တန်ဖိုးထားနိုင်ကြပါစေ

in #artzone6 years ago

image

photo credit

"မဆုံးရှုံးရ​အောင်​.....”

ကိုယ်​တန်​ဖိုးထားရသူ​တွေ ကိုယ့်​အနားက
ရှင်​ကွဲ မခွဲရ​အောင်​ နည်းလမ်း​လေး​တွေ
တင်​ပြပါရ​စေ....

၁)အပြစ်​တင်​စကား​ပြောခြင်း ​ရှောင်​ပါ

လူဆိုတာ အမှားမကင်းပါဘူး
ဆင်​ခြင်​တုံတရား အနည်းအများအ​ပေါ်မူတည်​ပြီး
အမှားအကြီးအ​သေးပဲ ကွာခြားပါလိမ့်​မယ်
ကိုယ်​အားသန်​ထူးချွန်​တာနဲ့ သူထက်​မြက်​တာ
မတူသလို ကိုယ်​ကြိုက်​တာနဲ့ သူကြိုက်​တာလည်း
ကွာခြား​နေတတ်​ပါတယ်​။ ကိုယ့်​အတ္တကို
ရှေ့တန်းတင်​ပြီး ​ကောင်း​စေချင်​လွန်းတဲ့ ​စေတနာ​ကြောင့်​ သူ မလုပ်​နိုင်​တာကို ​ဒေါသထွက်​ပြီး
အပြစ်​တင်​ မ​စောလိုက်​ပါနဲ့
ကိုယ်​မလုပ်​နိုင်​တာ​တွေကို သူ လုပ်​နိုင်​သွားတာ​တွေလည်း ရှိ​နေတတ်​ပါတယ်​ ။ ပညာသားပါပါ
လက်​တွဲ​ခေါ်ပါ။

၂)ပွင့်​လင်းပါ

ကြိတ်​မှိတ်​​နေခြင်းက အစိုင်​အခဲများကို
ကြီးထွား​စေပြီး ပွင့်​လင်းသင့်​တာကို ပွင့်​လင်းခြင်းက
ကြိတ်​လုံး​တွေကို ​လျော့ပါး​စေပါတယ်​။
လူတစ်​​ယောက်​ နဲ့တစ်​​ယောက်​ ပြဿ နယအကြီးအကျယ်
ဖြစ်​ရခြင်းက ကြိတ်​လုံး​တွေ​ကြောင့်​ဖြစ်​ပြီး
မပွင့်​လင်းခဲ့မှု​တွေ​ကြောင့်​ဘဲ နားလည်​မှုကို
ပြိုကွဲ​စေကာ ယုံကြည်​မှု​တွေကို အမြစ်​ကုပ်​မရ​အောင်
တိုက်​စား​စေတတ်​ပါတယ်​။
အချိန်​အခါကိုကြည့်​ပြီး ပွင့်​လင်းသင့်​တာကို
ပွင့်​လင်းခဲ့မယ်​ဆိုရင်​ အနည်းဆုံး​တော့
နာကျင်​မှု​တွေကို ကာကွယ်​ရာ​ရောက်​​စေပါလိမ့်​မယ်​။

၃)တန်​ဖိုးထား​ပေးပါ

လောကမှာ ကိုယ်​တန်​ဖိုးထားရတဲ့သူဆိုတာ
အ​ရေအတွက်​နည်းပါလိမ့်​မယ်​။လူ​တွေအများကြီးကြား
ထဲကမှ ​ရေစက်​​ကြောင့်​ ကိုယ့်​နှလုံးသားထဲကို
မဖန်​တီးဘဲ ​ရောက်​လာသူ​တွေကို တန်​ဖိုးထား​ပေးပါ
တန်​ဖိုးဆိုတာ တစ်​ခါတစ်​ခါမှာ ထား​ခံ​နေရသူက
တန်​ဖိုးမသိ​ပေမယ့်​ အချိန်​ ကြာလာတာနဲ့အမျှ
သူ့အ​တွေးထဲမှာ ကိုယ့်​တန်​ဖိုးက တံဆိပ်​ရိုက်​နှိပ်​ထား
သလို သူကိုယ်​တိုင်​ သိလာပါလိမ့်​မယ်​။
အခြားသူက ကိုယ့်​ကို တန်​ဖိုးထားတာလိုချင်​ရင်
ကိုယ်​ကိုယ်​တိုင်​က တန်​ဖိုးသိပြီး တန်​ဖိုးရှိ​အောင်
နေတတ်​ထိုင်​တတ်​ဖို့လည်း အ​ရေးကြီးပါတယ်​။

