ဒသက

in #artzone6 years ago

တေသံ,ထိုဦးခေါင်းဆေးကုန်သောသူတို့အား၊သတ္တဘာဂီ ၊ ခုနစ်နှစ်ကဖြစ်ကုန်သော။ရောဂီ ၊ အနာမျိုးတို့သည်။ ဝိနာသေယျုံ၊ကင်းပျောက်ကုန်ရာ၏။ သုခဘာဂီ ၊ ချမ်းသာခြင်း၏ အဖို့ဖြစ် ကုန်သော သတသဟဿာနိ၊တစ်သိန်းသော အကျိုးတို့သည်။ဘဝေယျုံ၊ဖြစ်ကုန်ရာ၏။
image
သင်္ကြန်အခါရှောင်ကြဉ်ရန်အမှုများကား`နရုဒံ မေထုနံ သုရာ၊ဝဓကောဓေန တေလတာ။ရုက္ခဆေဒါ ဟနန္တဿ၊ကိဏေယျဝိက္ကိဏေယျ ဝါဣမာနိ ဒသကမ္မာနိ၊သက္ကောပိ ပရိဝဇ္ဇယေ “ဟု ဆိုသောကြောင့် မင်္ဂလာစကား ၊ လင်္ကာကြားအံ့၊ကြောင်းလျာစုံစေ့ သင်္ကြန်နေ့၌ မတွေ့ဝေးစွာ၊ရှောင်ကုန်ရာသား ၊v၁ မသာနှလုံး ညှိုးချုံးစိုးရိမ်မငြိမ်ပူဆွေး ၊ ငိုကြွေးကုန်ထ ၊ ၂ ကာမအရာ၊မေထု နာနှင့် ၊ ၃ ပါဏာသတ်ပုတ်လ၊ ၄ သောက်တုတ်သေရက် ၊ ၅ မျက်ထွက်မာန ၊လပဋိဃ နှင့် ဒေါသကိုငြိမ်း ၊ ၆ ဆီလိမ်းပွတ်ဆင် ၊ ၇ သစ်ပင်ခုတ်ဖြတ်၊၈ သတ်ခတ် ကုန်ရှောင် ၊ ၉ အရောင်း ၊ ၁၀ အဝယ်လဲလှယ်ဟူသည် ဤဆယ်မည်ကို လူ့ပြည်လူ့ခွင်လူကိုစင်ထား ၊ မြင်းမိုရ်ဖျားဝယ် ၊ သိကြားသော်မှ မပြုရရာ၊ရှောင်ကြဉ်ရာဟု ကျမ်းလာသော်ကား လင်္ကာကြားသည်။ဤကားမဟာသင်္ကြန်အကျအလိုတည်း။

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 62802.08
ETH 2941.62
USDT 1.00
SBD 3.59