အိမ်လည်သွားကြရအောင်

in #busy6 years ago

@bobokyaw.jpg

ကျွန်တော်တို့တွေ လုပ်နေကျအလုပ် စားနေကျအစားအစာတွေကို တစ်ခါတရံ ငြီးငွေ့ ရိုးအီလာတက်တဲ့သဘောရှိတယ်နော်
နောက်တစ်ခုက အသစ်အဆန်းဆိုရင် စိတ်ဝင်စားမှုက သာမာန်ထက်ပိုတယ်ဆိုတာလည်း တွေ့ရလိမ့်မယ်
အခုခေတ်တော့ စကားလှလှလေးအဖြစ် တွင်တွင်သုံးတက်တာတစ်ခုရှိတယ် အဲ့ဒါဘာလဲဆိုတော့ အပြောင်းအလဲ အပြောင်းအလဲ
ဒါကိုဘဲ တစ်ဆင့်တက်ပြောကြတာက အရွေ့ တစ်ခု တဲ့ အဲ့ဒါတွေက ကျယ်ဝန်းလွန်းတော့ ချဲ့ရင် ချဲ့သလောက်တော့ ကျယ်တာ
ပေါ့။ အခုကတော့ အဲ့ဒီသဘောလေးတွေပါတဲ့ အရွေ့တစ်ခုကို တွန်းကြည့်ချင်ပါတယ်
လုပ်ရိုးလုပ်စဉ်တွေ အစဉ်အလာတွေ သက်မှတ်ချက်တွေ ဆန့်ကျင်ရမယ် မပြောဘူးနော် ရှိပြီးသား နေရာကျပြီးသာ ကောင်းမွန်တဲ့
အရာတွေကို လေးစားသမှုနဲ့ ထိန်းသိမ်းရပါမယ်။ ဒါတွေကို ဖီလာ မဆန့်ကျင်ဘဲ ဘာတွေလုပ်နိုင်မည်လဲ။
လူတွေက အပြောင်းအလဲ ကြိုက်တယ် အသစ်အဆန်းကြိုက်တယ် ကိုယ်တိုင်လည်း တစ်သမက်တည်း လုပ်ရတဲ့ အလုပ်တွေကို
မနှစ်သက်ပါဘူး။ အသစ်အသစ်တွေကို ရှာဖွေချင်တယ် စမ်းသပ်ချင်တယ် အရွေ့တွေကို ကြိုက်တယ် ။အပေါင်းလက်ခဏာ ဆောင်တဲ့
အရွေ့ကောင်းတွေကို ကြိုဆိုတယ်ပေါ့။ ကြီးမားတဲ့ အပြောင်းအလဲ အရွေ့တွေကို အပင်ပန်းခံ အချိန်ကုန်ခံပြီး ရွေ့မရွေ့
မသေချာဘဲတော့ မတွန်းချင်ပါဘူး။ ကိုယ်ရွေ့လို့ရနိုင်တာလေးကို တွန်းကြည့်ချင်ပါတယ်
လိုင်းပြောင်းတယ်ဆိုလည်းဟုတ်ပါတယ် လိုင်းကြောင်တယ်ဆိုလည်း ဟုတ်ပါမယ်။ တစ်လိုင်းသန်နဲ့ ရပ်တည်ဖို့မလွယ်တော့
အခြားလိုင်းလေးတွေ စမ်းကြည့်ကြတာပေါ့။ တစ်ရက်တစ်ရက် ရေးလိုက်ရတဲ့စာတွေ မနည်းမနောဆိုတာတော့ အားလုံးသိပါတယ်
တကယ်ရေးနေတဲ့သူတွေ ပိုသိပါတယ်။ တစ်ရက်တာအတွက် မဟာတာဝန်ကြီးတစ်ရပ်အနေနဲ့ စာရေးခြင်းအလုပ်ကို လုပ်နေကြ
ရသူတွေ ရှိတယ် ထည့်ထားတာတွေလည်း ကုန်ပြီလို့ ပြောရင် ရတယ် ဒီလောက်ရေးနေတာ ကုန်ရောပေါ့။ အသစ် အသစ်တွေ ပေါင်း
ထည့်မထားမိတာကလည်း အချိန်ကာလ အတော်ကြာခဲ့ပြီလေ။ ဒီတော့ ခပ်ထုတ်စရာ သိပ်ကျန်တော့မယ်မထင်ဘူး။
ဘာရေးရမှန်းမသိပါဘူး။ အဲ့သလို ငြီးထွားပြီး ဆင်ခြေ ပေးဖို့ စတီးမစ်မှာ အခွင့်အရေးမရှိပါဘူး။ ရေးပါ ရေးရမယ် ရေးရင်ရမယ်
ကြာတော့ခက်ခဲလာကြတယ်ပေါ့။ လွယ်ပါတော့တယ် မလုပ်ပါနဲ့ မလွယ်ပါဘူး လက်ခံပါ အရှိကို အရှိအတိုင်းလက်ခံပါ။
အချိန်တွေ မလောက်ကြဘူး ကိုယ်စီအလုပ်တွေရှိတယ်။ ၀ါသနာနဲ့ ယုံကြည်မှုအတွက် ရှေ့တိုးလုပ်ဆောင်နေသူချည့်ပါဘဲ
ရေးစရာကုန်လာပြီ ရေးရခက်လာပြီ နေ့စဉ် ကြုံတွေ့ရတဲ့အကြောင်းတွေရေးတယ်။ ပေါ့ပေါ့ပါးပါးပေါ့။ ခဏဘဲ အဆင်ပြေပါတယ်။
