"The shorter and deeper guidelines for living

in #artzone6 years ago

တိုတောင်း၍ ပိုကောင်းသော ဘဝလမ်းညွှန်များ (၁၇)
"The shorter and deeper guidelines for living"

သင်သေသွားပြီးနောက် သင့်မိသားစု ဆွေးမျိုးဉာတကာ
မိတ်ဆွေများသာမက သင့်အကြောင်းကြားဘူးသူတိုင်းအား
သင်သေဆုံးခြင်းအတွက် ဝမ်းနည်းပက်လက်ကျန်ရစ်စေသင့်တယ်။
ဒီသဘောကို အတုယူစံပြုထိုက်တဲ့လုပ်ရပ်တွေနှင့်
ကိုယ်ကျိုးစွန့်  အနစ်နာခံသွားသော ကြီးကျယ်မြင့်မြတ်သူတွေရဲ့ 
လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အောင်မြင်မှုတွေမှာ တွေ့နိုင်ပါတယ်။
ဒီကနေ့ ကျွန်တော်တို့အကြားမှာ သူတို့မရှိတော့ပေမယ့်
သူတို့လုပ်ရပ်တွေကို အတုယူပြီး ဘဝကိုပုံစံချဖို့
ကျွန်တော်တို့ကို ကူညီလမ်းပြနေဆဲဖြစ်ပါတယ်။
လူသားတွေကို သူတို့ပေးဆပ်ခဲ့တဲ့ အဖိုးတန်လုပ်ရပ်တွေဟာ
သာဓကအဖြစ် ကျွန်တော်တို့စိတ်ထဲမှာ သူတို့ရှိနေဆဲလို့ ခံစားရပါတယ်။

When you are dead and gone, not only your families,
relatives, and friends but all people who had heard about you
should have remained in mourning for your death".
This can be seen in the tangible achievements of exemplary works
and sacrifices of great men and women which still remain with us
to this day helping to shape our way of life even
though they are no more living among us.
In a sense, we could regard them as still being with us
as a testimony of their valuable services rendered to humanity.
တစ်​ကြိမ်​ ကတိ ဖျက်​တဲ့သူကို
ခွင့်​လွှတ်​လိုက်​ပါ
သူ့မှာ ကတိ ဖျက်​ရတဲ့
အ​ကြောင်းပြချက်​ ရှိပါ လိမ့်​မယ်​...။

နှစ်​ကြိမ်​ ကတိ ဖျက်​တဲ့သူကို
ခွင့်​လွှတ်​လိုက်​ပါ
သူ့မှာ ​နောက်​ထပ်​ တစ်​ကြိမ်
ကတိ ဖျက်​ရတဲ့ အ​ကြောင်းပြချက်​ ရှိပါ လိမ့်​မယ်

သုံးကြိမ်​ ကတိ ဖျက်​တဲ့သူကို
ခွင့်​လွှတ်​ခြင်းနဲ့ အတူ စွန်​ခွာလိုက်​ပါ
မစွန့်​ခွာရင်​ အ​ကြောင်းပြချက်​ မျိုးစုံနဲ့
ပေးပြီးသား ကတိ ကို
ခဏ ခဏ ဖျက်​​နေ ပါလိမ့်​မယ်​...။
image
,

@bokaung

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62622.67
ETH 2944.91
USDT 1.00
SBD 3.61