ကလန်ဂိမ်းနဲ့အတူ

in #busy6 years ago

@bobokyaw.jpg

ဒီတစ်ပါတ်ရဲ့ ကလန်ဂိမ်းကတော့ အခြေအနေ သိပ်မကောင်းပါဘူး အဆင့်ငါးဆင့် မှာ အဆင့် သုံးဆင့်
သာ ပွင့်ပါတယ် လေးဆင့်မြောက် အခန်းပွင့်အောင် ပွိုင့် နည်းနည်းလေးဘဲ လိုတာပါ ဒါကို မှီအောင်
ဖြည့်ရမယ်ဆိုတာ ကစားသူတိုင်း သိပါတယ် ဒါပေမယ့် ဒီတစ်ပါတ် ကစားသူတွေက အတော်ကိုနည်းပါတယ်
အားလုံး ဆယ့်သုံးယောက်သာကစားပြီး ခြောက်ယောက်ကသာလျှင် ပွိုင့်အပြည့် မှီအောင် ကစားပေးပါတယ် ကျန်တဲ့ ဆရာတွေကတော့ ပွိုင့် တစ်ရာတောင် မပြည့်ချင်ပါဘူး တကယ်ဆိုရင်
ပွိုင့် လေးထောင် ရအောင် ကစားပေးမှ မိမိတာဝန်ကျေပါတယ် ဒါကို ကစားသူတိုင်း မသိတာလား
သိရဲ့သားနဲ့ မဖြည့်ပေးတာလား နောက်တစ်ချက် ဖြစ်နိုင်တာက သူတို့ အလုပ်များနေခဲ့တယ် ထင်ပါတယ်
ကလန်ဆိုတာကလည်း အများပြောသလို ဒိတ်အောက်တဲ့ ဂိမ်းတစ်ခု ဖြစ်နေခဲ့ပြီထင်ပါတယ်
ကိုယ်ကသာ အစွဲအလမ်းနဲ့ ဆက်ကစားနေပေမယ့် အများကတော့ အခြားဂိမ်းတွေကို ပြောင်းလဲ ကစား
နေပါပြီ ဒီအချိန်ထိ ကစားနေတဲ့ သူတွေကို ကလန်ဂိမ်း အပြည့်မကစားရကောင်းလားဆိုပြီး အပြစ်တော့
မပြောချင်တော့ပါဘူး
လူညီမှသာလျှင် ကလန်ဂိမ်းကစားရတာ အကျိုးအမြတ်များမှာဖြစ်ပါတယ် အများကြီး ညီစရာမလိုပါဘူး
ကစားသူ ဆယ့်သုံးယောက် ညီညွတ်ရင် ကလန်ဂိမ်းက လေဘယ် ဖူးပါတယ် သူပေးသမျှအခန်းအကုန်
ပွင့်ပါတယ်
နည်းနည်းတော့ အားစိုက်ရပါတယ် သူက ငါးရက်ကျော်လောက် ဆက်တိုက် ဖြည့်ကစားမှ ပွိုင့်တွေက
ပြည့်နိုင်တာပါ ကစားသူတိုင်းလည်း အကျိုးမဲ့တော့ မဖြစ်ပါဘူး ပွင့်တဲ့အခန်းတိုင်းရဲ့ အခွင့်အရေးအကုန်လုံးကို ကစားသူတွေ ညီတူညီမျှ လူတိုင်းရပါတယ် ဒါတွေရရင် ကိုယ့်ဘေ့စ်လေးကို
အပ်ဒိပ်တင်ရာမှာ များစွာ ခရီးတွင်စေပါတယ် အလုပ်ဖြစ်စေပါတယ် အပ်ဒိပ်တင်ရတာ ပိုပြီး မြန်စေပါတယ်
ဟိုတုန်းကသာ ဒီလို ကလန်ဂိမ်းတွေ ရှိခဲ့ရင် ခုလောက်ဆို အောမက်ဖြစ်နေလောက်ပါပြီ
ကိုယ်တိုင်ကလည်း အချိန်များစွာ မပေးနိုင်တော့တာကြောင့် ကစားသူတွေ ပျက်ကွက်လာတာကိုလည်း
ကိုယ်ချင်းစာပါတယ်
နောက်တစ်ပါတ် ကလန်ဂိမ်းကိုတော့ အမှတ်ပြည့် ရနိုင်အောင် ကစားသူတွေကို စည်းရုံးကြည့်ရပါဦးမယ် ကိုယ်လည်း တစ်ရက်ကို လေးပွဲလောက်ဘဲ ကစားနိုင်တာပါ။ အဲ့ဒီအချိန်လေးက ရသမျှနဲ့ ကလန်ကို လေဘယ် အပ်နေခဲ့တာ အခုဆို အတော် ခရီးရောက်နေပါပြီ
အပျင်းတော့ ပြေပါတယ်လေ ဂိမ်းကစားရတဲ့ ဖီလင်ကလည်း တစ်မျိုးပေါ့
အဲ့ဒီလိုဘဲ ဘာရေးရမှန်းမသိတဲ့နေ့ ရေးစရာမရှိတဲ့နေ့တော့ ကလန်ဂိမ်းအကြောင်းလေးဘဲ မျက်စောင်းထိုးရတာပါဘဲ။ ကိုယ်မှ မရေးဘဲနဲ့ မနေနိုင်တာ အမှန်တကယ်က မရေးလို့ မဖြစ်ဘူးမဟုတ်လား ရေးကို ရေးရပါလိမ့်မယ်။ ထိုင်နေလို့တော့ ဘာမှဖြစ်မလာပါဘူး ။
@bobokyaw

Sort:  

ကလန်၈ိမ်းကအရင်လို လူစုံမှ ဆော့လို့ကောင်းတာပါ

လူဟောင်းတွေ ပြန်ဆက်သွယ်ထားတယ် သူတို့
ပြန်ကစားရင် အိုကေပြီဘရားသားရေ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 63161.84
ETH 3061.57
USDT 1.00
SBD 3.97