ရေးစရာ မရှိတာ ကြံဖန်ရေး (@aggamun)

in #blog5 years ago

ဒီနေ့ တော့ ရေးရာ မရှိတော့ဘူး။ ထင်နေပေမဲ့ တကယ်တော့ ရေးစရာတွေ တောင်လို ပုံအောင်ရှိနေပါတယ်။ အဲဒီအကြောင်း ရေးထားတဲ့ post ကို ကျွန်တော် ကြိုးစားပြီး ဘာသာပြန် နေပေမဲ့ ရေးရင်း ရေးရင်း ပျင်းလာလို့ တစ်ဝက် တစ်ပျက် ပစ်ထားလိုက်ပါတယ်။ ဒါပေမဲ့ မကြာခင် အပြီးသတ်တော့မှာပါ။ ကျွန်တော်က စိတ်မပါရင် အသက်တောင် မရှုချင်တဲ့ အကျင့်ဆိုး ကြောင့် အခုလို ကြာနေတာပါ။ ပြီးတော့ သူများ ရေးပြီးသားကို ဘာသာ ပြန်ရတာ ဆိုတော့ မသိတာတွေ အများကြီး ဖြစ်လာတာပေါ့ဗျာ။ ဘာသာပြန်ရင်းနဲ့ကို စိတ်ပျက်လာရင်း ပျင်းသွားလို့ပါ။

ရေးစရာတွေ များရခြင်း အကြောင်းက လည်း ရှင်းပါတယ်။ စတီးမစ်နဲ့ ချိတ်ဆက်ထားတဲ့ Dapp တွေ အကြောင်း ထိုင်ရေးနေရင်တောင် ရေးစရာ မကုန်ပါဘူး။ ချိတ်ဆက် ထားပြီးသား ရော ချိတ်ဆက် နေတုန်း Dapp တွေရော မချိတ်ဆက် ရသေးတဲ့ အရာ တွေ ရော ရေးစရာ ကုန်ပဲ မကုန် နိုင်ပါဘူး။ ပြီးတော့ contest တွေ။ ပြိုင်လို့ မဆုံးနိုင်အောင် ပုံစံ အမျိုးမျိုးနဲ့ကို ရှိနေကြပါတယ်။ နေ့စဉ် ပိုစ့် တင်စရာ အကြောင်းအရာ က အပြည့်ပါပဲ။

ခက်နေတာက language ပါပဲဗျ။ အပေါ်က လမ်းကြောင်း တွေ အတွက် E ကျွမ်းဖို့ တစ်ခုပဲ လိုပါတယ်။ မကျွမ်းကျင်ဘူး ဆိုရင်တော့ အကန့် အသတ်နဲ့ ပဲ လှုပ်ရှား နေရမှာပါ။ ကျွန်တော်လည်း E skill အားနည်းလို့ အကန့် အသတ်နဲ့ သွားနေရင်း တစ်ခါတစ်ခါ လမ်းပျောက် နေတတ်ပါတယ်။ အဲဒီ အခါ ဘာမှ မလေ့လာမိတော့ဘဲ ခေါင်းထဲရှိတာသာ ရေးတင်ပါတယ်။ ကြာလာတော့ ခေါင်းထဲမှာလည်း အခွံကြီးပဲ ကျန်တော့လား မသိပါဘူး။ ရေးစရာ စဉ်းစားလိုက်တိုင်း ဘာမှ မယ်မယ်ရရ မထွက်လာလို့။

ဘာဖြစ်ဖြစ် လေ နေတဲ့ စိတ်တွေကို ပြန်စုစည်းပြီး ရှေ့ဆက် လုပ်ဆောင်စရာ တွေကို အားထည့် လုပ်ဆောင် ရဦးမှာပါပဲ။ ကိုယ်က စတီးမစ်ကို အပြည့်အဝ ယုံကြည်ထားတာ မဟုတ်လား။ မိတ်ဆွေ တို့ရော တစ်ခါတစ်လေ စတီးမစ်မှာ ငြီးငွေ့လာစိတ်လေးများ မပေါ်ဘူးလားဗျ။ ပေါ်ခဲ့ရင်ရော ဘယ်လို အပြုအမူ တွေနဲ့ ကုစား လိုက်ပါသလဲ။

So many thanks for reading and visiting my blog.

Have a good day to all steemians!

@aggamun

To play steemmonsters : https://steemmonsters.com?ref=aggamun


Using share2steem.io : https://share2steem.io/?ref=aggamun


My bounty post for this week : https://steemit.com/myanmar/@aggamun/together-with-you-steembounty-thng-esny-nyaa-thng-wng-atu-week-22-aggamun



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=193
Sort:  

eSteem point က ဘာလုပ်လို့ ရပြီလဲ

ကျွန်တော်လည်း မသိသေးပါဘူး ခင်ဗျ :)

Posted using Partiko Android

ကြိုးစားသမျှ အရာထင်ပါလိမ့်မယ် fighting

👍 fighting bro

Posted using Partiko Android

ဟုတ်တယ် bro @aggamun ရေ
ရေးစရာတွေ ဒီလောက်များတာတောင် တစ်ခါတစ်လေ ဘာရေးလို့ ရေးရမလဲ ဖြစ်နေတယ် 😂😂😂

ဟုတ်ပဗျာ။ ရေးစရာ တအားများတော့ လည်း ဘာရေးလို့ ရေးရမှန်း မသိတော့တာပေါ့ ဟား ဟား

Posted using Partiko Android

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66396.53
ETH 3174.43
USDT 1.00
SBD 4.15