မှော်ဆန်တဲ့ စတီးမစ်အလုပ်

in #busy5 years ago

@bobokyaw.jpg

အခုလက်ရှိ အချိန်အထိ ပုံမှန်အနေအထားကို ရောက်မလာနိုင်သေးပါဘူး ကျန်းမာရေး
ဖောက်ပြန်လာရင် ကျန်တဲ့ အစိတ်အပိုင်း အားလုံး ရပ်တန့်သွားစေပါတယ် သို့မဟုတ်
နှေးကွေးသွားစေပါတယ်။ နောက်လထဲမှာ စတီးမစ်ကို အင်အားသုံးပြီး ကြိုးစားမယ်လို့
စိတ်ဝယ် တွေးထားမိသော်လည်း ကျန်းမာရေး မကောင်းရင်တော့ တကယ်လုပ်ဖြစ်ဖို့
အခက်အခဲရှိလာနိုင်ပါတယ်။
နေ့ခင်းဘက်က အကြွေးတွေ ဆပ်စရာရှိနေတာတွေ အပြတ်ဖြတ်မယ်လို့ စီစဉ်ထားပေ
မယ့် အကြောင်းတိုက်ဆိုင်ချင်လာပြန်တော့လည်း မီး မလာပါဘူး မီး ပျက်သွားပါတယ်
မူဆယ်မှာ မီးပျက်ခဲပါတယ် သူမပျက်တာ တစ်လကျော်လောက်ရှိပါပြီ ဒီနေ့မနက်မှ
ကောက်ကာ ငင်ကာနဲ့ မနက်ခြောက်နာရီလောက် စပြတ်ပါတယ်
မနက်ခြောက်နာရီမှာ အိပ်ရာက မထနိုင်သေးပါဘူး အိမ်ကလူတွေ ပြောလို့သာ
မနက်ခြောက်နာရီမှာ မီးပျက်သွားတယ်လို့ သိလိုက်ရတာပါ။ ညက ဆေးသောက်ပြီး
အိပ်လိုက်တဲ့အတွက် မနက်ပိုင်း မနိုးတော့ပါဘူး ဆယ်နာရီလောက်မှ အိပ်ရာနိုးပါတယ်
အိပ်ရေးတော့ ၀၀လင်လင် အိပ်လိုက်ရပါတယ်ဒါပေမယ့် လူက သိပ်မလန်းဆန်းဘူး
ဖြစ်နေတယ်။ ဆေးသောက်ထားတဲ့ အရှိန်ကြောင့်ပါဘဲ
ကျွန်တော့်မှာ အကျင့် တစ်ခုဖြစ်နေပါတယ် ငယ်စဉ်ကတည်းက ဆေးမထိုးပါဘူး
ဖျားနာလာရင် ဒီအတိုင်းပေတေနေပါတယ် ဆေးလည်း မသောက်ဖြစ်အောင် နေ
တက်ပါတယ် လုံးဝ မရတော့ဘူး ဆိုမှ ဆေး တစ်လုံး တလေ သောက်ဖြစ်ပါတယ်
အဲ့ဒီဆေးသောက်ပြီးရင်လည်း လူက ထုံထိုင်းပြီး လေးလံနေတော့တာပါဘဲ
ဒီမနက်ထလာတော့ ခေါင်းတွေလည်း ခဲနေတယ်
စိတ်လည်း သိပ်မကြည်လင်ဘူး မျက်နှာက ဆေးအရှိန်ကြောင့် ထူအန်းနေပြန်တယ်
အဲ့ဒီအခြေအနေမှာ မီးပျက်ပါတယ် ဆိုတဲ့ သတင်းလဲကြားရော စိတ်အတော်ကို လေ
သွားမိပါတယ်။ စာရေးဖို့ အခက်အခဲရှိသွားပြီလေ
ဒီလိုနဲ့ အကြွေးတွေ ထပ်တင်ပြန်ပါပြီ ခက်သည်က အချို့ အလုပ်က ယနေ့အပြီးလုပ်ရမယ့်အလုပ်တွေရှိတယ် သူများက ပေးနေတာကို နောက်ရက်မှ ပေါင်းယူပါမယ် စတီးမစ်မှာ လုပ်လို့မရဘူး ဒီနေ့ပေးတာ ဒီနေ့ယူ မယူရင် ကိုယ့်တာဝန်နဲ့ကိုယ်ဘဲ
မရရှိပါ့မယ့် သူကတော့ မစောင့်ပါဘူး အားနာလို့ နောက်ရက်ပေါင်းမပေးပါဘူး
ဘာလို့လဲ ကိုယ်ကေ တာင်းခံသူဖြစ်နေလို့ပါဘဲ ကိုယ်ပိုင်တဲ့ အရာမဟုတ်လို့ပါ
ကိုယ်နဲ့ ဆိုင်အောင် လုပ်ထားနိုင်သော်လည်း ကိုယ်မပိုင်တဲ့အရာအတွက်
လုပ်မှသာ ရမှာပါ။ မလုပ်ရင်တော့ မရပါဘူး
အဲ့ဒီလိုအခြေအနေတွေအတွက် အလုပ်ပျက်ရတဲ့အခါ စိတ်မပျော်ပါဘူး
ကိုယ်နဲ့ ဆိုင်သော ကိုယ်ရသင့် ရထိုက်သော အရာကို မရတဲ့အခါ သောက အနည်းငယ်တော့ ဖြစ်ရစေတယ်ဆိုတဲ့သဘောပေါ့
အကြောင်းအကျိုးတွေက စုပေါင်းပြီး တိုက်ဆိုင်လာတော့ ဘယ်တက်နိုင်ပါ့မလဲ
အကောင်းဆုံးတော့ ကြိုးစားကြည့်နေတုန်းပါ။ အခု အခက်အခဲက ကျန်းမာရေး ပုံမှန်
မရှိဘူး မီးမလာဘူး ဒီလောက်ပါဘဲ
မှော်ဆန်တဲ့ စတီးမစ်အလုပ်ကို တစ်ရက်တစ်လေတောင် မေ့ထား နားထားလို့မရတဲ့
အထိတောင် စွဲလမ်းနေမိခဲ့ပြီလေ............

Author : @bobokyaw

Sort:  

Congratulations @bobokyaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 30000 upvotes. Your next target is to reach 35000 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Support SteemitBoard's project! Vote for its witness and get one more award!

ကျန်းမာရေးကတော့ ဂရုစိုက်သင့်ပါတယ် ဘဒိုရာ

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64275.05
ETH 3147.49
USDT 1.00
SBD 4.29