အလည်လွန်လေသည်

in #busy8 years ago

@bobokyaw.jpg

ဟိုဘက် နယ်မြေထဲမှာတော့ ဒေါ်လာတွေက အလျှံပယ်ပါဘဲ ဒေါ်လာ ရာချီပြီး
ရတဲ့သူတွေ တွေ့ရပါတယ် တကယ်ကို ၀မ်းသာစရာကောင်းပါတယ်
လုပ်ရတာလည်း ပျော်စရာကောင်းလို့နေပါတယ် ကိုယ့်ပို့စ်လေးက ဒေါ်လာတွေ
တက်လာမြင်ရတော့ ဘယ်သူမပျော်ဘဲရှိပါ့မလဲလေ။ ဘာဘုမှ ဘုစရာမလိုပါဘူး
အရေးအသားကောင်းတဲ့ ကွာလတီ ပို့စ်တွေနဲ့ သူသဘောကျတဲ့ ပို့စ်ရေးသူမှန်
သမျှကို အော်တိုအပ်ဘုတ်တွေနဲ့ ချိတ်ဆက်ပေးထားပါသေးတယ် ဘာရေးတင်တင်
ဘယ်ချိန်ရေးတင်တင် ဘယ်နှစ်ပုဒ် ရေးတင်တင် အနည်းဆုံးတော့ တစ်ဒေါ်လာခွဲခန့်
ရနေပြီးသားဘဲလေ။ ဒီတော့ အလုပ်လုပ်ရတာ အင်မတန်ကို ကျေနပ်စရာကောင်းနေ
တာပေါ့။ ဈေးကမပေါက်သေးဘူးလေ ဒါကြောင့်လည်း အခုလို ဘုံးဘောလအော
ထိုးထည့်ပေးနေတာပေါ့ ဈေးပေါက်သွားပြန်ရင်လည်း ဒီဘက်နယ်မြေမှာလို
ရနိုးရနိုး မျှော်ကိုးရတဲ့ စိတ်ပျက်ဖွယ်ရာ အခြေအနေတွေ ဖြစ်လာနိုင်တာပါဘဲ
ဈေးမပေါက်ခင် ရသမျှအခွင့်အရေးတွေ ယူထားကြရမယ်ဆိုတာတော့ လုပ်ကိုင်သူတွေက အကင်းပါးစွာ သိမြင်နေပါပြီ ယုံကြည်သူအချို့အတွက်ပေါ့
ကိုယ်တိုင်လည်း နောင်တစ်ချိန် ယောင်ကန်းကန်း မဖြစ်ရလေအောင် ဟိုဘက်နယ်မြေထဲ လယ်ယာမြေ တစ်ကွက်လောက်တော့ ဖန်တီးထားရန် စိတ်ကူးပါလေသည်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဟုတ်ခဲ့သည်ရှိလေသော်
လာထား အာဘွားပေါ့လေ။ ဟီးးးးးးးးးးး ဘယ်တွေတောင် ရောက်သွားတယ်မသိဘူး
ပျော်စရာကောင်းလွန်းလို့ ဒီဘက်တောင် ပြန်မလာချင်ဘူးရယ် ။
စိတ်တွေက ဟိုဘက်ဘဲ ရောက်ရောက်နေလေရဲ့
ဒီပို့စ်လေးတောင် မနည်း စိတ်တွေထိန်းပြီး သတိကြီးစွာထားလို့ ပြန်လာရေးရခြင်းဖြစ်လေသည်။ ဒီလောက်ဆိုရင်တော့ ဒီဘက်က တော်လောက်ပါပြီ
ဟိုဘက်မှာ လုပ်စရာလေးတွေ ပြေးလို့ လုပ်လိုက်ပါဦးမည်လေ
နဂိုကတည်းက အချိန်ကမလောက်ပါဘူးဆို ခုတော့ လက်မလည် ခြေမလည် မျက်စိတွေလည်ကုန်ပါပြီကော ဘာဖြစ်ဖြစ်ပျော်ပါသည်။
Author : @bobokyaw

Sort:  

သိပ်မလည်နဲ့လေ

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.105
BTC 64643.36
ETH 1912.74
USDT 1.00
SBD 0.37