LITTLE BIRD

in #bird8 years ago

image

ငှက်ကလေး
အိပ်မက်တွေဟာ ငါ့စိတ်တွေကို
ငိုစေခဲ့တယ်ငှက်ကလေး
အိပ်မက်တွေကိုသာ ပိုင်ဆိုင်နေရပြီး
မင်းကို လက်လွှတ်လိုက်ရတဲ့အခါ
ငါ့ရင်ဘတ်တွေ အစာမကြေသလိုဖြစ်တယ်

အိပ်မက်တွေသာ ဖန်ဆင်းပေးပြီး
မျှော်လင့်ချက်တွေ ပျောက်ဆုံးနေတာ
ဘာကြောင့်များလဲ ငှက်ကလေးရယ်

အဆင်မပြေမှုတွေ မျက်ရည်တွေကြား
နင့်ကို မြင်နေရတယ် ငှက်ကလေး
နင် နေများကောင်းရဲ့လား
တွေးပူနေတဲ့စိတ်ဟာ ခဏအတွင်းမှာ
ငရဲကျတယ် ငှက်ကလေး

ဖြစ်နိုင်ရင် နွမ်းနယ်နေတဲ့
ခန္ဓာကိုယ်တစ်ခုလုံးကို ထွေးပွေ့ယုယ
ပေးချင်ခဲ့တာ ငှက်ကလေး
လေလှိုင်းထဲကနေတောင် နွေးထွေးမှုတွေ
မပေးနိုင်ခဲ့တဲ့အတွက် ငါကိုယ်ငါ
နာကျည်းရပါတယ် ငှက်ကလေး

အိပ်မက်တွေဟာ လက်တွေ့နဲ့ပြောင်းပြန်ဆို
နင့် ငါ့ဆီလာတယ်ဆိုတဲ့အိပ်မက်ဟာ
ငါ နင့်ဆီ သွားရဖို့များဖြစ်နေလား
နင် ဘာမှမဖြစ်ပါစေနဲ့ ငါဆုတောင်းရင်း
ငါ့ရင်တွေကွဲတယ် ငါ့မျက်ရည်တွေကြွေတယ်
နင်အဆင်ပြေပါ့မလား ငှက်ကလေးရယ်
ငါ မေးခွင့်ရောရှိသေးရဲ့လား ငှက်ကလေးရေ

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.099
BTC 64781.27
ETH 1862.92
USDT 1.00
SBD 0.38