စစ်ပွဲနဲ့ စီးပွါးရှာနေကြသူများ ...

in #artzone6 years ago

image

photo credit

စ်တပ်က သူ့လူတွေထိမှာစိုးတော့ ကြိုပြီး အကွက်ရွှေ့လိုက်တာကို စောက်ရူးတွေက အပျော်ကြီးပျော်နေကြတယ် ။ သူတို့က သိန်းပေါင်း သိန်းထပ် ချမ်းသာသွားပြီ ဗျ ။ ဖားကန့်က ကျောက်စိမ်းလုပ်ကွက်မှန်သမျှ စစ်တပ်နဲ့ KiA က လုပ်ငန်းရှင်အလိုကျ အကုန်ထိုးပေးနေတာ ။ NLD အစိုးရတက်လာကတည်းကပါ ။ ထူးထူးဆန်းဆန်းတွေ လုပ်ပြီး ထအော်မနေကြပါနဲ့ ။ 2011 စစ်ပွဲပြန်ဖြစ်ကတည်းက ဖားကန့်မှာ ရှိတဲ့ စစ်တပ်နဲ့ KIA ဝင်ငွေတွေ သောက်သောက်လဲ ရနေတာ လူတိုင်းသိတယ် ။

     သိန်းပေါင်း သိန်းထပ် ချမ်းသာနေပြီပဲ ဘယ်စစ်တပ်ထဲမှာ ဘယ်နေချင်တော့မလဲဗျာ ။ လူတွေက ရိုးရိုးလေးတွေးနေကြတယ် ။ မပခ စစ်တိုင်းမှူးဟောင်း ဗိုလ်ချုပ် ညီညီဆွေ ကို ရာထူးကနေ နားပီးရင် နောက်ထပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် ဝင်ဗိုလ်ရှိန်လဲ  နားပါလိမ့်မယ် ။ သူတို့ဟာ ကချင်ပြည်နယ်နဲ့ ဖားကန့်ကို ထင်သလို မွှေနှောက်ပီး ငွေရှာခဲ့သူတွေပါ ။ သိန်းပေါင်း သိန်းထပ် ချမ်းသာနေမှာတော့ စစ်တပ်ထဲမှာ ဘယ်ဆက်နေချင့်ပါ့မလဲ ။ လက်ရှိ စစ်ဆေးခံနေရတယ်တို့ ဘာတို့ဆိုတာ ကြိုတင်ကြံစည်ထားတာလည်း ဖြစ်နိုင်သလို ဒီယုံမြင်လို့ ဒီခြုံထွင်တာလဲ ဖြစ်နိုင်ပါတယ် ။ သေချာတာကတော့  ဒီလိုဖြစ်တာကို ကာယကံရှင်တွေဖြစ်တဲ့  ဗိုလ်ချုပ် ညီညီဆွေ ၊ ၆၆ တပ်မမှူး ဗိုလ်မှူးချုပ် သန်းဦး ၊ ၁၀၁ တပ်မှူး  ဗိုလ်မှူးချုပ် မောင်မောင်ဇံ ၊ ဒုတပ်မမှူး ဗိုလ်မှူးကြီး ဝင်းတင်စိုး ၊ ဗျူဟာမှူး ဗိုလ်မှူးကြီး လှိုင်ဝင်းတို့ ပိုပြီး ကြိုက်နေကြမှာပါ ။ ထောင်မကျရင် ရပါပြီ ။ အလုပ်ပြုတ်သွားရင် ပိုပျော်နေမှာ အသေအချာပါပဲ ။ ရတဲ့ စည်းစိမ်နဲ့ နားအေးပါးအေး ထိုင်စားလောက်နေပြီပဲ ။ 

 ဖားကန့်မှာ ကျတဲ့ စစ်တပ် ဘယ်လောက်ဝင်ငွေရှိတယ်ဆိုတာ မပခ တိုင်းမှူး လုပ်တဲ့ လူက မသိပဲနေမလား ။ အောက်ကလူကရော မဂါပဲနေမလား ။ အရူးမှမဟုတ်တာ ။ ကချင်ပြည်နယ်တကြောက စစ်တပ်တွေ ကျောက်စိမ်းတွင်း ကုမ္မဏီတွေကို  ယမ်း ရောင်းစားလို့ရတဲ့ ဝင်ငွေတခုထဲနဲ့ပဲ တနှစ်ကို သိန်းပေါင်း သိန်းငွေ ဝင်ငွေရှိနေပြီ ။ နေပြည်တော်က မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းက  ဇော်ဗိုလ်ခန့်တို့ အုပ်စု နဲ့ ကက ကြီးက စစ်တပ်အရာရှိတွေ ဖားကန့် ကျောက်စိမ်းတွင်း လုပ်ငန်းအတွက်  ဖောက်ခွဲရေး  ယမ်း မှောင်ခိုဈေးကွက်က ကြောက်ခမှန်းလိလိ  ဝင်ငွေကောင်းနေတာ ဘယ်သူမှ သတိမထားမိကြဘူး ။ 

