တပ်မတော်

in #artzone6 years ago

image
photo credit

ပည်သူလူထုသည် မယုံနိုင်အောင်ဖြစ်ရသော အဗ္ဘုတရသကိုလည်းခံစားရ၏ ။ စိတ်ဓာတ်တက်ကြွစေသော ၀ီရရသကိုလည်း ခံစားရ၏ ။ ဝေဖန်မှုများအတွက် ထောင်၊လက်ထိပ် စသည်တို့ကို လည်းမြင်ယောင် လာသည်ဖြစ်ရာ  ဘယာနကရသ ကိုလည်းခံစားရပါ၏။ ဖတ်သူအပေါ်မူတည်၍ ၀ိဘစ္ဆရသ ၊ ဟာသရသ စသည်ဖြင့် တဦးနှင့်တဦး ကွဲပြားကြပါလိမ့်မည်။

    ပြည်သူတွေသည် ယခင်က မြန်မာနိုင်ငံတွင် အစိုးရကသပ်သပ် ၊တပ်မတော်ကသပ်သပ် ဟုကျွန်တော်တို့ ဥာဏ်တထွာတမိုက်ဖြင့်ယူဆထားခဲ့ဖူး၏ ။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် အစိုးရဆေးတက္ကသိုလ်ရှိလျက်နှင့် တပ်မတော်ဆေးတက္ကသိုလ်ဟူ၍ဖွင့်၏၊ အစိုးရနည်းပညာတက္ကသိုလ်များရှိပါလျက်တပ်မတော်နည်းပညာတက္ကသိုလ်ပေါ်လာ၏ ။ အစိုးရပိုင် MRTV ရုပ်သံလိုင်းရှိပါလျက် မြ၀တီရုပ်သံလိုင်းဟုထူထောင်၏ ။ မြန်မာ့စီးပွားရေးဘဏ်ရှိသော်လည်း အင်းဝဘဏ်ဟုပေါ်လာပြန်သည် ။ ထို့ကြောင့်အရာရာ နှစ်ခုနှစ်ခုရှိနေသဖြင့် သပ်သပ်စီဟုထင်ကြခြင်းဖြစ်သည် ။ ထို့အပြင် တပ်မတော်သားများသည်နိုင်ငံ့ဝန်ထမ်းမဟုတ်ဘူးဆိုသော စကားများကိုလည်းကြားဖူး၏။ နိုင်ငံဝန်ထမ်းစာရင်းထဲသို့  တပ်မတော်သားများကို ထည့်၍မရဘူး ဆိုသဖြင့်တပ်မတော်သားများမှာ သီးသန့်အဖွဲ့အစည်းသဖွယ်ဖြစ်လေသည် ။ နိုင်ငံ့ဝန်ထမ်းများမှာ အသက် ၆၀ ကျော်လျှင် အငြိမ်းစားယူရစမြဲဖြစ်ရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို အသက် (၇၈)နှစ်အထိသော်လည်းကောင်း၊ ဗိုလ်ချုပ်မှူးကြီးမင်ေးအာင်လှိုင်သည်ယခု လာမည့် ဇူလိုင်လ ၃ ရက်နေ့တွင် အသက် (၆၂)နှစ် ပြည့်မည်ဖြစ်ပြီး ၆၃ နှစ်ထဲသို့ ၀င်တော့မည် အထိလည်းကောင်း တာဝန်ထမ်းဆောင်ဆဲဖြစ်ရာ တပ်မတော်သားများသည် နိုင်ငံ့ဝန်ထမ်းများမဟုတ်ဘူး ဆိုသောစကားမှာ ဟုတ်တုတ်တုတ် ရှိသည်ဟုထင်မြင်မိပါသည် ။ သို့ပါသော်လည်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က နိုင်ငံ့ဝန်ထမ်းများကို လစာတိုးသောအခါ တပ်မတော်သားများလည်း ထိုတိုးမြှင့်ခံစားခွင့်ကိုရခဲ့ကြပြန်သည်။ ဒါဆိုရင်သူတို့ဟာဝန်ထမ်းတွေပဲပေါ့ ဟုထင်မြင် မိပါသည် ။ နိုင်ငံဝန်ထမ်းဟုတ်မဟုတ် ဆိုသောကိစ္စမှာပင် အတော်ရှုပ်ထွေးနေပါသည် ။ တကယ်ဆိုလျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတခုလုံးတွင် နိုင်ငံတော်အခြေခံမူများအခန်းတွင်လည်းကောင်း၊ တပ်မတော်ဟူသော အခန်းတွင်လည်းကောင်း  တပ်မတော်သားများသည် နိုင်ငံဝန်ထမ်းများမဟုတ်ပါ ဟူသော ပြဌာန်းချက် မပါရှိချေ ။ထို့ကြောင့်တပ်မတော်သားများသည်နိုင်ငံဝန်ထမ်းများမဟုတ်ဟုပြောလာခဲ့လျှင်အတော်နားလည်ရခက်သောကိစ္စဖြစ်ပေလိမ့်မည် ။ 