၎)ယုံကြည်​​ပေးပါ

ကိုယ့်​နှလုံးသားက မလွန်​ဆန်​နိုင်​လို့ ချစ်​မှချစ်​မိရင်​​တော့
သံသယစကား​တွေနဲ့ သူ့ကို နှိပ်​စက်​မ​နေသင့်​​တော့ပါ
ဘူး။ယုံကြည်​သင့်​သ​လောက်​​တော့ ယုံကြည်​​ပေးရ
ပါလိမ့်​မယ်​။ ယုံကြည်​မှုဆိုတဲ့အရာက
အောက်​ဆုံး​ရောက်​​နေတဲ့ ဘဝကို အမြင့်​ဆုံး​ရောက်
အောင်​ ဆွဲ​ခေါ်နိုင်​သလို တည်​ငြိမ်​​နေတဲ့​ရေပြင်​ထဲ
ကျောက်​ခဲတစ်​လုံးချလိုက်​သလိုပဲ သံသယလှိုင်း​တွေ
ကြောင့်​ ​ပျော်​ရွှင်​မှု​တွေကို ​ပျောက်​ဆုံး​စေတတ်​ပြန်​ပါတယ်​။ကိုယ့်​ရဲ့ ယုံကြည်​မှု​ကြောင့်​ ကိုယ်​တန်​ဖိုးထားရသူ​တွေရဲ့ ဘဝ​တွေတိုးတက်​သွားရင်​ ကိုယ်​ခံလိုက်​ရတယ်
ထားအုံး ​ဖြေသာပါတယ်​။
ယုံကြည်​မှု ဆိုတဲ့အရာကို "သတိ”​လေးကပ်​လိုက်​ရင်
စုံလုံးကန်းတဲ့ ယုံကြည်​မှု ဖြစ်​မလာ​တော့ဘဲ
အင်​အားဖြစ်​​စေတဲ့ အား​ဆေးတစ်​လက်
ဖြစ်​လာနိုင်​ပါတယ်​။

၅)ရင်​ဘတ်​ထဲ​ရောက်​​အောင်​ ကြိုးစားပါ

လူတစ်​​ယောက်​ရဲ့ ရင်​ဘတ်​ထဲမှာ ကိုယ့်​​နေရာ
အပြည့်​ရဖို့ဆိုတာ တကယ်​​တော့ မလွယ်​ပါဘူး
လုပ်​လို့ရတဲ့ နည်း​လမ်း​တော့ ရှိ​နေပါတယ်
စစ်​မှန်​ပြီး အ​ပေးအယူမဆန်​တဲ့ ​စေတနာများများ​ပေးပါ
နှလုံးသားရှိတဲ့ သတ္တဝါဆိုတာ နှလုံးသားနဲ့ပဲ
စကား​ပြောမှ သူခံစားတတ်​မှာပါ
နှလုံးသားနဲ့ စကားမ​ပြောဘဲ အမိန့်​ဆန်​ဆန်
အ​ပေါ်ယံသကာရည်​​လောင်းမိရင်​​တော့
အချိုဓာတ်​ပြယ်​သွားတဲ့အချိန်​ အတွင်းအရသာအခါး​တွေ
ကြောင့်​ လမ်းခွဲမှု​တွေ ​တွေ့ကြုံလာနိုင်​ပါတယ်​။
အစစ်​အမှန်​​တွေချည်း​ပေးခဲ့​ပေမယ့်​ အတု​တွေ
ပြန်​ရခဲ့ရင်​ ကိုယ်​မရှုံးပါဘူး
ကိုယ့်​​မေတ္တာနဲ့ မထိုက်​တန်​တဲ့သူဘဲ တစ်​ဘဝစာ
ဆုံးရှုံးသွားရမှာပါ။
ဘာပဲဖြစ်​ဖြစ်​ ကိုယ့်​ဘက်​က အစစ်​အမှန်​​တွေပဲ
ပေးဖို့ကြိုးစားတာက သူ့ရင်​ဘတ်​ထဲ
ကိုယ်​​နေရာမရခဲ့ရင်​​တောင်​ မှ လိပ်​ပြာလုံ​စေတာ​တော့
အမှန်​ပါပဲ ။

ကိုယ်​တန်​ဖိုးထားရသူ​တွေ ကိုယ့်​အနားက
ရှင်​လျက်​နဲ့ ထွက်​ခွာမသွားရ​အောင်​ဆိုတာ
ကံကြမ္မာက သုံးပုံးတစ်​ပုံဆိုရင်​ ကိုယ့်​အ​ပေါ်နဲ့ သူ့အ​ပေါ်မှာ
နှစ်​ပုံမူတည်​​နေတတ်​ပါတယ်​။
အမေစု ပုံတူအောင်ထုပေးပါဆိုလို့ ။ နှစ်သက် လက်ခံတယ်ဆိုရင် မှတ်ချက်တကြောင်းရေးပေပါ ။မိတ်ဆွေများ မြင်ရအောင် ရှယ်ပေးပါ ။ ပန်းပု ကျော်ကျော်မင်းလက်ရာပါ.။.
ဖုန်း 09401040255 ။ မြောက်ဥက္ကလာ ။ မြရတနာ ၁၀ လမ်း ။ ခ/ရပ်ကွက် ။ အမှတ် ၄၇ ။

Sort:  

World of Photography
>Visit the website<

You have earned 6.50 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.30
Block time: 2018-05-24T04:09:27
Account Level: 1
Total XP: 156.00/200.00
Total Photos: 24
Total comments: 0
Total contest wins: 0
And have also received a 0.40 percent upvote.

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Coin Marketplace

STEEM 0.27
TRX 0.12
JST 0.032
BTC 66568.01
ETH 3070.53
USDT 1.00
SBD 3.68