နာမည်တူသောလူနှစ်ယောက်

in #busy6 years ago

@bobokyaw.jpg

ဒီနေ့တော့ ဟိုဘက်ရပ်ကွက်အကြောင်းလေး ပြောပါရစေ အားလုံးသိတဲ့အတိုင်း ဟိုဘက်ရပ်ကွက်မှာတော့
အုတ်အော်သောင်းနင်း ဖြစ်လို့နေပါတယ် ရပ်ကွက်လေးက အခုမှ စတင်စည်ကားတာဆိုတော့ အခြေအနေ
တွေကလည်း တည်ငြိမ်မှုတော့ မရှိလှသေးပါဘူး တစ်ဦးနဲ့တစ်ဦးကလည်း ခင်မင်ရင်းနှီးမူတွေ မရှိကြသေး
ဘူးပေါ့ တစ်ဦးအကဲကို တစ်ဦးစမ်းကြရင်း လေ့လာသုံးသပ်တုံးပေါ့။
အားလုံးရဲ့ ဘုံရည်မှန်းချက်ကတော့ ရိုးရှင်းပါတယ် သူတို့အားလုံး အဲ့ဒီရပ်ကွက်ကို ယုံကြည်တယ်ဆိုတာ
ပါဘဲ ယုံကြည်ခြင်းက မဟာအင်အားပါဘဲ အခုချိန်မှာ စေျးက ဘယ်ဆီနေမှန်းမသိသေးလည်း ပြသနာ
မဟုတ်တော့ပါဘူး နေရထိုင်ရတာ အဆင်ပြေချောမွေ့သည့်အတွက် အားလုံးက စိတ်ချမ်းသာပျော်ရွှင်လို့
နေကြပါတယ် အချို့လူငယ် ခြေတက် တက်ကြွလှုပ်ရှားသူတွေကတော့ အဖွဲ့အစည်း အသင်းတွေ ဖွဲစည်း
လို့နေပါပြီ
မြင်ရသလောက်ကတော့ အဲ့ဒီရပ်ကွက်မှာ မြန်မာတွေ မျက်နှာမငယ်ရပါဘူး။ မြန်မာတွေက ခြေမြန်လက်မြန်
ရှိလှပါတယ် အခွင့်အရေးတံခါးတွေကို ချိုးဖျက်ပြီး အကောင်းအမွန်ဆုံးသော မြေဆီသြဇာ ကောင်းမွန်သည့်
နယ်မြေများကို သိမ်းပိုက်လို့ ထားကြပြီးဖြစ်ပါတယ် ထိုလူငယ်လေးတွေရဲ့ စိတ်ဓါတ်နဲ့ ရပ်တည်ချက် ခံယူချက် စိတ်သဘောထားတို့ကိုတော့ ကြိတ်ပြီး လေးစားနေမိပါတယ် သူတို့ရဲ့ လှုပ်ရှားမှုလေးတွေက
ရိုးရှင်းပါတယ်။ တစ်ချိန်မှာတော့ တောင့်တင်းခိုင်မာသည် မြန်မာတွေရဲ့ ပိုင်ဆိုင်မှုကို ထိုလူငယ်အုပ်စုထံမှာ တွေ့မြင်ကြရပါလိမ့်မယ်
နောက်ထပ်တစ်ခုကတော့ ထူးခြားပါတယ် ဒီဘက် စတီးမစ်က ကယ်တင်ရှင် ကျေးဇူးရှင် အားလုံးရဲ့
ချစ်ခင်လေးစားမှုကို အရယူထားတဲ့ ဂွတ်ကာမာရ ကြီးအကြောင်းပါ
အခြေအနေကတော့ သေချာမှုတော့မရှိပါဘူး စောင့်ကြည့်နေဆဲကာလပါဘဲ
သူ့ကိုယ်သူကတော့ စတီးမစ်က ဂွတ်ကာမရ လို့ ပြောနေပါတယ်
ဖြစ်ပုံက ဒီလိုပါ။ ဂွတ်ကာမရ အမည်နဲ့ လူတစ်ယောက်က အဲ့ဒီရပ်ကွက်မှာ အကောင့်လျှောက်ပြီး ဘောနပ်ကိုလည်း ထုတ်ယူသွားခဲ့ပါပြီ အကောင့်တွေရဲ့ ထုံးစံက နာမည်တူမရှိစေရဆိုတော့ နောက်ကရောက်လာတဲ့ အစစ်အမှန်ပါလို့ဆိုတဲ့ ဂွတ်ကာမရ ကြီးက ဒေါသူပုန်ထပြီး ရှေ့က သူ့နာမည်နဲ့
အကောင့်လျှောက်သွားတဲ့ ဂွတ်ကာမာရ ကို ပြသနာ ရှာလို့နေပါတယ်။ အဲ့ဒိရပ်ကွက်က တာဝန်ရှိသူ
အက်ဒမင်တွေကလည်း နောက်မှရောက်လာတဲ့ ဂွတ်ကာမရကို သင်သာ ဂွတ်ကာမရ အစစ်အမှန်ဖြစ်
ခဲ့မယ်ဆိုရင် ယခုအခြေအနေကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးပါမယ်လို့ ပြေတာလည်း တွေ့ရပါတယ်။
အဲ့ဒါလေးကြည့်ပြီး တကယ်လို့ သင်လည်း ဟိုဘက်ရပ်ကွက်မှာ နေရာတစ်ခု မယူရသေးဘူးဆိုရင်တော့
သင့်နာမည်နဲ့ လူတစ်ယောက်က နေရာယူသွားနိုင်ပါတယ် အဲ့သလိုမဖြစ်စေချင်ရင်တော့ သင်ကိုယ်တိုင်
အဲ့ဒီရပ်ကွက်မှာ နေရာတစ်ခု အမြန်သွားယူထားပါလို့တော့ အကြံပြုလိုပါတယ်။ နောင်တစ်ချိန် ဟိုဘက်ကနာမည်နဲ့ ဒီဘက်ကနာမည်က တစ်ယောက်တည်းလို့ ထင်စရာတွေ ရှိလာနိုင်တယ်လို့ မြင်ပါတယ် အခုလောလောဆယ်တော့ ဂွတ်ကာမရ နှစ်ယောက် နာမည် ပြသနာတက်နေပါတယ်။
@bobokyaw

Sort:  

အဲ့လို ဖစ်မှာစိုးလို့ စောကြီးကတည်းက လုပ်ထားတယ်လေဗျာ

ဂွတ်ကာမရ ကိစ္စတွေ တို့သိဘူး ဗိုလ်ဗိုလ်စာဖတ်မှ
သိရသဟေ့

Congratulations @bobokyaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63877.55
ETH 3143.56
USDT 1.00
SBD 3.97