ထို့အပြင်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀(ခ)တွင် တပ်မတော်သည်တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲ စီရင်ဆောင်ရွက် ပိုင်ခွင့်ရှိသည် ဟုပြဌာန်းထား၏ ။ ပုဒ်မ၂၀(ဂ)တွင် တပ်မတော်ကာကွယ်ရေးဦးးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး ၏အကြီးအကဲဖြစ်သည် ဟုလည်းပါရှိပါသည် ။ ထို့အပြင် ပုဒ်မ ၃၄၃(ခ) ၌ စစ်ဘက်တရားစီရင် ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည် ဟုပါရှိပြန်သည် ။ထို၂၀၀၈ အခြေခံဥပဒေ တွင် တပ်မတော်နှင့်ပါတ်သက်သောပြဌာန်းချက်များ၌ နိုင်ငံတော်သမ္မတ၏အခန်းကဏ္ဍကိုလုံးဝဖော်ပြထားခြင်း မရှိချေ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်၊ရဲတပ်ဖွဲ့ စသောလက်နက်ကိုင်အဖွဲ့အားလုံး၏ အကြီးအကဲ ၊ တပ်မတော်အုပ်ချုပ်ရေး ၊ တရားစီရင်ရေး ၊ စစ်ဥပဒေများပြဌာန်းရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုသာအဓိကဇာတ်ကောင်ပြုထားပါသည် ။ ထို့ကြောင့် ပြည်သူလူထု၏တရားစီရင်ရေးနှင့်အုပ်ချုပ်ရေးတွင် တပ်မတော်သည် သီးသန့်ဥပဒေများနှင့်သာကျင့်သုံးနေပြီး နိုင်ငံတော်သမ္မတက ဥပဒေအရ ပါဝင်နိုင်သောအခွင့်အာဏာမှာ မရှိသလောက်ဖြစ်ပါသည် ။ ထို့ကြောင့် ပြည်သူလူထုက မြန်မာနိုင်ငံတွင်တပ်ကသပ်သပ် အစိုးရကသပ်သပ်ဟုထင်ယောင်ဝိုးဝါးဖြစ်ကြခြင်းဖြစ်သည် ။ ဖွဲ့ စည်းပုံအခြေခံဥပဒေတရပ်လုံးတွင် တပ်မတော်နှင့် သမ္မတကိုပူးတွဲ ရေးထားသော ပြဌာန်းချက်ပုဒ်မ တခုသာရှိပါသည် ။ ထိုပုဒ်မမှာ ပုဒ်မ ၃၄၂ ပါ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏အဆိုပြုထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုခန့်အပ်တာဝန်ပေးရမည် ဟူသောပြဌာန်းချက်ဖြစ်သည် ။ ထိုအချက်သည်ပင်လျှင် မရှုပ်မရှင်းဖြစ်နေပါသည် ။

