ခံစားချက် အကျိုးအပဲ့ လေးများ (@aggamun)

in #blog5 years ago

d":14} -->

ယနေ့ ပျော်ရွှင်ခဲ့ရသည်။ မမျှော်လင့်သောသူ ရောက်လာခဲ့ပြီလေ။ ဘယ်အလုပ်ကိုလုပ်လုပ် နှစ်ခါပြန်လုပ်ရသောကျွန်တော်။ အခုလည်း သူရောက်လာဖို့အတွက် ဒုတိယအကြိမ် ကြိုးစားခြင်း ဖြစ်သည်။ ဒုတိယ အကြိမ်မှ ပင် သူရောက်လာ ခဲ့ပေတော့သည်။ အရင်ကကုန်လွန်ခဲ့ရသော ကြိုးစား အားထုတ်မှုများအတွက် အကျိုးအမြတ်များ ပြန်လည်ရရှိတော့မည့် အနေအထားဟု မျှော်လင့်ရပါသည်။

ဟိုးအရင်က ဈေးကွက်အနေအထားအပေါ် မူတည်၍ ရရှိခဲ့သော အကျိုးအမြတ်များသည် ယခုအချိန်တွင် အနည်းငယ် လျော့နည်းလာချေပြီ။ ထိုကဲ့သို့ ဖြစ်နေသည့် အခြေအနေမှ ကျန်းမာရေးအခြေအနေကြောင့် အချိန်တစ်ပတ်ခန့် အလုပ်ပျက်ကွက်ခဲ့ ရပြန်ပေသည်။ အရှိန် ပျက်ခဲ့ရသည်။ ထို့ကြောင့် ယခုမှစတင်၍ အရှိန်ယူနေရပြန်သည်။ အရှိန်ကောင်းကောင်းမရသေး။

ယနေ့သည် တနင်္လာနေ့ ဖြစ်သောကြောင့် ကျွန်တော်၏ bounty ပိုစ့် တင်ရမည့်ရက် ဖြစ်သည်။ စိတ်ဝင်စားသော မိတ်ဆွေများ လာရောက်၍ စည်းကမ်းနဲ့အညီ comment များပေးကြပါကုန်။ ပမာဏနည်းသော STEEM ဖြစ်သော်လည်း စုဆောင်းချင်သူများအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်လောက်ပေမည်။ ထို့ထက်ပို၍ ပေးချင်သော်လည်း မိမိကိုယ်တိုင်က ယိုင်နဲ့နဲ့ရယ်။

bountyပိုစ့်သည် week1မှ week9အထိ ခရီးရောက်ခဲ့သော်လည်း မျှော်မှန်းသလောက် စိတ်ဝင်စားမှု မရသေးပါ။ သို့သော်လည်း သိသင့်သိထိုက်သောသူများ သိလာရ၍ အလဟဿတော့ မဖြစ်ခဲ့ပါ။ ယခုလည်း ထိုလူများအားကိုး၍ week10 ကို ဆက်လက်ချီတက်လိုက်ပါသည်။

ကျွန်တော်တို့ ယုံကြည်ထားသောအရာများသည် ယခုအချိန်တွင် ယိုင်နဲ့နဲ့ဖြစ်နေသော်လည်း ပါဝင်ပတ်သတ်နေသူများသည် ကောင်းသထက်ကောင်းအောင်ကြိုးစားနေသူများရှိသည်။ ကျစ်လျစ်သထက် ကျစ်လျစ်အောင်လည်း ဖွဲ့စည်းလှုပ်ရှားသွားဖို့ရာ ခြေလှမ်းများ ရှိနေသည်။ ထိုခြေလှမ်းများနှင့်အတူ ကျွန်တော်သည်လည်း လိုက်ပါစီးမြောရင်း ယခုထက်ပိုကောင်းသော အခြေအနေတစ်ရပ်ကို ဖမ်းဆုပ်ထားနိုင်မည်ဟု ယုံကြည်လျက်ရှိပါတော့သည်။

So many thanks for reading and visiting my blog.

Have a good day to all steemians!

MSU-022

@aggamun



Posted from my blog with SteemPress : http://www.steemhosting.com/aggamun/?p=23

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63750.99
ETH 3130.22
USDT 1.00
SBD 3.95