မလာဘူးလည်းပြောတော့မရပါဘူး

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66791.24
ETH 3239.69
USDT 1.00
SBD 4.22