စိတ်ကူးပျော်ရာ

in #busy6 years ago

@bobokyaw.jpg

ထိန်းချုပ်ရမှုတွေ စောင့်စည်းရမှုတွေ စည်းကမ်းတွေ ကလနားတွေ ဘောင်တွေ ၀န်းတွေနဲ့
လူ့လောကသည် တကယ်ကို အနေကျဉ်းကျပ်လွန်းလှသည်ဟု တစ်ခါတစ်ရံတွေးမိပါလေသည်။
မိမိစိတ်နဲ့ မိမိကိုယ် နေရသည့်အချိန် ဟူသည်ကာ သေချာတွေးကြည့်ရမည်ဆိုလျှင် မရှိသလောက်
ရှားပါးပေလိမ့်မည်။ ဟိုလူ့ မျက်နှာ ကြည့်ရ ဒီလူ့မျက်နှာကြည့်ရ ဟိုစည်းကမ်း ထိန်းရ ဒီစည်းကမ်း
စောင့်စည်းရ အထိန်းအကွပ်တွေက များလွန်းလှပေသည်။ လူ့ဘောင် လူ့ရွာမှာ နေသမျှတော့
ထိုထိုသော စည်းကမ်းများအား အနည်းနှင့်အများတော့ လိုက်နာရပေသည်။
စိတ်တို့သည် ထိန်းချုပ်မှုအောက်တွင် ဘောင်ကျဉ်းစွာ နေရပါလေသည်။ သေချာပြန်တွေးကြည့်လေ
လွတ်လပ်မှုက နည်းပါးလေပါဘဲ အချို့သော လိုက်နာဖွယ်ရာများထဲမှ အပြစ်နည်းသော အများလက်ခံ
သော သို့တည်းမဟုတ် ကိုယ်နဲ့မကိုက်ညီသော ကိုယ့်အတွက် ခက်ခဲလေသော စည်းကမ်းများအား
သိလျှက်နှင့်ဖေါက်ဖျက်ကြရပါလေသည်။
အများအားဖြင့်တော့ စည်းကမ်းတို့အား လိုက်နာနေမိသည်သာဖြစ်တက်လေသည်။ ထိုအခါ စိတ်တို့သည်
မွန်းကြပ်ခြင်း တည်းဟူသော လှောင်အိမ်အတွင်းဝယ် ပိတ်မိနေလေတော့သည်။
အချိန်ကာလ ကြာရှည်လာသောအခါ ထို မွန်းကြပ်မှုတို့သည် စုပြုံလို့ ထွက်လာတက်လေသည်။
ထိုသို့ စုပြုံထွက်လာခြင်းကို ဒေါသအိုး ပေါက်ကွဲလေသည် ဟုလည်း ဆိုကြပြန်သည်။
ထိုသို့ မဖြစ်ရလေအောင် စိတ်မွန်းကျပ်မှုများ တစ်နည်းအားဖြင့် စိတ်ဖိစီးမှုများကို သူ့နည်း ကိုယ့်နည်း
နည်းလမ်းပေါင်းစုံဖြင့် ကိုယ်နဲ့ကိုက်ညီရာ တစ်ခုခုကို အသုံးပြုလျှက် စိတ်အပန်းဖြေခြင်း စိတ်အနား
ပေးခြင်း စိတ်ကို လွှတ်ပေးခြင်း တို့ဖြင့် စိတ်ဖိစီးမှုများ စိတ်တင်းကျပ်မှုများကို ဖြေလျှော့ကြရပါလေသည်။
ကျွန်န်ပ်သည်လည်း လူသားများထဲက လူသားတစ်ဦးဖြစ်သည့်အလျှောက် စိတ်မွန်းကျပ်မှုများ
စိတ်ဖိစီးမှုများနှင့် ကင်းလွတ်လို့ကား မနေနိုင်ခဲ့ပါလေ။ ထိုသို့သော စိတ်ဖိစီးမှုများ စိတ်မွန်းကြပ်မှုများ
ကြုံလေသောအခါ သက်သာရာသက်သာကြောင်း စိတ်တို့အား အနားပေးရလေတော့သည်။
စိတ်အပန်းဖြေစေခြင်းငှာ မိမိ ၀ါသနာပါရာ စိတ်ပါရာ စိတ်သန်ရာ မိမိနှင့်သဟဇာတ ဖြစ်သည့် အရာ
တို့အား လုပ်ဆောင်ကြရကုန် သည် မဟုတ်ပါလော
