မပြီးခင်မမြင်စေနဲ့

in #busy6 years ago

@bobokyaw.jpg

အခုအသစ်ပြုလုပ်လိုက်တဲ့ စတီးမစ်ရဲ့ အပ်ဒိတ်ကြီးက တကယ်တော့ ချစ်စရာကောင်းပါသည်
ဒီလိုဆိုပြန်တော့လည်း ခင်ဗျားတို့က အမျိုးမျိုး ပါလားလို့ ပြောပေလိမ့်မည် မတက်နိုင်ပါဘူးလေ
မြင်မြင်ချင်းတော့ နဲနဲမှကြည့်မရခဲ့တာသေချာပါသည် ကြာတော့လည်း အနေနီး အမြင်များ လက်ပွန်း
တတီးဖြစ်လာသောအခါ တဖြည်းဖြည်း ချစ်ခင်စိတ်များ ဖြစ်ပေါ်ပေါက်ဖွားလာရလေသတည်းလို့
ဆိုရလေတော့မည်။
ဟုတ်နေသည်ဘဲလေ အပ်ဒိတ်စထွက်ထွက်ချင်းတုန်းက ကိုယ့်မှာ ငိုရမလို ရှိုက်ရအခက် ဖြစ်ခဲ့ပါ
လေသည်။ တစ်ရာရာခိုင်နှုန်းနဲ့ ဘုတ်တာတောင် ငါးပြားလောက်သာ ရလေသည်။ တော်တော်ကို
စိတ်ပျက်သွားမိသည်။ ကိုယ်ထင်လိုက်တာက ဒီနှုန်းအတိုင်း အပ်ဒိတ်လုပ်လာသည်ပေါ့
ဒါဆိုရင်တော့ သေပြီလေ ဘယ်လိုလုပ်ပြီး ဆက်လို့ စခန်းသွားရလေမည်နည်း ရှေ့လျှောက် များစွာ
ခက်ခဲလေတော့မည် တစ်လနေလို့မှ တစ်ဆယ်စတင်းတောင် အဖက်တင်ပါ့မလား စသဖြင့် မကောင်းဖက်က အရင်လှည့်ပါတ်တွေးသည် အခက်အခဲကို ကြိုတွက်မိလို့နေခဲ့သည်။
ပါဝါကို အစကနေ ပြန်လည်စတင်တယ်ဆိုတာ ကိုယ်မှ မသိတာဘဲလေ ကိုယ့်ပါဝါကလည်း အမြဲတမ်း
ရှစ်ဆယ်အထက်မှာ ထိန်းထားလေတော့ အရင်လိုဘဲ ပါဝါပြည့်နေတယ် ထင်ခဲ့သည်
ဒါကြောင့် ကိုယ်က ဘုတ်လိုက်တိုင်း ငါးပြား ခြောက်ပြားဆိုတော့ မျက်နှာတောင် ဇီးရွက်လောက်ကျန်
လေတော့သည်။ ဟန်တောင် မဆောင်နိုင်တော့ပါ ။ထွက်ပြေးချင်စိတ်တောင် ပေါက်ခဲ့သည်။
အခုတော့ အပ်ဒိတ်ရဲ့ ကောင်းမွန်သောအချက်တွေ စတင်လို့ တွေ့ရပါလေပြီ
ဘယ်လိုတွေ ထူးခြားသနည်း အလွန်ကို ထူးခြားပါသည်။ အခုဆိုလျှင် တစ်ရက်ပြီးတစ်ရက် စတင်း
အထွက်နှုန်းက တိုးလို့လာနေသည်။ ဘယ်အထိတိုးလေမည်နည်းဟု အားရ၀မ်းသာ စောင့်ကြည့်နေ
မိပါလေသည်။ တိုးချင်သလောက်သာ တိုးပါ လုံးဝ ကွင်းစ လုံးဝ ကွင်းပိတ် စိတ်မဆိုးပါဘူးဗျာ
နောက်ထပ် အကြိုက်ဆုံးသောအချက်ကတော့ ရရှိပြီးသား စတင်းတွေက လျှော့ပါးမသွားခြင်းပါဘဲ
အတော်ကို အဆင်ပြေလေသည်။ ဈေးကျသွားလည်း လျှော့မသွားပါ ဈေးတက်လည်း လျှော့မသွားပါ
လျှော့မသွားသည့်အပြင် တိုးလို့တောင် လာနေတာတွေ့ရလေသည်။
ဟိုယခင်ကဆိုလျှင် ရှိစုမဲ့စုလေးတွေ မျက်စိမှိတ်ပြီး ဘုလေသမျှ ဈေးအကျတစ်လျှောက် လုံးပါးပါးလို့
ကုန်လေသည် ရှုံးလေသည်။ ယခု ဈေးမတက်ဘဲနေတာတောင် စတင်းတွေက ပွားလို့ များလို့ လာနေ
လေသည်။ ကောင်းလိုက်သည့် အပ်ဒိတ် ကြိုက်ပြီလေ
ဒါတောင် စတင်းဈေးက လည်တင်း ခံနေတုန်းပါ စတင်းဈေးပါ တက်လို့ကတော့ စတင်းတွေက များစွာ
ပွားလေတော့မည်။
အရင်ကတော့ အပ်ဒိတ်ကို အပြစ်မြင်ပြီး မချစ်ခင်ခဲ့လေသောကျွန်ပ် ယခုတော့ ဒင်းကို နှစ်သက်မြတ်နိုးလို့ အချစ်တွေ ပိုလို့နေရပါလေပြီ
ဒါကြောင့် လူကြီးတွေက ပြောတာပေါ့ ဟိုဟာ မပြီးခင် ဟိုသင်း မမြင်စေနဲ့လို့
ကဲ အပ်ဒိပ်ကြီးကတော့ အရှိန်အဟုန်ကောင်းစွာနဲ့ စတင်လည်ပါတ်လို့နေလေပြီ
အပ်ဒိတ်ကြီးရဲ့ နောက်က အပြောင်းအလဲကို အလိုက်သင့် အလျှားသင့် လိုက်ပါ ပြောင်းလဲကြရင်း
အခွင့်အရေး အကျိုးအမြတ် တစ်စုံတစ်ရာ ရရှိကြရလေအောင် မျက်စိကိုဖွင့် နားကိုစွင့်လို့ ဆက်လက်
ချီတက်ကြပါစို့ ဟု သတင်းစကား အားပေးစကား ပါးလိုက်ရပါလေသည်။
@bobokyaw

Sort:  

ဝေဖန်ရေးနဲ့ လေကန်ရေးသမားတွေက အဖျက်သမားတွေများပါတယ်

Coin Marketplace

STEEM 0.27
TRX 0.12
JST 0.032
BTC 56858.44
ETH 2919.14
USDT 1.00
SBD 3.60