တစ်ခါပြန်ရဦးမလား

in #busy6 years ago

@bobokyaw.jpg

တစ်နေ့ပြီးတစ်နေ့နဲ့ အချိန်တွေက တရွေ့ရွေ့ ကုန်ဆုံးလို့လာနေခဲ့ပါပြီ မျှော်လင့်နေသောထိုနေ့သည်ကား
မဝေးတော့သော ရှေ့ အနာဂါတ်လေးဆီဝယ် စောင့်လို့ကြိုနှင့်နေပြီ
အရာရာ ပြင်ဆင်မထားခဲ့မိသော်လည်း အချိန်နီးကပ်လာသည်နှင့်အမျှ ကိုယ့်လိပ်ပြာကိုယ်မလုံမလဲနဲ့
အားငယ်သော မျက်ဝန်းတစ်စုံထဲ တောက်ပနေတဲ့ မျှော်လင့်ချက် တို့ ပြည့်နှက်လို့နေခဲ့သည်ကိုတော့
သတိထားမိပါသည်။
တစ်ရာ ရာခိုင်နှုန်း ကောင်းမွန်သော ပြည့်ဝသော တပ်မက်ခြင်းလောဘတွေအတွက်တော့
အနာအဆာတို့သည် အကျည်းတန်သော မြင်ကွင်းတွေအလား စိတ်မချမ်းမြေ့ဖွယ်ကောင်းနေဦးမည်
ငါတို့အတွက် နို့တစ်အိုးမလိုအပ်ပါဘူး နို့သောက်ခွင့်ရဘို့သာ လိုအပ်ပါလိမ့်မယ်
နည်းခြင်းများခြင်းဆိုတာ အတိုင်းအတာပမာဏပါ ပြည့်ဝတဲ့ ပျော်ရွှင်ကြည်နူးအားရမှုဆိုတာကလဲ
ခံစားမှုသက်သက်ရယ်ပါဘဲ
တင်းတိမ်ရောင့်ရဲခြင်းဆိုတာကတော့ ချို့တဲ့သူတွေအတွက် လွတ်လပ်ခွင့်ပါဘဲ
အချိုးအစားပမာဏဆိုတာကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုက်ညီမယ့် သက်မှတ်ချက်တွေဘဲပေါ့
အဆုံးမဲ့သောမျှော်လင့်ချက်တွေအတွက် ကျေနပ်နှစ်သိမ့်ခြင်း အနားကွပ်လေးတွေတော့ ဘောင်ခက်လို့ပေးရပါလိမ့်ဦးမယ်
မနက်ဖန်ဆိုတာ ရှိနေသရွေ့တော့ အိပ်မက်ဟောင်းတွေကို ဆက်လို့ ဖက်တွယ်ထားခွင့်လည်းရှိရဦးမှာ
ဘဲပေါ့
ဟိုဘက်အရပ်သို့ အလည်လွန်လေမိသောအခါ ကိုယ့်အတွက် စိတ်ကူးအသစ်တွေက မွေးဖွားလာရ
ပြန်သေးတယ်။ စိတ်ကူးအသစ်တွေက အမြင်သစ်တွေကိုလည်းသင်ပြပေးတယ် နဂိုမူလ အစွဲတွေကို
လည်း လွှတ်ချစေနိုင်ခဲ့တယ်။ အသိဟောင်းတွေကို အသစ်နဲ့ သဟဇာတဖြစ်အောင် ရောယှက်စေပြန်တယ် ကိုယ်ကျင်လည်ရာ အ၀န်းအ၀ိုင်းလေးထဲမှာ လှောင်ပိတ်မိနေခဲ့တဲ့အချိန်တွေကို
အလန့်တကြားတွေ့ရှိစေပြန်တယ်။
နားလည်မှုဆိုတဲ့ စကားလုံးအလှတရားအောက်မှာ ပျောက်ဆုံးသွားတဲ့ ကိုယ်ချင်းစာတရားတွေကို
စမ်းတ၀ါးဝါး ပြန်လည်ရှာဖွေရင်း ငါ့အသက်ကလည်း တဖြည်းဖြည်းနဲ့ ကြီးရင့်လို့တောင် လာခဲ့ပြီဘဲ။
အသိနဲ့သတိကတော့ အတိတ်ကာလတွေဆီ အလည်လွန်နေတုန်းဘဲပေါ့
@bobokyaw

Sort:  

This post has been upvoted for free by @minibot with 5%!
Get better upvotes by bidding on me.
More profits? 100% Payout! Delegate some SteemPower to @minibot: 1 SP, 5 SP, 10 SP, custom amount
You like to bet and win 20x your bid? Have a look at @gtw and this description!

Thanks you minibot.

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 63134.74
ETH 3052.94
USDT 1.00
SBD 3.81