လေလွင့်မိုးတိမ်

in #busy5 years ago (edited)

အရင်ကတော့ တသွင်သွင်စီးတဲ့မြစ် ဝေလငါးတွေတောင် ပျော်ပါး မြူးထူးခဲ့တာပေါ့
အစာရေစာ ပေါများတဲ့ မြစ်ပြင်ကျယ်ကြီး
ရေကြည်ရေသန့် သောက်သုံးသူတွေနဲ့ စည်ကားခဲ့တာပေါ့
အခုတော့လည်း တဖြည်းဖြည်း တိမ်ကော လာလိုက်တာများ
မြောင်းသာသာ ချောင်းလက်တက်လေး လောက်သာ ကျန်တော့လေရဲ့
ဒီရေ ဒီမြေနဲ့ ဘယ်လို အသက်ဆက်ရပါ့
နောင်များမကြာ ဒီနေရာမှာ ခမ်းခြောက်သွားတဲ့ အိမ်မက်တွေကို
ပြန်လည်း တူးဆွရဦးမည်လား
ရွာမှာလိုလို လာမှာလိုလိုနဲ့ ဟိုရွှေ့ဒီပြောင်း မတည်မြဲ မိုးသားတိမ်အလိမ်တွေက
မုသားဝတ်ရုံကြီးခြုံလို့ ဘယ်အရပ်မှာ ပုန်းလို့နေပါလိမ့်
မိုးမျှော်ရတဲ့ ဘ၀ ပါတ်ကြားအက် နေ့ရက်တွေကြား
ကိုယ့်အသက်ကိုယ်ဆက်လို့ ခြိမ်းသံသာကြား မရွာပါလေ ရွာတာမတွေ့
မိုးမစဲတဲ့နေ့ တွေ့ကြုံရလိမ့်နိုးနဲ့ အရူးလင်လုပ် ကိုယ်တွေအဖြစ်များ
ဘယ်ချိန်ကြည့်ကြည့် ဘိုသီဘက်သီ ငတ်တလှည့် ပြတ်တလှည့်
မစားရက်မသောက်ရက် နေ့ရက်အချိန်တွေ ရင်းနှီးထားခဲ့
မည်သို့ဆိုစေ တစ်ချိန်မှာလေ ကိုရွှေမိုးသည် ရွာကိုရွာမည် ရွာလိမ့်မည်ဟု
မချိတင်ကဲ အားမာန်တင်းလို့ တိတ်တိတ် အိပ်ရတဲ့ ညနက်တွေသည် များလေပြီ
Author : @bobokyaw
@bobokyaw.jpg

Sort:  

မုသားဝတ်ရုံကြီးခြုံလို့ ဘယ်အရပ်မှာ ပုန်းနေတာတုန်းလား
ကောင်းလိုက်တာ

မိုးကိုမျှော်သည်

မျှော်သာမျှော်ပေါ်မလာသောအခါ

hahah wow amazing
and also its translate in english for every one

@bobokyaw You have received a 100% upvote from @botreporter because this post did not use any bidbots and you have not used bidbots in the last 30 days!

Upvoting this comment will help keep this service running.

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 64852.72
ETH 3178.07
USDT 1.00
SBD 4.20