ထိုသို့ ဖြစ်လေသည့်အခါတိုင်း မိမိသည် ဂိမ်းကစားတက်ပါသည်။ ရယ်စရာပြောနေသည်ဟု ထင်လေမည် အမှန်တကယ်ပင် မိမိသည် စိတ်မွန်းကျပ်မှုများအား ဂိမ်းကစာခြင်းဖြင့် ဖြေဖျောက်တက်ပါလေသည်။ စိတ်တို့အား ဂိမ်းအတွင်းဝယ် ထွက်ပေါက်ပေးရပါလေသည်။
အပြင်မှာ ထွက်ပေါက်ပေးမိလျှင်ကား ဂျေးထဲ ရောက်သွားနိုင်ပါသည်။ ခေါင်းနဲ့ကိုယ် အိုးစားကွဲသွား
နိုင်ပါသည်။ တစ်ယောက်ယောက်ကို ဒေါသထွက်လေလျှင် ဒေါသတို့အား ချုပ်တည်းမထားပါဘူး
ဒေါသတွေက ချုပ်တည်းထားတဲ့အခါ သည်းခံတက်လိုက်တာလို့ ထင်စရာရှိသော်လည်း ထိုသို့ အလိုမကျသော ဒေါသ မထွက်လိုက်ရသော ဒေါသတို့သည်။ မိမိရဲ့ ချစ်ခင်သူများအပေါ်တွင် တစ်ချိန်ချိန်မှာ စုပေါင်းလို့ ထွက်သွားတက်ပါလေသည်။ ထိုသဘောသည် အနည်းငယ်တော့ရှုပ်ထွေးပါသည်။ သို့သော် ဖြစ်စဉ်သည် ထိုအတိုင်းသာဖြစ်သည်။
ထို့ကြောင့် မိမိသည် ဒေါသထွက် စရာရျိလျှင် ရာနှုန်းပြည့် ဒေါသထွက်လိုက်ပါသည်။ သက်ချင်ဖြတ်ချင်
ရိုက်ချင် ခွဲချင်စိတ် ရှိလျှင်လည်း ရာနှုန်းပြည့်လုပ်ဆောင်ပြစ်လိုက်ပါသည်။ တုန့်ပြန်ပြစ်လိုက်ပါသည်။
အပြင်မျာတော့ မဟုတ်ပါလေ ဂိမ်းတွေထဲမှာ မိမိရဲ့ မျိုသိမ့်ထားသော စိတ်တို့အား လွှတ်ပေးလိုက်ပါလေသည်။ အင်မတန် ကောင်းမွန်သော စိတ်ထွက်ပေါက်ပေးခြင်းသာတည်း
အကုန်အကျသက်သာပြီး ပြသနာကင်းပါလေသည်။ နည်းလမ်းကောင်းဟု မဆိုသာသော်လည်း
မိမိအတွက်တော့ အင်မတန် အဖိုးတန်သော အသုံးဝင်သော နည်းဖြစ်လို့နေခဲ့ပါလေသည်။
အရာရာ မြိုသိပ်မထားပါနဲ့ ဟန်မဆောင်ပါနဲ့ မချုပ်တည်းပါနဲ့ အဲ့ဒါတွေက မိမိရဲ့ ချစ်ခင်ရသူအနားမှာရှီသောမိမိ တန်ဖိုးထားရသူများအပေါ် တစ်နည်းနည်းဖြင့် ကျရောက်တက်ပါလေသည်။ စိတ်တွေကို လွှတ်ပေးလိုက်ပါလေ။
@bobokyaw

Sort:  

နဲနဲတော့ ပွင့်ထွက်လာသလိုဘဲ ထိန်းထားထိန်းထား

ထိန်းလိုက် လွှတ်လိုက်နဲ့ လုပ်နေတာပါဘဲ

Congratulations @bobokyaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Presentamos el Ranking de SteemitBoard
Introducing SteemitBoard Ranking

Support SteemitBoard's project! Vote for its witness and get one more award!

ကျေးဇူးတင်ပါသည်

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64344.02
ETH 3142.36
USDT 1.00
SBD 4.01