အကြွေး

in #busy6 years ago (edited)

@bobokyaw.jpg

ဒီပို့စ်ကတော့ မနေ့ညက အကြွေးကို ဆပ်ရခြင်းဖြစ်ပါလေသည်။မနေ့ညက မီးပျက်
သည် မီးပျက်ခြင်းကြောင့် ပို့စ်မရေးဖြစ်ခြင်းတော့ မဟုတ်ပါ မီးပျက်လည်း ပို့စ်ရေး
ဖြစ်အောင်ရေးပါသည်။ မနေ့ညက တစ်ညလုံးကြိုးစားပမ်းစားရေးပါသည်။ စာလုံးရေ နှစ်ရာနီးပါးခန့် ဖြစ်လေသည်။ မီးပျက်သော်လည်း ဖုန်းတစ်လုံးနဲ့ တချက်ချက်လုပ်ရင်း ရေးထားပါသည်။ အဆင်မပြေချင်တော့လည်း ကြံဖန်ပြီး
အဆင်မပြေဖြစ်ရတက်လေသည်။ ပို့ရေးလို့ တင်မယ် အလုပ်မှာဘဲ ဖုန်းပါဝါက
မပြောမဆို ဒေါင်းသွားပါလေသည်။ စိတ်လည်း ပူသွားပါတော့သည်။ ပို့စ်က မတင်ရ
သေး ဆေ့လဲ မလုပ်ထားမိ။ ရသည့် ပါဝါလက်ကျန်နဲ့ အမြန်ပြန်ဖွင့်ကြည့်မိသည်။
တတီတီ အသံသာ ကြားရပါတော့သည်။ ရေးထားသော ပို့စ်လေးက မရှိတော့
အတော်ကို စိတ် ပိန်သွားပါသည်။
အကြောင်းအရာ အချက်အလက် အကြမ်းလောက်သာ ပြန် တွေးနိုင်တော့သည်။
ဒီလောက်နဲ့က အဆင်မပြေတော့ ရေးတုန်းက ဖီလင်က အခုမရှိတော့ ဘာမှဆက်ပြီးပြန် အသက်သွင်းလို့မရတော့ သွားလေပြီ မနေ့ကတည်း က ပို့စ်မတင်ခင် ရေးပြီးသားလေး ဆေ့လုပ်ထားရင်တော့ အကောင်းသာ
ဒါပေမယ့် လွန်သွားပြီဖြစ်လေသည်။ ခုမှတော့ ဘာမှ မတက်နိုင်တော့ပါလေ
ဒီလိုနဲ့ မနေ့ကအကြွေးကို ယခုပို့စ်နဲ့ ဆပ်ရပါလေသည်။
မနေ့ကအကြောင်းအရာတွေကတော့ အတော်လေးကို အားစိုက်ထားသော
ပို့စ်တစ်ပုဒ် ဖြစ်သည်။ တင်လို့ကမရလိုက် မရလိုက်တာလည်း ကောင်းပါတယ်
ဟု ရသေ့စိတ်ဖြေ ဖြေတွေးတွေးရသေးသည်။
ဒီနေ့ ပြန်ရေးကြည့်မိပါသည်။ ဘာမှ မထူး မနေ့က ခံစားချက် က တစ်မျိုး ဒီနေ့
ခံစားနေရတာကတစ်မျိုး အကြောင်းအရာတွေက ကြမ်းရှရှသာ ပေါ်လာသည်။
မနေ့ကလို အချောလေး ပြေပြေပြစ်ပြစ်လေး မရတော့ ဒါကြောင့် မနေ့က ပို့စ်ပါ
အကြောင်းအရာတို့ အား တစ်လုံးတစ်ပါဒ မှ မပါဘဲ ဒီနေ့ အတွက် မနေ့က အကြွေးကို အဆင်ပြေသလို လှမ်းပြီး လက်စားချေလိုက်ရပါသည်။
ဒေါ်လာရတာ မရတာက ဒုတိယ အရေးပါ မနေ့က မလုပ်လိုက်ရသည့် အလုပ်အားဒီနေ့ ဖြစ်အောင် ပေးချေ လုပ်လိုက်ခြင်းသာဖြစ်လို့ ကိုယ့်အတွက်တော့ တာဝန်ကင်းလေသည်။ အတိအကျပြောရရင်တော့ တာဝန်ကျေအောင် ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။ တာဝန်ကျေဆောင်ရွက်
