Asus ZenBook

in #asus6 years ago

အလန်းစားစနစ်များပါဝင်လာသည့် ZenBook သစ်နှစ်မျိုးကို Asus ကြေညာ ”

Computex ပြပွဲကြီးကို ထိုင်ဝမ်မှာ ကျင်းပလျက်ရှိပါတယ်။ နည်းပညာကုမ္ပဏီများဟာ ယင်းပြပွဲကြီးမှာ ထုတ်ကုန်သစ်များကို ပြသလျက်ရှိကြပါတယ်။ ထုတ်ကုန်သစ်များကို ကြေညာလာတဲ့ ကုမ္ပဏီတွေထဲမှာ Asus လည်း ပါဝင်ပါတယ်။ Asus ဟာလည်း ZenBook သစ်နှစ်မျိုးကို ကြေညာလာပါတယ်။ ZenBook သစ်နှစ်မျိုးလုံးက ဒီဇိုင်းပိုင်း၊ ပါဝင်တဲ့စနစ်ပိုင်းတွေက ဈေးကွက်မှာ အလွန်ဆွဲဆောင်မှုရှိနေမှာ သေချာပါတယ်။ ZenBook Pro 15 UX580 က မျက်နှာပြင် 15.6 လက်မဖြစ်ပြီး 4K ရုပ်ထွက်နှင့် ထောက်ပံ့ထားပါတယ်။ ဒုတိယလက်တော့ပ်ကတော့ 5.5 လက်မဖြစ်ပြီး Touch Pad အဖြစ်လည်း အသုံးပြုနိုင်ပါမယ်။ ZenBook S ကတော့ အလွန်ပါးလျလှတဲ့ လက်တော့ပ်သစ် ဖြစ်ပါတယ်။ ZenBook Pro 15 UX580 ကို Intel Core i9 Processor နှင့် ပါဝါထောက်ပံ့ထားပြီး GTX Ti GPU ကတ် သုံးထားပါတယ်။ RAM 16GB နှင့် 1TB SSD အထိ ရွေးချယ်နိုင်ပါမယ်။ ဒုတိယမျက်နှာပြင်ကို မျက်နှာပြင်အကြီးမှ ထောက်ထားတဲ့အရာရဲ့ အသေးစိတ်အချက်များကို ပြသတဲ့စနစ်အဖြစ်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီ ZenBook ကို ဇူလိုင်လ လလယ်ပိုင်းမှာ စတင်ရောင်းချသွားမှာဖြစ်ပြီး ဈေးနှုန်းက ဒေါ်လာ 2,299 ကနေ စတင်မှာ ဖြစ်ပါတယ်။

ZenBook S ကတော့ ပေါ့ပါးတဲ့ဘော်ဒီနှင့် ဖန်တီးထားပြီး Notebook ဒီဇိုင်းမျိုး ဖြစ်ပါတယ်။ လက်တော့ပ်ကိုဖွင့်လိုက်ချိန်မှာ ထောက်တိုင်က မြင့်လာပြီး အသုံးပြုရဟန်ချက်ညီအောင် လုပ်ထားပါတယ်။ Asus က ErgoLift Hinge လို့ အမည်ပေးထားပါတယ်။ ဒီလက်တော့ပ်မှာ အလွန်ကောင်းမွန်တဲ့ အအေးပေးစနစ်ပါဝင်တဲ့အပြင် အသံပိုင်းကိုလည်း အထူးကောင်းမွန်အောင် လုပ်ထားပါတယ်။ ZenBook S ကို Core i7 ဗားရှင်းနှင့် Core i5 ဗားရှင်းတို့နှင့် ရွေးချယ်နိုင်ပါမယ်။ မျက်နှာပြင်က 13.3 လက်မ ရှိပါတယ်။ 4K ရုပ်ထွက်နှင့် 1080p တို့ကို ရွေးချယ်အသုံးပြုနိုင်ပြီး Screen-to Body Ratio က 85 ရာခိုင်နှုန်းအထိ ရှိပါတယ်။ ဒီလက်တော့ပ်ကို ဇွန်လ 11 ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြီး ဈေးနှုန်းက ဒေါ်လာ 1,199 ဖြစ်ပါတယ်။34492562_1739076789513473_7039532787774259200_n.jpg

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 64161.84
ETH 2950.76
USDT 1.00
SBD 3.60