ဒီဇင်ဘာနှင့်အတူ
ချမ်းအေးလှတဲ့ တောင်ပေါ်မြို့လေးမှာတော့ မြူနှင်းများနဲ့ အုံ့ဆိုင်းလို့နေပြီဖြစ်ပါတယ်
အအေးဓါတ်လွန်ကဲသော ဒီဇင်ဘာလ လေးကလည်း တဖြည်းဖြည်း ၀င်ရောက်လာ
နေပါပြီ ဆယ့်နှစ်လ ရာသီအချိန်ကာလတွေထဲမှာ ဒီဇင်ဘာလက အလှပဆုံးနဲ့
အေးချမ်းငြိမ်သက်မှု အရှိဆုံးလို့ထင်ပါတယ်
ဒီဇင်ဘာလထဲမှာတော့ ပွဲလမ်းသဘင်များ အထင်ကာရနေ့ရက်များ ပေါင်းစုစုံရာ
လတစ်လလည်း ဖြစ်နေပြန်ပါတယ် နှစ်တစ်နှစ်ရဲ့နောက်ဆုံး လနေ့ရက်အချိန်တွေ
ဖြစ်လို့ လူတိုင်းက ဒီဇင်ဘာလကို အလေးအနက်ထားတက်ကြပါတယ်သတိပြုမိ
တက်ကြပါတယ်
ဒီဇင်ဘာလဟာ ပြောင်းလဲခြင်းတွေ စတင်မွေးဖွားရာ လလည်းဖြစ်ပါတယ် အဆုံးသက်ခြင်းဖြစ်သလို အစပြုခြင်းလည်းဖြစ်တဲ့ နေ့ရက်အချိန်အခါ တည်မှီရာ
လဖြစ်ပါတယ်
ဘ၀ရဲ့ အမှတ်တရ နေ့စွဲတစ်ချို့ဟာလည်း ဒီဇင်ဘာလထဲမှာ အမှတ်တထင်ထင်နဲ့
ရှိနေခဲ့ပါတယ်
ဟိုယခင် နှစ်များဆီတုန်းကတော့ ဒီဇင်ဘာလက ပျော်ပွဲရွှင်ပွဲတွေ များစွာ ရှီပါတယ်
အခုတော့ အဲ့သလို ပွဲလမ်းသဘင်တွေ ဆိတ်သုန်းနေခဲ့တာ သုံးလေးနှစ်ခန့် ရှီခဲ့ပါပြီ
ဘယ်အချိန်များမှ အရင်လို ပျော်ရွှင်ဖွယ် အချိန်တွေ ပြန်ရလာမယ်ဆိုတာ
မသိနိုင်ခဲ့သေးပါဘူး။
ယခုလာမည့် သီတင်းပါတ်ထဲမှာတော့ ရှမ်းနှစ်သစ်ကူးပွဲတော် ကျရောက်ပါလိမ့်မယ်
မူဆယ်မြို့ရဲ့ အစည်ကားဆုံး ပွဲလမ်းသဘင်တစ်ခုဖြစ်ပါတယ်
ဒီဇင်ဘာလရဲ့ ပျော်စရာတွေထဲက တစ်ခုတော့ စိုးတထိတ်ထိတ်နဲ့ စောင့်မျှော်မိတဲ့
ပျော်စရာတစ်ခုတော့ရှိနေလေရဲ့
အဲ့ဒီ ပျော်စရာတွေက နှစ်သစ်မှာ တကယ်ဖြစ်လာတော့မည်လား မသိနိုင်ခဲ့ပါ
steemit best is brother @bobokyaw
Congratulations @bobokyaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!