" တရား (၂)"

in #blog6 years ago

" တရား (၂)"


လူ့ဘဝရဲ့
စည်းစိမ် ချမ်းသာအစစ်ဟာ
ပစ္စည်းဥစ္စာပေါ်မှာ အခြေခံရင်
သေချာတယ်
ငါတို့ "ဘုရား"
တောထွက်ခဲ့မှာ မဟုတ်ဘူး ။

ငါတို့ဟာ ရှာဖွေသူတွေပါ
ရှာဖွေခဲ့တဲ့ အကြောင်းတရားနဲ့
ဖြစ်ပေါ်လာမယ့် အကျိုးတရား
ကူးသန်းနေတဲ့ အဲဒီအချိန်ကြားကာလမှာ
ငါတို့ လိုအပ်တာ
မေတ္တာဓာတ်လေး
စိုစွတ်နွေးထွေး နေဖို့ပဲ ။

ငါတို့ဟာ
လူသားတစ်ယောက်အဖြစ်
ကျကျနန လက်ခံရရှိပြီးပြီ
ငါတို့ ခန္ဓာမှာ
ဘယ်လက်နက်ဆန်းကိရိယာမှ
တပ်ဆင်မလာခဲ့ဘူး ။

လောကမှာ
အမှောင်ကိုပစ်ခွင်းဖို့ရာ
ပါရမီရှင်မရှိဘူး
မေတ္တာတရားနဲ့ ပစ်ခတ်ပြီး
ပါရမီ ရင့်သန်အောင်
လုပ်တဲ့နည်းတော့ရှိတယ် ။

လူသား အချင်းချင်း
လူသား ဆန်နိုင်ကြပါစေ ။ ။

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 61588.80
ETH 3006.18
USDT 1.00
SBD 3.64