  စစ်တပ်က ဖားကန့်ကို ယမ်းတန်ချိန်ပေါင်း သိန်းနဲ့ချီ ရောင်းစားနေတာ ။ ဒီပိုက်ဆံတွေ ဘယ်သူယူတာလဲ ။ ယမ်းက နိုင်ငံတော် ဘဂျက်နဲ့ ဝယ်ထားတာမဟုတ်လား ။ ယမ်းတွေ ရောင်းစားပြီး ရသမျှငွေတွေကို တပ်အဆင့်ဆင့်  အရာရှိ အဆင့်ဆင့် အိပ်ထဲ အကုန်ထည့်နေကြတယ် ။ ဒါက ယမ်းက ဝင်တဲ့ ပိုက်ဆံတမျိုးထဲနဲ့ တနှစ်ကို သိန်းပေါင်း သိန်းငွေ ဝင်နေတာ ။ မူးယစ်ဆေးဝါး ၊ လောင်းကစား ၊ ကျောက်မှောင်ခို ၊ ကျောက်ကယ်ရီ ၊ လမ်းကြောတစ်ခုလုံး လုံခြုံရေး ဂိတ်တွေထိုင်ပြီး  ခရီးသည်ယဉ်နဲ့ အိမ်စီးကားတစီးကို တထောင်ကောက်တာ ။ ဘယ်နေရာဖြစ်ဖြစ် စစ်တပ်ပါတယ် ။ KIA ပါတယ် ။ ကချင်ပြည်နယ်တစ်ခုလုံး စစ်ဖြစ်နေတယ်ဆိုပေမဲ့ ဖားကန့်မှာတော့ စစ်တပ်နဲ့ KIA က ဖင်လိုး ဖင်ခံ လုပ်နေကြတာဗျ  ။ နမ့်မဖြစ်က ကျောင်းဆရာ အောင်ဇင်ထွန်းကို သတ်တာ KIA ပြည်သူ့စစ်တွေ သတ်တယ်ဆိုတာ လူတိုင်းသိတယ် ။ သတ်တဲ့လူ နမ့်မဖြစ်ရွာထဲ ရှိတာကို သိရက်နဲ့ ၆၆ တပ်မမှူး ဗိုလ်ချုပ်သန်းဦး မဖမ်းရဲဘူး ။ မသေချာမှာစိုးလို့ ဓါတ်ပုံပေးတာတောင် မဖမ်းဘူးလို့  နမ့်မဖြစ်က လူတွေကပြောနေတယ် ။ မဖမ်းရဲတာမဟုတ်ဘူး ။ တမင်မဖမ်းတာ လေ ။ စစ်တပ်နဲ့ KIA ဆိုတာ ဖားကန့်မှာတော့ ရန်သူယောင်ဆောင်ထားတဲ့ လက်နက်ကို စီးပွားဘက်တွေပါ ဗျ ။ 

    န်မာနိုင်ငံမှာ    နိုင်ငံတော်  ကာကွယ်ရေး အတွက်

တပ်မတော် ရှိရမယ်ဆိုတာ
လူတိုင်း သိတယ် ……။

စိတ်ကောင်း လူကောင်းတွေ ဖြစ်နေမှ
ပြည်သူအတွက် ကောင်းစေမှာ

လူ ယုတ်မာစိတ်တွေ စုနေရင်တော့
ပြည်သူ့  အတွက် သုံးစား မရ

Sort:  

World of Photography
>Visit the website<

You have earned 6.50 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.30
Block time: 2018-05-23T07:17:12
Account Level: 1
Total XP: 117.00/200.00
Total Photos: 18
Total comments: 0
Total contest wins: 0
And have also received a 0.40 percent upvote.

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Dear friend, you do not appear to be following @artzone. Follow @artzone and get added to our voting list for valuable up-votes!

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.033
BTC 61136.19
ETH 2969.45
USDT 1.00
SBD 3.64