ခြင်းဟု ဆိုလျှင် ပိုလို့ မှန်လေမည်။
ပို့စ်တစ်ပုဒ် တက်သွားဖို့ဆိုသည်က ကရိကထ အလွန်ကို များပါသည်။ ကိုယ့်
အတွက်တော့ မလွယ်ပါဘူး မလောက်မင အချိန်လေးထဲကဖဲ့လို့ အိပ်ရေးပျက်ခံပြီး ရေးထားတာတွေဖြစ်လို့ နှမြောမိတာတော့ ပြောဖွယ်ရာမရှိပါလေ မတက်နိုင်ပါဘူးလေ။ ဒီလောက် အသေးအဖွဲ အခက်အခဲ
လောက်တော့ အဆင်ပြေအောင် လုပ်ရပေမည်။ ဒီထက် ခက်ခဲသော အရာတွေတောင် ကျော်ဖြတ်လာတာဘဲ ပို့စ်တစ်ပုဒ် ဆုံးရှုံးသွားတာ ဘာ ဟုတ်လိမ့် ဦးမည် နည်း
နောက်တစ်ခါဆို ဒီထက်ကောင်းသော ပို့စ်တွေ ရေးနိုင်ပါဦးမည်။
မနေ့က ရေးဖြစ်တာက မီးပျက်ညဖြစ်လို့ မီးပျက်ညအတွေး လေးတွေပေါ့
တကယ်ကို အားရသော ပို့စ်လေးပါ။ မီးပျက်သွားသလိုဘဲ စတီးမစ်မှာလဲ
ရုတ်တရက် ခက်ခဲ သွားနိုင်တဲ့ အခြေအနေလေးကို ရေးကြည့်တာပါ
မတင်ဖြစ်တာလည်း ခပ်ကောင်းကောင်းပါ ကိုယ်က အမြင် စူးလို့ ရေးသည်မဟုတ် စိတ်အားထက်သန်လို့သာ ရေးခြင်းဖြစ်သည်။
နောက်ဆိုလျှင်တော့ ဘာမှ မရေးခင် ကြိုတင်ပြင်ဆင်ခြင်းကို ဦးစွာ လုပ်ရပေမည်။
ခက်သည်က ကိုယ်ကလည်း အဲ့သလောက် ပေရှည်နေခွင့်မရခြင်းပင်ဖြစ်သည်။
နည်းပါးလွန်းလှသော အခွင့်အရေး ကြားက အမိအရ ဖမ်းဆုပ်ရခြင်းဖြစ်သည်
လေ။
ကဲ အကြွေးတော့ ဆပ်လိုက်ပြီ နောက်ရက် အကြွေးမတင်ရေး ဒို့အရေး လုပ်ရ
ပေဦးမည်။
@bobokyaw

Sort:  

Thanks you bro.

အေ း ဟုတ်တယ်ဗျို့

ကျေးဇူးပါ အစ်ကိုကြီး

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 12.05% upvote!
I was summoned by @bobokyaw. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

ကျေးဇူးတင်ပါတယ် နင်ဂျာ

You got a 6.58% upvote from @upme thanks to @bobokyaw! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% daily payouts ( no commission ).

Thanks you upme

You got a 6.48% upvote from @postpromoter courtesy of @mmunited!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Thanks you postpromoter

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66785.29
ETH 3229.75
USDT 1.00
SBD 4.30