          ထိုပုဒ်မ ၃၄၂ ကို ဆက်ဖတ်ကြည်.သောအခါ တိုင်းပြည်ကာကွယ်ရေးနှင်. လွှတ်တော်နိုင်ငံရေးအတွက်အရေးအကြီဆုံးဖြစ်သည်. တပ်မတော်ကာကွယ်ရေးဦးစီချုပ်ဖြစ်သင်.ဖြစ်ထိုက်သည်. အရည်အချင်းသတ်ချက် ကိုလုံးဝမတွေ.ရှိရသည်မှာအလွန်ထူးဆန်း၍ ဖွဲ.စည်းပုံအခြေခံဥပဒေ၏လစ်ဟာမှုကြီး (သို.မဟုတ် )တမင်သက်သက် အသာစီးယူထားသောအချက်ကြီးဖြစ်နေပါသည် ။ နိုင်ငံအတွက်အရေးအပါဆုံးပုဂ္ဂိုလ်ဖြစ်သော သမ္မတရာထူးရွေးချယ်ရာတွင် ပုဒ်မ ၅၉ (က) မှ (ဆ) အထိ အချက် ခုနစ်ချက် အသေးစိတ်ရေပက်မ၀င်အောင်ပြဌာန်းထားသော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ထိုက်သည်. လူတစ်ယောက်၏ အရည်အချင်းသတ်မှတ်ချက်များကို စာရွက်ပေါ်တွင်တိတိကျကျဘာမှချရေးထားခြင်းမရှိပဲ ကာလုံ အဖွဲ.ကိုသာလွှဲချထားလေသည် ။ထိုကာကွယ်ရေးနှင်.လုံခြုံရေးအဖွဲ.တွင်အဖွဲ.၀င် (၁၁)ဦးရှိရာတွင်လည်း စစ်ဘက်မှလက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊တပ်မတော်မှတင်သော ဒုသမ္မတစ်ယောက် ၊ ကာကွယ်ရေးဝန်ကြီး ၊ နယ်စပ်ရေးရာဝန်ကြီး ၊ ပြည်ထဲရေးဝန်ကြီး  ဟူသော တပ်မတော်မှလူ ၆ယောက်ကအဓိကထားဆုံးဖြတ်မည်ဖြစ်သဖြင်. တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုတပ်မတော်ကခန်.ခွင်.ရှိသလိုသာဖြစ်နေပါသည် ။ သမ္မတကခန်.ခွင်.ရှိသည်ဆိုခြင်းမှာဟန်ပြသာဖြစ်နေသည် ။  ကာလုံအဖွဲ.တွင် လူ ၁၁ ယောက်သာရှိသည်.အနက် ကာကွယ်ရေးဦးစီးချုပ်ပါပြီးပါလျက် ဒုတိယကာကွယ်ရေးဦးစီးချုပ်ကိုထည်ထားခြင်းမှာလည်း လူထပ်နေသလိုရှိကာ တမင်စစ်ဘက်မှလူများကို လူဦးရေအသာရအောင်လုပ်ထားသလိုဖြစ်နေပါသည် ။ အဆိုးဆုံးအချက်မှာ ကာကွယ်ရေးဦးစီးချုပ်အဖြစ်ခန်.အပ်ခံရမည်.သူ၏

(က) အသက်ကန်.သတ်ချက်
(ခ) ပညာအရည်အချင်းကန်.သတ်ချက်
(ဂ) အငြိမ်းစားယူရမည်.သက်တမ်း
(ဃ) ပြည်ထောင်စုလွှတ်တော်၏သဘောတူညီချက်
(င) အခြားအရည်အချင်းကန်.သတ်ချက် များ
(စ) ကာကွယ်ရေးဦးစီးချုပ်၏ရာထူး

Sort:  

Dear friend, you do not appear to be following @wafrica. Follow @wafrica to get a valuable upvote on your quality post!

Coin Marketplace

STEEM 0.27
TRX 0.12
JST 0.032
BTC 66732.73
ETH 3073.58
USDT 1.00
SBD 3.66