ကိုယ့်အကြောင်းဆို ဖေါ့ရေးရတာများတယ်။ ရှောင်ရေးရတာများတယ်။ အလုံးစုံ ဖြစ်ကြောင်းကုန်စဉ် ချရေးလို့လည်းမဖြစ်။ ရေးပါပြီ
တဲ့ အမြဲတမ်းဆို အဆင်မပြေဘူး။ အားနာလို့ ဖတ်နေရသူရှိမယ် တာဝန်အရဖတ်နေရသူရှိမယ်။ တကယ်အမှန်တိုင်းပြောရင် ကိုယ့်
အကြောင်းကိုယ်လောက် သူတစ်ပါးအကြောင်း စိတ်ဝင်စားသူ အင်မတန်နည်းပါတယ်။ ဒါဆိုရင်တော့ ဘာရေးစရာကျန်တော့မည်လဲ
မေးခွန်းတိုင်းမှာ အဖြေပေးလို့ရတာချည့်ပါဘဲ။ ဘာလုပ်လို့ရမည်လဲ။ လွယ်ကူအောင် ဘယ်လိုလုပ်နိုင်မည်လဲ။ အဖြေကတော့ ကိုယ်စီ ရှိနေမှာပါဘဲ။
အပြောင်းအလဲ လုပ်ကြည့်ရပါမယ်။ အဟောင်းတွေကို အသစ်နဲ့ အစားထိုးသင့်တဲ့နေရာတွေကို အစားထိုးပေး
ရမယ်။ အသစ်အစားပေးလို့မရတဲ့ အဟောင်းနဲ့သာ အံဝင်တဲ့နေရာကို ဇွတ်အသစ်လဲလို့တော့ မဖြစ်ပါဘူး။ လူတွေစိတ်ဝင်စားစရာ
မပါတဲ့ ကိုယ့်အကြောင်းတွေ မရေးချင်တော့ဘူး။ သူများအကြောင်း အမှား ဝေဖန် ပြစ်တင်တာတွေ မရေးသင့်ဘူး။ ဒါရေရှည်အတွက်
ကောင်းမွန်တဲ့ အခြေအနေမဟုတ်။ အခြားသူတွေ ဘယ်လိုရေးနေကြသည်လဲ ။နည်းနည်းလောက် လေ့လာကြည့်ရပါတော့မယ်
အိမ်အပြင်ကို ထွက်ကြည့်ရပါမယ်။ လမ်းထိပ်ကို ထွက်ရပါမယ်။ ရပ်ကွက်ထဲလျှောက်ကြည့်ရပါမယ် မြို့အနှံ့သွားကြည့်ရပါမယ်
အခြားသူတွေ ဘာတွေ ဘယ်လိုလုပ်နေကြသလဲ။ ကိုယ့်အိမ်ထဲမှာဘဲ အစ်ကိုဘယ်လိုလုပ်လဲ လိုက်လုပ် အစ်မဘယ်လိုမှားသလဲ
ထောက်ပြ ညီမ ဘယ်လိုလဲ ကြည့်နေရုံ ညီဘယ်လိုလဲ လေ့လာ အဖေအမေ လုပ်သလောက်ဘဲ သင်သလောက်ဘဲ သိနေရမယ့်
အခြေအနေမဟုတ်တော့ပါဘူး။ ဒီလောက်နဲ့ မလုံလောက်တော့ပါဘူး။ အိမ်အပြင်ကို လေညှင်းခံလေးဖြစ်ဖြစ် ထွက်ကြည့်ရအောင်
ပါ။ ဘေးအိမ်က ကောင်းမွန်တဲ့အချက်တွေ တစ်အိမ်ကျော်က နည်းစနစ်အသစ်တွေ အိမ်ကိုသယ်လာကြရအောင်ပါ။

Sort:  

we love steemit too

Thanks you welcometonepal

ပတ်ဝန်းကျင်ကိုလဲလေ့လာသင့်ပါသည်

ဟုတ်တယ်အစ်မရေ အမြဲလေ့လာ သင်ယူနေသင့်ပါတယ်

Thanks you bro.

You got a 16.43% upvote from @upme thanks to @bobokyaw! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% daily payouts ( no commission ).

Thanks you upme

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 38.46% upvote!
I was summoned by @bobokyaw. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

Thanks you sneaky ninja

You got a 8.49% upvote from @postpromoter courtesy of @mmunited!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

ကျေးဇူးတင်ပါတယ်

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64136.70
ETH 3128.20
USDT 1.00
SBD 3.94