ကျွန်တော့ အမြင် (@aggamun)

in #blog5 years ago

ဘဒိုကြီး @mmunited ရဲ့ proposal နဲ့ ပတ်သတ်ပြီး ကျွန်တော့ရဲ့ အတွေးကို ကျယ်ကျယ် ဝင့်ဝင့် ပြောပြချင်လို့ ဒီလို post ရေးလိုက်တာပါ။ ဒီ post မှာ ပါသမျှက ကျွန်တော့ရဲ့ personal view သာ ဖြစ်ပါကြောင်း။

proposal လေးကို တွေ့လိုက်တော့ ကျွန်တော် အတော်လေး သဘောကျမိပါတယ်။ ကျွန်တော်က သစ်ကိုင်းလွတ်နေတာဆိုတော့ ဒီလို team မျိုးက ကမ်းလှမ်းလာလို့ ကတော့ ဝမ်းသာအားရ လက်ခံပါတယ်ဗျာ။ ဒါပေမဲ့ မဟာမိတ် သဘောမျိုး ဆိုတာတော့ သဘော မတွေ့ပါဘူး။ ကျွန်တော် မြန်မြန် မရောက်ချင်ပါဘူး။ ဝေးဝေး လျှောက်ချင်ပါတယ်။

စည်းမျဉ်း စည်းကမ်း အပိုင်းကလည်း ဘာမှ မခက်ခဲပါဘူး။ comment နဲ့ ပတ်သတ်ပြီးတော့ ပြောရရင် လူရိုသေ ရှင်ရိုသေ comment လေး ဖြစ်စေချင်ပါတယ်။ သာမန် comment လေးတော့ မဖြစ်စေချင်ပါ။ စာလုံးရေ သတ်မှတ်တာ ဖြစ်ဖြစ်၊ စာကြောင်းရေ အကန့်အသတ်နဲ့ ဖြစ်ဖြစ် ရှိစေချင်ပါတယ်။

အခု လက်ရှိ စုဖွဲ့ မိမယ့် team က ဆိုရင် တကယ့် ကို ကျစ်ကျစ်လစ်လစ် ဖြစ်မယ့် အနေအထား ရှိပါတယ်။ ဒီအတွက် comment ကောင်းကောင်း ဆိုတာ တကယ် လုပ်ရင် ခက်ခဲလှမယ် မထင်ပါဘူးဗျ။ ကျွန်တော်တို့ မြန်မာ ပိုစ့်တွေမှာလည်း တကယ်လို အပ်နေတာ comment တွေပါပဲ။ steemit ကြီးကလည်း post ကောင်း တစ်ခုကို comment တွေ upvote တွေ follower တွေ ကြည့် ဆုံးဖြတ် တတ်တော့ ဒီ အစီအစဉ် ရဲ့ ရည်ရွယ်ချက်က ကောင်းနေပြီ ဆိုတာ ထင်ရှားပါတယ်။ ပီပီပြင်ပြင် လုပ်နိုင်ဖို့တော့ လိုပါလိမ့်မယ် ထင်ပါတယ်။

အခု လက်ရှိ steemit က မြန်မာများဟာ လက်ငင်း အကျိုးထက် ရေရှည် အကျိုးကို စိတ်ရှည်လက်ရှည် စောင့်မျှော်နေကြမယ့် တကယ် real steemit user စစ်စစ် ကြီး တွေပါ။ ဒါကြောင့် ဒီလို လူမျိုးတွေသာ စုစုစည်းစည်း ရှိမယ်ဆို ဘာလိုဦးမှာလဲ။ ကျွန်တော်က တော့ အားလုံးနှင့် အတူ လျှောက်လှမ်းဖို့ အဆင်သင့်ပါပဲ။

အခု နောက်ဆုံး ပြောချင်တာက curie ဆီမှာ support ရဖို့ ကိစ္စနဲ့ ပတ်သတ်တဲ့ ကျွန်တော့ အမြင်ပေါ့။

ကျွန်တော်က သူ့ဆီက support မရဖူးတော့ ဘာတွေ အကျိုးအမြတ် ရှိမယ်ဆိုတာ မပြောတတ်ပါဘူး။ ပွင့်ပွင့် လင်းလင်း ပြောရရင် မသိဘူးပေါ့ဗျာ။ ဒါပေမဲ့ လေ့လာမိသလောက်တော့ သူ့ဆီက ရတာ နည်းသလားလို့ ။ ဒါပေမဲ့ သုည ထက်စာရင် ပွိုင့်ဝမ်းကလည်း မဆိုးဘူးဆိုတော့ support ယူရမှာပါပဲ။ ခက်တာက ကျွန်တော်တို့က ဘာပြန်ပေးရမှာလဲ။

So many thanks for reading and visiting my blog.

Have a good day to all steemians!

MSU-022

@aggamun



Posted from my blog with SteemPress : http://www.steemhosting.com/aggamun/?p=21
Sort:  

ဘာပဲ ဖြစ်ဖြစ် နည်းနည်းလောက်ရတာလဲ မဆိုးဘူးပေါ့။ Thealliance ဆိုတဲ့ အဖွဲ့အစည်းရှိပါတယ်။ သူ့မှာလဲ လူအတော်များများပါပါတယ်။ thealliance ဆိုတဲ့ tag ကို သုံးပြီး စာရေးကြပါတယ် သူကလဲ လူပေါင်းစုံပါပါတယ်။ အဖွဲ့အစည်း တစ်ခုဆိုတာထက် အဖွဲ့အစည်းပေါင်းစုံ စုထားတာက ပိုကောင်းမယ်ထင်လို့ပါ။

မြန်လိုက်တဲ့ comment ။ ကျွန်တော့ post ရေးပြီး အိမ်သာ ခဏ သွား၊ ပြန်လာမှ ဘဒို post အောက်မှာ comment ရေး မယ်လို့။ အခု comment ရေးချိန်တောင် မရတော့ဘူး။ ဒါပေမယ့် ရေးလိုက်ဦးမယ်။ 😊

မြန်ဆို mention လုပ်တာနဲ့ တန်းသိတာလေ။ ဟဟ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.034
BTC 63173.85
ETH 3147.56
USDT 1.00
SBD 3.87